၅နှစ်ကြာပြီးနောက်
ကြယ်တာရာပြက္ခဒိန်အသစ် ၂၇၅ ခုနှစ်၊ အဌမမြောက် နဂါးငွေ့တန်း၊ ပေကျင်း-βဂြိုလ်။
နဂါးငွေ့တန်း တစ်ခုချင်းစီတွင် ဒါဇင်နှင့်ချီသည့် "ပေကျင်းဂြိုလ်" "လန်ဒန်ဂြိုလ်" သို့မဟုတ် "ဇင်ဘာဘွေဂြိုလ်"များ ရှိသည့်အလျောက် "ပေကျင်း-β"ဆိုသော နာမည်မှာ ဒိတ်အောက်နေနှင့်ပြီ ဖြစ်သည်။ ဤနာမည်ပေးပုံမှာ ရှေးကမ္ဘာမြေခေတ်၌ တရုတ်ပြည်တွင် နိုင်ငံရှိ မြို့အတော်များများတွင်"ပေကျင်းလမ်း" ၊ "နန်ကျင်းလမ်း"တို့ ရှိပုံနှင့် အလားသဏ္ဍာန် တူပေသည်။
ဤနာမည်ကြောင့်လည်း ပေကျင်း-βဂြိုလ်သည် အမှန်ပင် အရှေ့တိုင်းဆန် နေခြင်း ဖြစ်နိုင်သည်။ ဂြိုလ်အတွင်း နေထိုင်သူ အနည်းနဲ့အများသည်လည်း ရှေးခေတ် တရုတ်သွေးနှောသူများဖြစ်ကြ၏။ သေချာသည့် အချက်မှာ အဌမမြောက် နဂါးငွေ့တန်းကဲ့သို့ ဒေသတွင် ရှေးခေတ် နဂါးသွေးရှိနေလျှင်တောင်မှ ကောင်းကောင်း နေချင်၍ မရပေ။
ပြောစကားများအရဆိုလျှင် အခြားနဂါးငွေ့တန်းများရှိ အဓိကကျသော သတင်းတိုက်များ၏ နေ့စဉ်ခေါင်းစီးသတင်း၁၀ခုတွင် ၁ခုသည် သေချာပေါက် အဠမမြောက် နဂါးငွေ့တန်းရှိ ဆိုးဝါးဘဝ နေထိုင်မှုများအကြောင်း ဖြစ်သည်ဟု ဆိုကြသည်။
သူတို့သည် ထိုနေရာအတွက် နာမည်ပြောင် "ဖုန်းဆိုးဒေသ"ဟု ပေးကြပြန်သေး၏။
Interstellar မဟာမိတ်သည် နဂါးငွေ့တန်း၈ခုဖြင့် ဖွဲ့စည်းထားပြီး မြို့တော်ဂြိုလ် WoTuoတည်ရှိသည့် ပထမ နဂါးငွေ့တန်းသည် ပိရမစ်၏ ထိပ်ဆုံးတွင် ရှိမည်မှာ မြေကြီးလတ်ခတ်မလွဲ။ အချိုးကျစွာဖြင့် WoTuoနှင့် ဝေးလေလေ တိုးတက်မှုမှာလည်း လျော့လေလေဖြစ်ရာ —— အဌမမြောက် နဂါးငွေ့တန်းသည် နဂိုကတည်းက ပိရမစ်အောက်ခြေရှိ ရေဆိုးမြောင်းကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သည်။
အဌမမြောက် နဂါးငွေ့တန်း "ဖုန်းဆိုးမြေ" ဖြစ်ရခြင်းသည် နဂို အကြောင်းပြချက် ဖြစ်သည့် သယံဇာတရှားပါးခြင်း၊ လမ်းခရီး မတွင်ကျယ် ၊ သွားလာရ ခက်ခဲခြင်းတို့ အပြင် တစ်ဖက်တွင်မူ သမိုင်းကြောင်း အကြောင်းပြချက်လည်း ရှိနေပြန်သည်။ ဤအကြောင်းကို အစက ရှင်းပြရမည် ဆိုပါက ရှည်လျားလှပေ၏။
လွန်ခဲ့သောနှစ်၂၀၀၊ ရှေးကြယ်တာရာခေတ်ဟောင်းကတည်းက မဟာမိတ်နှင့် Intersteller ပင်လယ်ဓားပြများသည် အဆက်မပြတ် တိုက်ခိုက်ကြသည်။ ပင်လယ်ဓားပြ အဖွဲ့ဝင်များသည် မျက်လုံးတစ်လုံး tennisဘောလုံးတစ်လုံးမျှ ရှိသော ETများ မဟုတ်သည့် ရှေးကမ္ဘာမြေ လူသားများ၏ နောင်လာနောင်သားများ ဖြစ်ကြသည်။ သူတို့အဖွဲ့၏နာမည်သည်လည်း မူလက "Intersteller ပင်လယ်ဓားပြ"ဟူသော တစ်ခါနားထောင်ရုံနှင့် ဗီလိန်မှန်း သိသာသည့် နာမည်အစုတ် မဟုတ်ပေ။ ထို့အပြင် ထိုသူတို့သည် တစ်နယ်တည်းတွင်သာ အင်အားစုတစ်စုတည်း ရှိသည် မဟုတ်။ မဟာမိတ်အစိုးရမှ စကြဝဠာ၏ နေရာအတော်များများကို သိမ်းပိုက် အုပ်ချုပ်နိုင်သည့် အခါမှသာ မဟာမိတ်၏ အုပ်ချုပ်မှုကို ဆန့်ကျင်သည့် အဖွဲ့များအားလုံးအား "Interstellar ပင်လယ်ဓားပြ"ဟု သိမ်းကြုံး ခေါ်ဆိုခြင်း ဖြစ်သည်။
အဌမမြောက် နဂါးငွေ့တန်းသည် "သင်းကွဲငှက်"ဖြစ်ကာ အချင်းချင်း နီးကပ်နေသော အခြားနဂါးငွေ့တန်း ၇ခုနှင့် ယှဉ်ကြည့်ပါက သနားစဖွယ်၊ အထီးကျန်ကျွန်းငယ်နှင့် တူလေသည်။ ထိုနှစ်များက အင်အားကြီးမားလှသည့် မဟာမိတ် အစိုးရကို အဝေးမှ တော်လှန်၍ အစိုးရပိုင် နယ်မြေများအား နည်းနည်းချင်းစီ ရယူရန် အဌမမြောက် နဂါးငွေ့တန်းတွင် အစိုးရ ဆန့်ကျင့်ရေး အဖွဲ့များက ခြေကုပ်ယူကြသည်။ ကြယ်တာယာခေတ်သစ် အစပိုင်းတွင် အဌမမြောက် နဂါးငွေ့တန်းကို Interstellar ပင်လယ်ဓားပြများက ရာစုနှစ်တစ်ခုကြာ အုပ်ချုပ်ခဲ့သည်။ ကြယ်တာရာနှစ် 136ရောက်သည့် အခါမှသာ ထိုကာလ၏ Interstellarမဟာမိတ် ဗိုလ်ချုပ် လုရှင့်မှ ပြန်လည်သိမ်းယူကာ အခြား နဂါးငွေ့တန်း၇ခုနှင့် ပြန်လည်ဆက်သွယ်နိုင်ခြင်း ဖြစ်သည်။
ESTÁS LEYENDO
残次品-Can Ci Pin (Defective) Myanmar Translation Unicode
Ciencia FicciónNovel-Can Ci Pin(Defections) Author-Priest I will be translating this from Chinese to Burmese