Unicode
T တစ်ယောက်စာမေးပွဲဖြေရမည်ကိုစာမလုပ်ပဲ အိန္ဒိယ ဇာတ်လမ်းဖြစ်သော "Happy New Year" ကိုသာအထပ်ထပ်အခါခါ ပြန်ကြည့်နေသည်။ ဖြေရမည့်စာမေးပွဲမှာ အစမ်းမဟုတ်။ ၁၀တန်းစာမေးပွဲကိုအဖက်မလုပ်ပဲ ဇာတ်ကားကြည့်နေသည့်သူမမှာ စာအလွန်တော်နေသည့်ကျောင်းသူတစ်ဦးလည်းမဟုတ်။
ဖြေရမည့်ပထမဆုံးဘာသာဖြစ်သည့် မြန်မာစာမှာ မေးခွန်းတွေဟာခက်မနေသလို လွယ်လည်းလွယ်ကူမနေခဲ့ပါ။ T ကတော့ဖြေချင်သလိုဖြေခဲ့ပါသည်။ အောင်မှတ်ရခဲ့လားဆိုတာတော့ သူမကိုယ်တိုင်တောင်မသိပါ။
ဒုတိယနေ့ဖြစ်သည့် အဂ်လိပ် ဘာသာကတော့ လွယ်ကူနေရင်တောင်မှ သူမအနေဖြင့်ဘာမှမသိပါ။ ကြားဖူးနားဝရှိသော စာလုံးအချို့က်ိုသာ ချရေးပြီးတောင်ကြည့်မြောက်ကြည့်ဖြင့်သာပြီးဆုံးသွားပြန်သည်။
အိမ်ပြန်ရောက်တော့ သချာ်ဘာသာကိုမကျင့်ပဲ Facebookကြည့်ကာ Newsfeed ပွတ်နေပြန်သည်။ wallတစ်ခုလုံးကတော့ ၁၀တန်းစာမေးပွဲအကြောင်းသာဖြစ်သည်။
စီနီယာအစ်ကိုများ အစ်မများကတော့ ဖြေနိုင်လားဆိုသည့်Stsပေါင်းစုံနှင့် သချာ်မေးခွန်းလွယ်ပါစေဆိုတဲ့ ဆုတောင်းပေးနေတဲ့ stsပေါင်းများစွာကပလူပျံလျက်ရှိသည်။
Stsများစွာထဲမှာ postတစ်ခုကို T သတိပြုမိလိုက်သည်။ postကတော့ လွယ်ကူရိုးရှင်းတဲ့စာသုံးကြောင်းသာတင်ထားသည်။
'ဒီနေအဂ်လိပ်ကလွယ်တယ်လို့ပြောရမယ် မနက်ဖြန်ဖြေရမဲ့သချာ်က အဂ်လိပ်မေးခွန်းအတိုင်ဆို သေချာပေါက်ဖြေနိုင်တယ်'
ဟွန့်! ! T နှာခေါင်းရှုံမိသည်။ အလကားလေကြီးနေတဲ့ဟာတွေ!!
တကယ်ကအဂ်လိပ်စာဟာလွယ်ခဲ့ပါသည်။ Tတစ်ယောက်အတွက်ကလွဲလို့ပေါ့။
စာမေးပွဲတွေအကုန်ပြီးသွားလို့နွေရာသီကျောင်းပိတ်ရက်ရောက်ခဲ့သည်။ ကျောင်းသူကျောင်းသားများရဲ့ နားချိန်ရာသီဆိုလည်းမမှားခဲ့ပါ။
အရင်နေ့တွေလိုပင် T FBသုံးနေစဥ် stsတစ်ခုကိုသတိပြုမိလိုက်သည်။
ထိုstsကတော့ accထဲကတစ်ယောက်shrထားခြင်းသာ....
အကြောင်းအရာကတော့...
YOU ARE READING
နောင်၆နှစ်ကြာလျှင်....(Completed)
Historia CortaUnicode ဤဇာတ်လမ်းသည် ကောင်မလေးနှစ်ယောက်၏ အတိတ်ပုံပြင်သက်သက်သာ....🍁 Zawgyi ဤဇာတ်လမ်းသည် ကောင်မလေးနှစ်ယောက်၏ အတိတ်ပုံပြင်သက်သက်သာ....🍁