Unicode
'ဖူး'
ဆောနူ ဖယောင်းတိုင်မှုတ်ပြီးသည်နှင့် ချက်ချင်း
ဦးငယ်ကို ကြည့်လိုက်သည်။
'ဒီနှစ်ရော ဦးငယ် သားကို ဘာပေးမှာလဲ'ဦးငယ်က နှစ်တိုင်း အကောင်းဆုံးလက်ဆောင်တွေကို ပေးတတ်သည်မို့
မာမီတို့ဆီကလက်ဆောင်ထက် ဦးငယ်လက်ဆောင်ကိုသာ သူပိုစိတ်ဝင်စားသည်လေ။သူမေးလိုက်တော့ ဦးငယ်က ခပ်ပြုံးပြုံးဖြင့်
'ဒီနှစ်လက်ဆောင်ကိုတော့ သားအရမ်းကြိုက်မှာ
ဦးငယ်သိတယ်' ပြောရင်း ဘေးက သူ့မိန်းမလက်ကို
ခပ်ဖွဖွဆုပ်ကိုင်ရင်း နမ်းရှိုက်လိုက်သည့် ဦးငယ်။နောက်သူ့ဆီကို အကြည့်ပြန်လည်ပြီး
'ဒီနှစ်တော့ ဦးငယ်နဲ့ အန်တီက သားအတွက် ညီလေးပေးမှာ ဆောနူ''ဟင်'
သူအပါအဝင် မာမီတို့အားလုံးပါ အံ့သြသွားရသည်။ကျယ်ကျယ်လောင်လောင်ဂုဏ်ပြုသံတွေက မကြားတချက် ကြားတချက်။ဦးငယ်က သူ့ရဲ့ပျော်ပျော်ရွှင်ရွှင် တုံ့ပြန်မှုကို
စောင့်နေတာ သိပေမယ့် ဆောနူမပြုံးပြနိုင်။
ဒါဆို ဦးငယ်က သူ့သားကိုပဲ ပိုချစ်တော့မှာမလားမာမီက သူ့မောင်အရင်းဖြစ်လျက်နဲ့ သူ့ကို
စောစောမပြောရလားဆိုပြီး ဦးငယ်ကို စကားနာထိုးနေတဲ့ မြင်ကွင်းကလည်း မှုန်ဝါးဝါး။'ကြည့်ပါအုံး ဦးငယ်ရဲ့ ပူတူးလေးကတောင်
14နှစ်ပြည့်သွားပြီပဲ၊နောက်လူပျိုပေါက်လေး ဖြစ်လာရင် ဦးငယ်နဲ့ ခဏခဏရန်တွေဖြစ်
လက်သီးတွေထိုးရတော့မှာပေါ့'သူ့အရှေ့တည့်တည့်မှာ ခါးညွှတ်ပြီး ပုခုံးနှစ်ဖက်ကို ဖျစ်ညစ်ကာ ခပ်ပြုံးပြုံးပြောလာတဲ့ ဦးငယ်။
'ဦးငယ်ရဲ့ ဒီနှစ်လက်ဆောင်ကြီးကို သဘောမကျပါဘူး'
'ဟားဟား ဘာလို့လဲ ပူတူးရယ်
ပူတူးပဲ တစ်ချိန်လုံး ညီလေး လိုချင်တယ်ပြောနေတာမဟုတ်ဘူးလား'
'လိုချင်တယ် ပြောတိုင်း ပေးရလားလို့ ဦးငယ်က
ပြီးတော့ ညီလေးကို ဦးငယ်ဆီက လိုချင်တာ
မဟုတ်ဘူး၊ကြည့်နေ ဦးငယ်က သားကို သိပ်ပြီး
ချစ်တော့မှာ မဟုတ်ဘူး အဲ့ကလေးကြောင့်'