Unicode
'What's up!!my brother!!!'
ကားပေါ်ကမဆင်းခင်ကို အသံက ခုနှစ်အိမ်ကြားအော်နေသည့် Jakeကို သူပြေးပါးစပ်ပိတ်လိုက်သည်။'ဘယ်လိုဖြစ်နေတာလဲ
ဒီဘက်က ဒီလိူဆူညံဆူညံတွေ လုပ်တာမကြိုက်ဘူးမှန်း ငါမှာထားရက်သားနဲ့''What?!!
you can't just do like this to me
I have fully rights to...to... အု'ပတ်ဂျုံဆောင်းတစ်ခါတည်း luggage ရော လူရောကို ဂုတ်ကနေဆွဲပြီးသာ အိမ်ထဲ ခေါ်လာလိုက်သည်။
Jakeက အမြဲတမ်း ဒီလို အော်ကျယ်အော်ကျယ်လုပ်တတ်ပေမယ့် တကယ်တမ်းကျ သူ့ကို ခင်ရှာသည်။
ဖတဆိုးလေးမို့ အမေက အလိုလိုက်ရာကနေ
အခုထိ လည်း အမွေတွေထိုင်သုံးနေသည်ကလွဲ
ဘာမှမလုပ်တတ်ပေမယ့် သူအကူအညီလိုသည်ပြောသည်နှင့် ချက်ချင်းရောက်လာတတ်မြဲ။အခုလည်း ဆောနူနဲ့ နေရမှာကို စိတ်ထဲခံစားရမကောင်း၍ ဘာဖြစ်ဖြစ်အကူညီရအောင်ဆိုပြီး
ခေါ်ရမှ ချက်ချင်းရောက်လာခဲ့ခြင်းဖြစ်သည်။ဒီကြောက်သလိုလို ခံစားချက်က ဘာလဲတော့ မသိပေမယ့် ကိုယ့်တူအရင်းကိုယ် ကြောက်နေသည်က တော်တော်ယုတ္တိမရှိသည်မို့
သူဒီတိုင်းပဲ ခေါင်းထဲက ထုတ်ပစ်လိုက်သည်။အတိတ်က ကိစ္စတွေကြောင့် ဒီကလေးနဲ့ မျက်နှာချင်းဆိုင်ရခက်နေတာပဲနေမှာပါ။
_____________________________________
'ဦးငယ်...'
'အင်း'
'dimensions တွေကြောင်း ပြောပြလို့ရမလား'
'မရဘူး'
ပြန်တိတ်ဆိတ်သွားသည့်လေထု။
'ဦးငယ်....'
'air-conditionerကို နည်းနည်း ပိုအေးပေးပါလား'
'အလယ်က စာအုပ်စင်ညာဘက်ထောင့်မှာ
remoteရှိတယ်''...............'
'ဦးငယ် ...'
'အင်း'
'ခြင်ကိုက်လို့...'
'ဒီ အိမ်မှာ ခြင်ဘယ်တုန်းက တွေ့ဖူးလို့လဲ
စာကိုသေချာလုပ်၊မဟုတ်တာတွေ လျှောက်ပြောမနေနဲ့''တကယ်ပါဆို
အခုတောင်ကိုက်နေပြီ ခြေသလုံးမှာ
တော်ကြာ ကျွန်တော် သွေးလွန်တုပ်ကွေးတို့
ဆင်ခြေထောက်ရောဂါတို့ ဖြစ်သွားမှ ဦးငယ်..'