3

607 89 12
                                    

Unicode

'အဆင်ပြေတယ်မလား ဒီအခန်း
အင်္ကျီ နည်းနည်းပါးပါးလဲ ယူထားတယ်မလား
လိုမှ အိမ်ပြန်ယူ ဟုတ်ပြီလား'

ပြောပြီးသည်နှင့် မျက်နှာချင်းဆိုင် အခန်းထဲသို့
တန်းဝင်သွားသည့်  လူကြီးအား
သူလက်သီးဆုပ်ကာ ရွယ်လိုက်သည်။

'အကျင့်မကောင်းချက်ကတော့ သူ့အမအတိုင်းပဲ
သူကျ အခန်းကျယ်ပြီး ငါ့အခန်းကျ ကျဉ်းကျဉ်းလေး ဟွန့်'

အရုပ်တွေ အပြည့်တင်ထားသော
နှစ်ယောက်အိပ်ကုတင်ကြီး
နှင့်အတူ ပန်းရောင်ဆိုးထားသော အခန်းကျယ်ကြီးကတော့ ကျဉ်းသည်ဟု အပြောခံလိုက်ရသောကြောင့်
ကင်မ်ဆောနူအား  စိတ်တိုနေလောက်မည်။

ကျောင်းဝတ်စုံတောင် မလဲနိုင်တော့ဘဲ
အိပ်ရာပေါ် လှဲချပြီး အတင်းအိပ်ပစ်လိုက်သည်
ဒီနေ့သူတော်တော် ပင်ပန်းခဲ့ရသည်လေ။

_____________________________________

'ဆောနူ!
ဆောနူ ထတော့  ညစာစားရအောင်
ဦးငယ်ကြက်ကြော်တွေဝယ်လာတယ်'

ညနေပြန်ရောက်ကတည်းက အိပ်နေသော ပိစိမှာ
7:30သည့်တိုင် မနိုးသေး။

'ဆောနူ ဦးငယ်ဝင်လာပြီနော်'

သူဝင်သွားတော့   စောင်ခြုံကြားထဲ ချွေးတလုံးလုံးဖြင့် အိပ်နေသော ဆောနူကို မြင်လိုက်ရသည်။

လက်ဖျားတွေ အေးစက်နေကာ
ကိုယ်တွေပါ ပူကျက်နေသဖြင့်
ဒီကလေး ဖျားနေပြီ။

ဆောနူက ချူချာတာကို သိပေမယ့် အိပ်ယာပြောင်းရုံ၊ မနက်က အပေါ်ထပ်လေး နည်းနည်းပါးရုံမျှနှင့်တော့
ဒီလောက်ထိ ဖျားသွားနိုင်သည် ဟုမထင်ခဲ့။

ဆေးတစ်ခုခုမတိုက်ခင် ရေပတ်အရင် တိုက်ပေးရမည်။
ကျောင်းအင်္ကျီ shirtလေးကို လွယ်လွယ်ကူကူ ယူချွတ်လိုက်တော့
သူ့လက်တစ်ဆုပ်စာ မပြည့်တပြည့် လက်မောင်းသွယ်သွယ်လေးတွေက ပေါ်လာသည်။

19နှစ်အရွယ် ကောင်လေးတစ်ယောက်က ဒီလောက်ထိ ညှက်နေတာဖြစ်သင့်ရဲ့လား??

ခေါင်းလုံးလုံးလေးအောက်ကို လက်လျှိုသွင်းပြီး
အသာပွေ့ထူလိုက်တော့ တစ်ချက်ညည်းလာသည်။

BORDERWhere stories live. Discover now