7🌊

759 161 15
                                    


"အိုမား ​ပြော​တော့ဒီ​​နေ့မလာဘူးဆို"

"အိုမားရဲ့ ဝန်းငယ်​လေးကိုတစ်​ယောက်ထဲပစ်ထားတာကြာ​နေပြီမို့လို့​ပေါ့"

​​​မ​တွေ့တာကြာပြီဖြစ်လို့ ​ဂျောင်းဝန်းအိုမားရင်ခွင်ထဲတိုးဝင်ရင်းချွဲ​နေလိုက်သည်။

"သူကဘယ်သူလဲ ဝန်း​လေး"

​ဂျောင်းဝန်းတို့သားအမိကိုပြုံးရင်းရပ်ကြည့်​နေတဲ့
ကိုကို့ကိုညွှန်ပြရင်း​မေ​မေက​မေးလာသည်။

"ဝန်း​လေးရဲ့ သူငယ်ချင်း"

​ဂျောင်းဝန်းတစ်ခါမှအိုမားကိုမလိမ်ဖူးပါ။
ဒီတစ်ခါ​တော့ သူ​ပြောပြဖို့အဆင်သင့်မဖြစ်​သေးဘူး။
အိုမားရဲ့ မျက်လုံး​တွေထဲမှာ ကိုကို့ကိုသ​ဘောမကျချင်တဲ့အရိပ်အ​ယောင်​တွေ​တွေ့​နေရသလိုပဲ။

"ပါ့ခ်ဂျုံ​ဆောင်းလို့ ​ခေါ်ပါတယ်ခင်ဗျ"

"ဝန်း​လေးရဲ့ အိုမားပါ"

အပြန်အလှန်နှုတ်ဆက်ကြပြီးအခန်းထဲ​ရောက်​တော့ စားပွဲ​ပေါ်ကပန်းအိုးကို​ရော teddy bearရုပ်​လေးကို​ရော အိုမားကစူးစမ်းသလိုကြည့်သည်။

"ကို..ဦး​လေးကြီးဂျုံ​ဆောင်းဝယ်​ပေးထားတာ"

ကိုကိုလို့​ယောင်ပြီးထွက်မလိုဖြစ်သွားတဲ့ပါးစပ်ကိုအမြန်အရှိန်သတ်လိုက်ရသည်။

"သား​လေးကိုဂရုစိုက်​ပေးလို့ ​ကျေးဇူးပါ​နော်"

"ရပါတယ် အ​ထွေအထူးမဟုတ်ပါဘူး"

အိုမားက ပြုံးရင်း​ကျေးဇူးတင်စကားဆိုမှ ​ဂျောင်းဝန်းသက်ပြင်းခိုးချလိုက်ရသည်။

မ​တွေ့တာကြာတဲ့အိုမားကိုကပ်ချွဲရင်းစကား​တွေ
တသီကြီး​ပြော​နေမိ​တော့ ကိုကိုက​ဂျောင်းဝန်းကိုပြုံး
ကြည့်ရင်းတိတ်​နေသည်။ ကိုကိုတစ်​ယောက်ထဲဖြစ်​နေမှာကိုအားနာ​တာ​ကြောင့် ပြန်​ခိုင်းလိုက်ရမလားလို့​တွေး​ပေမယ့် တစ်ကယ်ပြန်သွားမှာလဲစိုး​​သေးသည်။
ပိုတယ်ပဲဆိုဆို​ဂျောင်းဝန်းအိပ်​ပျော်သွားတဲ့အထိ
ကိုကို့ကို​တွေ့ချင်သည်။ အိပ်​ပျော်သွားရင်အိပ်မက်ထဲမှာဆက်​တွေ့မည်။
လောဘကြီး​နေမိသလားမသိ​ပေမယ့်နဲနဲ​လေး​တောင်မခွဲချင်ပါ...

S E AWhere stories live. Discover now