13🌊

786 142 46
                                    

"မင်းရဲ့ polaroid onestep​လေး​ပေး"

"​ဟေ့​ကောင် ငါအဲ့တာရ​အောင်မနည်း​ဝယ်ထားရတာကွ
တခြားဟာ​တောင်း"

"တခြားဟာက​တော့ငါမဝယ်နိုင်တာတစ်ခုမှမရှိဘူးကွ မင်း​ပြော​တော့ ရှာ​ပေးနိုင်ရင်မင်းကြိုက်တာ​တောင်းဆို
ငါကြိုက်တာ​တောင်းတာ​လေ"

"ဒါ​ပေမယ့်လဲတခြားဟာ​တောင်းကွာ
အဲ့တာ1997ကproductကွ ​နောက်ထပ်ထပ်မထုတ်​တော့ဘူး ဘယ်​လောက်ပိုက်ဆံ​တွေပုံ​ပေး​ပေးထပ်မရ​တော့ဘူး"

"အဲ့တာ​ကြောင့်လိုချင်တာ​ပေါ့ကွ"

"မင်းက ကင်မရာ​တွေအ​ကြောင်းမသိပဲနဲ့ဘာလုပ်မလို့လဲ"

"ဘာလုပ်လုပ်​ပေါ့ ​ပေးမှာသာ​ပေး မင်းမညစ်နဲ့​နော်"

​က​လေးလေး​​ဇောနဲ့ Jakeကို​ပေးထားတဲ့ကတိကို​တောင်​မေ့ချင်ချင်ဖြစ်​နေသည်။ နှ​မြောတသဖြစ်​နေ​ပေမယ့် ကတိက​ပေးပြီးသားဆို​တော့ သူရဲ့ပြတိုက်ခန်း​လေးထဲကလက်​ဟောင်းpolaroid camera​လေးကိုJakeလက်ထဲထည့်​ပေးလိုက်ရသည်။ သွား​ပေဦး​တော့ ​ဖေ​ဖေ့သားလေး​ရေ။

"ဟဲ့​ကောင် ​သေချာကိုင်ဟ"

__________________________________

Jayဆီက​နေဓါးပြတိုက်လာခဲ့ပြီး​နောက်မှာတော့ သူ့ရဲ့ဦးတည်ရာက နီခီ့ရဲ့တိုက်ခန်းဆီ။
Bellကိုတီးပြီးတာနဲ့ passwordရိုက်ကာဝင်လာခဲ့လိုက်သည်။ ထုံးစံအတိုင်း နီခီက​တော့ သူ့အတွက် စားစရာပြင်​ပေး​နေသည်။ ဒီအချိန်သူလာ​နေကျဆိုတာအလွတ်ရ​နေ​လောက်ပြီ။

"​ကွက်တိပဲ ​ဟျောင်း"

အ​ငွေတ​ထောင်း​ထောင်းနဲ့Ramenတစ်ခွက်ကိုချ​ပေးလာသည်။ တူကိုလဲ​သေချာပြင်​ပေးပြီး ဖူးဖူးမှုတ်ကာ ခွံ့​ကျွေးဖို့ပြင်လာသည်။

"ဟိုးဟိုး ငါ့ဘာသာငါစားမယ်"

က​လေး​လေးလိုအစအဆုံးလိုက်လုပ်​ပေး​နေတဲ့သူကိုမနဲတားလိုက်ရသည်။ သူဂျပန်စာ​တွေစားချင်လာတဲ့အခါတိုင်း နီခီ့ဆီလာ​နေကျ၊ ဟင်းချက်​ကောင်းတဲ့​ကောင်​လေးကလဲမညီးမညူချက်​ကျွေး​နေကျ။ ဒီလို ​သောကြာ​နေ့မှာလာစားပြီး နီ့ခီတိုက်ခန်းတွင်​သောင်တင်ကာ​နောက်တစ်​နေ့မှအမြဲပြန်​လေ့ရှိသည်။

S E ATempat cerita menjadi hidup. Temukan sekarang