CHAPTER 1 | Unicode

128 10 1
                                    

ရွှေကျင်းထဲမှာပထမဆုံးတွေ့ဆုံ

အဲ့ဒီ ရေပြာရောင် စည်းကြီးကို ငါ လက်တွေနဲ့ ဆွဲဖြဲတယ် ၊ မရဘူး ၊ ဒီစည်းက တော်တော်လေး ကျုံ့ဆန့်နိုင်ပြီး စပျစ်သီးခွံထက်တောင်ပါးတာ ဒါပေမဲ့ ငါဘယ်လောက်ပဲ ဓားတွေနဲ့ ခုတ်ခုတ် မီးရှို့ပစ်ပစ် ပျက်ကိုမသွားနိုင်ဘူး။ ငါကြားဖူးတာတော့ ဒီရွှေကျင်းကို ယခင် ပန်းနတ်ဘုရားမ ဖန်ဆင်းခဲ့တာတဲ့၊ အဲ့တာကြောင့်လား မသိ ဒီစည်းက အဝတ်စလို ပါးလွှာပြီး မျက်စိပသာဒဖြစ်လောက်အောင် လှနေတော့တာပဲ။
“အိုး!  ဒါလေးက တို့ရဲ့ ရှောင်ထောင်ထောင်လေးမလား ၊ ငါမင်းကို မတွေ့ရတာတောင် နှစ်တော်တော်လေးကြာနေပြီပဲ ၊ တော်တော်လေးကြာနေပြီ ။ ဒီလောက်အကြာကြီးမတွေ့ရတာ နေကောင်းရဲ့လား ထောင်ထောင်လေး?”
ရုတ်တရက် လောင်ဟူ တစ်ယောက် မြေကြီးထဲက ထွက်လာပြီး ငါ့နားရောက်လာတယ်။ ဒီလိုပေါ်လာတာ ကောင်းမနေဘူး။
အပြင်ထွက်တော့မတက် ခုန်နေတဲ့ ရင်ဘက်ကို လက်နဲ့ဖိပြီး ပါးစပ်ကို အုပ်ကာ တည်ငြိမအောင် မနည်းဟန်ဆောင်လိုက်ရတယ်။ လူပုအဘိုးအိုရဲ့ ပြောင်နေတဲ့ နှဖူးကိုတောက်လိုက်ရင်း သတိပေးစကား ပြောရတော့တယ်။
“ငါတို့ ဒီနေ့ မနက်စောစောကပဲ တွေ့ပြီးပြီလေ”
လောင်ဟူက ရှက်သွားတဲ့ မျက်လုံးတွေနဲ့ ရှုံ့မဲ့ကာ ပြောလာတယ်။
“ငါအသက်ကြီးလာလို့ မှတ်ဉာဏ်တွေ မကောင်းတော့ဘူးဆိုပြီး ထောင်ထောင်က ငါ့ကို လှောင်တာလား? “
“အာ_ဟာ” ငါရိုးရိုးသားသားပဲ ခေါင်းညိတ်ပြလိုက်တယ်။
“ထောင်ထောင်က အရင်လို သူများကို စိတ်ဆင်းရဲသွားအောင် ပြောနေတုန်းပဲဆိုတော့ ဒီလူအိုကြီး စိတ်ချသွားပါပြီ၊ စိတ်ချသွားပြီ။”
လောင်ဟူက ခေါင်းတဆတ်ဆတ်ညိမ့်ရင်း ပြောလိုက်တယ်။
“အိုက်ယား ၊ အခုမှ သတိရတယ် ထောင်ထောင်လေး ဘယ်သွားမလို့လဲ? “
“ပန်းပွင့်နယ်မြေ အပြင်ဘက်က အရမ်းကို စိတ်ဝင်စားစရာကောင်းတယ်ဆို့ ငါနည်းနည်းလောက် သွားကြည့်မလို့”
လောင်ဟူက တော်တော် အံ့ဩသွားပြီး မေးလိုက်တယ်။
“ထောင်ထောင်က ပန်းနတ်အကြီးအကဲကြီး ကို နယ်မြေအပြင်ထွက်ဖို့ မေးကြည့်ချင်တာလား။”
ငါနဲ့ ပန်းပင်လယ်ကြီးကို ခွဲခြားထားတဲ့ ရွှေကျင်းရဲ့ စည်းကို ငေးရင်း မကောင်းဆိုးဝါး ပိုးကောင်လေးတွေများ ဖြတ်သွားရင် အကြီးအကဲကြီးကို စကားပါးပေးဖို့ ပြောရန် ထိုင်မျှော်နေရတယ်။ ငါလေ ဒီလောင်ဟူက တော်တော်ကို ဆူညံတယ်လို့ ထင်တယ်။
“အိုက်ယား ရှောင်ထောင်ထောင်ကတော့ တကယ်ကို ရူးနေပြီပဲ၊ ငါတို့လို သစ်သီးနတ်သူငယ်တွေနဲ့ သစ်သီးနတ်လေးတွေအတွက် အပြင်လောကကြီးက စိတ်ဝင်စားစရာ မကောင်းရုံတင်မကဘူး အန္တာရာယ်လည်းများသေးတယ်၊ အရမ်းအရမ်း အန္တာရာယ်များတယ်၊ တကယ်လို့ ငါတို့ အပြင်ထွက်လိုက်ရင် အစားခံရလိမ့်မယ်”
လောင်ဟူက ထာဝရရှင်သန်သူအဖြစ် ကျင့်ကြံခဲ့တဲ့ မုန်လာဥကနေ နတ်ဖြစ်လာတာဖြစ်တယ်။ သူက သေချာပေါက်ကို ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပေမဲ့ အမြဲပဲ သူ့ကိုယ်သူ သစ်သီးလိုပဲ သတ်မှတ်ပြီး ဂုဏ်ယူစွာပြောလေ့ရှိတယ်။ ပြောကြတာတော့ တလောကလုံးမှာ နတ်ဖြစ်ဖို့ ကျင့်ကြံနေကြတဲ့ အသီးအရွက်တွေနဲ့ သစ်သီးတွေ အများကြီး ရှိတယ်တဲ့။ ငါတို့လို သစ်သီးနတ်သူငယ်လေးတွေက ပန်းနယ်မြေကြီးကို လှပအောင်လုပ်ပေးတဲ့ ပန်းနတ်မျိုးနွယ်မဟုတ်တဲ့ ချွင်းချက်လေးတွေပေါ့။ လောင်ဟူက ထာဝရရှင်သန်သူ နတ် ဖြစ်သွားပြီဖြစ်ပေမဲ့ ငါကတော့ နှစ်လေးထောင်လုံး ကျင့်ကြံနေတာတောင် နတ်သူငယ်အဆင့်ကနေ မတက်နိုင်သေးဘူး။ အခုချိန်ထိ ထာဝရရှင်သန်သူဖြစ်မလာသေးတာက ငါ့ကိုတော်တော်လေး ဝမ်းနည်းစေတယ်။ အဲ့ဒါအပြင်ကို ဒီရွှေကျင်းထဲမှာ လောင်ဟူရယ် ငါရယ် စကားများတဲ့ ပန်းနတ်သူငယ် နည်းနည်းရယ်ပဲရှိတယ်။
ငါတို့လို အားနည်းတဲ့ နတ်သူငယ်လေးတွေကို ကာကွယ်ပေးဖို့ ပန်းနတ်ဘုရားမ ဖန်ဆင်းပေးခဲ့တဲ့ ဒီရွှေကျင်းရဲ့ အကာအကွယ်စည်းက ခိုင်မာလွန်းလို့ အပြင်ကလူတွေ ဝင်မလာနိုင်ဘူး။ ဒါပေမဲ့ ငါကတော့ မတရားဘူးလို့ထင်တယ် ၊ တံခါးတစ်ခုက တွန်းဖွင့် လို့မရရင် ဆွဲဖွင့်လို့ ရရမှာပေါ့။ အနည်းဆုံး တစ်ဖက်ကနေတော့ ဖွင့်လို့ရရမယ်လေ။ ဒါပေမဲ့ ဒီရွှေကျင်းက ဆွဲဖွင့်လို့လဲမရ တွန်းဖွင့်လို့လဲမရတဲ့ နံရံတစ်ခုသာသာပဲ။ စည်းက အပြင်လူတွေဝင်မလာနိုင်ရုံတင်မကဘူး အထဲက နတ်သူငယ်တွေကိုပါ အပြင်မထွက်အောင် တားဆီးထားတယ်။ အကြီးအကဲကြီး နှစ်တိုင်း ရွှေကျင်းကို လာရောက်စစ်ဆေးတိုင်း ငါ့အစွမ်းနဲ့ ထိုးဖောက်ထားတဲ့ စည်းနေရာကိုကြည့်ရင်း အကြိမ်ကြိမ်သက်ပြင်းချတယ်။ ငါသာ နှစ်တစ်သောင်းကျင့်ကြံပြီး ထာဝရနတ်တစ်ပါးဖြစ်လာလို့ ငါ့ကိုယ်ငါ ကာကွယ်နိုင်လာပြီဆိုရင် ရွှေကျင်းအကာအကွယ်ထဲကနေ ထွက်ခွင့်ပေးမယ်လို့ သူမကပြောတယ်။
ဒါပေမဲ့ ငါနောက်ထပ် နှစ်ခြောက်ထောင်ထိ စောင့်ဖို့ စိတ်မရှည်နိုင်တော့ဘူး။
“အပြင်လောကကြီးက ဘယ်လောကတောင် ကြောက်စရာကောင်းလိုက်လဲဆိုတာ မင်းက ကြုံဖူးမှာမဟုတ်ဘူး၊ ငါငယ်ငယ်တုန်းက အနီရောင်မျက်လုံးတွေနဲ့ ယုန်တစ်ကောင်ကို ဝင်တိုက်မိသွားတာ ၊ အဲ့ဒီယုန်က အစွယ်ကြီးတွေနဲ့ သွားတွေကိုဖော်ပြီး ငါ့ကိုကိုက်ဖို့  ပါးစပ်ကြီးဟလာပါလေရော၊ ငါသာ မြေကြီးထဲ မြန်မြန်ဝင်မပုန်းဘဲ တုန့်နှေးနှေးလုပ်နေရင် ဒီနေ့လို အသက်ရှင်မနေဘဲ အကိုက်ခံရပြီး အပိုင်းပိုင်းအစစ ဖြစ်နေလောက်ပြီ။ ကြည့် ၊ ကြည့် ဒီမှာ ဒီနားမှာ ယုန်ကိုက်သွားတဲ့ အမာရွတ်ကြီး”
လောင်ဟူက ပြောနေရင်း သူ့အမာရွတ်ကိုပြရန် ခါးကိုလှန်ပြလာတယ်။ ငါကြည့်ကြည့်လိုက်တော့ သေချာတောင်မမြင်ရတဲ့ အညိုရောင်အစက်သေးသေးလေးတွေပဲတွေ့တယ်။ ဘယ်ဟာက အမာရွတ် ဘယ်ဟာက အသက်အရွယ်ကြောင့် ဖြစ်တဲ့ အမည်းစက်တွေလဲတော့ မသဲကွဲဘူး။ အဲ့တာနဲ့ ဒီတိုင်းပဲ ကြည့်ပေးလိုက်တယ်။ ဘာပဲပြောပြော လောင်ဟူပြောပြတဲ့ အကြောင်းအရာတိုင်းမှာတော့ ယုန်တွေက တလောကလုံးမှာ ကြောက်စရာအကောင်းဆုံးနဲ့ အဆိုးဝါးဆုံး သားရဲတွေဖြစ်တယ်။
“တကယ်လို့ မင်းလို အရည်ရွှမ်းတဲ့ မက်မွန်သီးလေးသာ အပြင်ရောက်သွားရင် သေချာပေါက် တစ်ကိုက်ထဲနဲ့ အစားခံလိုက်ရမှာပဲ”
လောင်ဟူက သူ့ရဲ့ ဗိုက်ပူကြီးကို ရိုက်ပြီး နှုတ်ခမ်းသပ်ရင်း ပြောလိုက်တယ်။
“ငါက စပျစ်သီး ၊ မက်မွန်သီး မဟုတ်ဘူး”
ငါ့ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ငါက ဘယ်အသီးလဲဆိုတာ မှန်အောင်ပြောဖို့တော့ ပြင်ပေးရမယ်။
“စပျစ်သီးရော မက်မွန်သီးရော နှစ်ခုစလုံးက ထောင်ပဲလေ? မင်း၊ ကောင်မလေးကလေ ဒီလောက် ငယ်ငယ်လေးနဲ့ ဘာလို့ စကားလုံးတွေကို အလွန်အကျွံ အာရုံစိုက်နေရတာလဲ?၊ အဲ့အကျင့်က မကောင်းဘူးနော်”
[T/N : စပျစ်သီး က တရုတ်လို ပုထောင် လို့ အသံထွက်ပါတယ် ၊ မက်မွန်သီး က မီထောင်/မိထောင် လို့ အသံထွက်ပါတယ်။ ဆိုတော့ နှစ်ခုလုံးမှာ ထောင် ပါနေပါတယ်]
လောင်ဟူ ရှက်ပြီး နှုတ်ခမ်းမွှေးတွေကို ဆွဲရင်း အနိုင်ကျင့်ခံရသလိုပြောလိုက်တယ်။ ငါအချိန်အကြာကြီး စောင့်နေတာ နတ်သူငယ် တစ်ယောက်တောင် ပေါ်မလာဘူး ၊ လက်လျော့လိုက်ပြီး မနက်ဖြန်မှ ထပ်လာမယ်လို့ တွေးလိုက်တယ်။ ငါပြန်ရောက်တော့နေတောင်ဝင်နေပြီ။ ပြီးတော့ ငါ့အိမ်ထဲကနေ မီးကျွမ်းတဲ့ အနံ့ရလိုက်တယ်။ ငါတံခါးကိုအမြန်ဖွင့်လိုက်တော့ လက်ထဲမှာ မည်းတူးနေတဲ့ တစ်စုံတစ်ခုကိုကိုင်ထားပြီး ငါ့ကို ကြည့်နေတဲ့ လျန်ချောင် ကို တွေ့လိုက်တယ်။ ငါပြန်လာတာလည်း မြင်ရော သူမက အရမ်းကို စိတ်လှုပ်ရှားသွားရော။
“ထောင်ထောင် ပြန်လာပြီလား ၊ ဒီမှာလာကြည့် ငါဒါကို နင့်ခြံဝန်းထဲက တွေ့တာ”
သူမ စကားပြောလို့တောင် မဆုံးသေး အဲ့တာကို ငါ့ရှေ့ကို တွန်းပို့လိုက်တယ်။
မီးတူးနံ့က ပြင်းလွန်းလို့ ငါနောက်ကို ခြေလှမ်းတော်တော်ဆုတ်လိုက်ရတယ်။ ပြီးမှပဲ အသက်ပြန်ရှူနိုင်တော့တယ်။ ငါ့ကိုယ်ငါ တော်တော်လေး တွန်းအားပေးပြီး အဲ့ဒီဟာကိုကြည့်ပြီး အကူအညီမရစွာပြောလိုက်တယ်။
“အမည်းရောင်၊ တော်တော်ကို နက်တဲ့ အမည်းရောင်ကြီး”
လျန်ချောင်က မပျော်မရွှင်နှင့်
“ငါက နင့်ကို ဒါကြီးက ဘာကြီးလဲလို့မေးတာလေ ၊ ဒီအရောင်ထပ်ကို တစ်ခြားတစ်ခုခု ပြောစမ်းပါ”
လျန်ချောင်က ထာဝရရှင်သန်ခြင်းကျင့်စဥ◌်ကို ကျင့်ကြံနေတဲ့ ပန်းပွင့်နတ်သူငယ်လေး ဖြစ်တယ်။ သူမက ဘာပစ္စည်းနေနေ တွေ့သမျှအကုန် စုဆောင်းတတ်ရုံမက သူမ မိုက်မိုက်မဲမဲ စုဆောင်းထားတယ်ဆိုတဲ့  အရာတွေ အကုန်လုံးကို ငါ့ဆီမှာလာထားသွားတတ်တယ်။ ဒီနေ့ သူမယူလာတဲ့ဟာက အရင်က တချို့ပစ္စည်းတွေလောက် မကြီးပေမဲ့ သူမစုဆောင်းပြီး ငါ့ဆီထားခဲ့တာတွေထဲမှာတော့ အနံ့အရှိဆုံး တစ်ခုဖြစ်တယ်။
“ဒါက ဒီတိုင်း သေခါနီး ကျီးကန်း တစ်ကောင်ပဲရယ်၊ မြေဩဇာသာ လုပ်ပစ်လိုက်”
အဲ့ဒီမည်းမည်းအရာရဲ့ အမွှေးတွေကိုကြည့်လိုက်တော့ အဲ့ဒါက တောကျီးကန်း တစ်ကောင်ဖြစ်လောက်တယ်လို့ ခန့်မှန်းမိတယ်။
“ကျီးကန်း?” လျန်ချောင် အသံကျယ်ကြီးနဲ့ အော်လိုက်မိသွားတယ်။
“ထောင်ထောင် ၊ တကယ်ကြီး ဒါကြီးက ငှက်တစ်ကောင်လို့ ပြောတာလား? အိုးး ငါတော့ ဒီဘဝမှာ နောက်ဆုံးတော့ ငှက်တစ်ကောင်ကို မြင်ဖူးခဲ့ပြီ “
သူမ ဒီလိုပြောပြီးနောက်မှာတော့ သူမ အရမ်းစိတ်လှုပ်ရှားပြီး ဘာလုပ်မှန်းမသိစွာ လှည့်ပတ်ခုန်ပေါက်နေတော့တယ်။
သူမဒီလောက်ထိ စိတ်လှုပ်ရှားနေတာကို ငါအပြစ်မမြင်ရက်နိုင်ဘူး ။ ဒီရွှေကျင်းထဲမှာ ပန်းလေးတွေ မြက်ခင်းလေးတွေ နဲ့ ပိုးကောင်လေး တစ်ချို့ကလွဲပြီး ဘာမှ မရှိတဲ့အပြင် ဘယ်တုန်းကမှ ဒီထဲကို ငှက်တစ်ကောင် ပြုတ်ကျမလာဖူးဘူး။ ငါသူတို့ရဲ့ ပုံစံကိုတောင် လောင်ဟူရဲ့ ‘နယ်မြေခြောက်ခု မှ မျိုးစိတ်များ စွယ်စုံကျမ်း’ ထဲမှာပဲ မြင်ဖူးခဲ့တာ။
“သေခါနီးလား? ဒါဆို မသေသေးဘူးလို့ ပြောချင်တာမလား? ငါတို့ ကယ်ရအောင်လေ ၊ ကယ်ပြီး မွေးထားကြမယ်လေ မကောင်းဘူးလား? ”
လျန်ချောင်က ငါ့ရဲ့ အင်္ကျီလက်မောင်းအစကို ဆွဲပြီး ပြောတယ်။ လျန်ချောင်ရဲ့ မဲတူးနေတဲ့ လက်ဖဝါးတွေကို ကြည့်ပြီး ငါ့ရဲ့ အင်္ကျီလက်ကို ကြည့်လိုက်တယ် ၊ ဒီနေ့ အနီဖောက်ထားတဲ့ ခရမ်းရင့်ရောင် ဝတ်မိတဲ့ ငါ့ကိုယ်ငါချီးကျူးလိုက်တယ်။ ငါသေချာလေး ပွတ်ပွတ်ပြီးလျှော်မယ်ဆိုရင် ပြန်ဝတ်လို့ရလောက်ပါတယ်။
“အသက်က ထာဝရရှင်နေမှာ မဟုတ်သလို သေသွားတဲ့ အရာတွေက အမြဲတမ်း သေနေမှာ မဟုတ်ဘူးမလား?  ဘဝ သံသရာထဲမှာ ရှင်ခြင်း နှင့် သေခြင်းက ကံကောင်းခြင်းပေါ် လုံးလုံး မူတည်နေတယ် ၊ တကယ်လို့ ဒီဟာသာ ကံကောင်းမယ်ဆို ခြံဝန်းထဲမှာ ဒီတိုင်းထားပြီး အစာမကျွေးရင်တောင် အသက်ရှင်လိမ့်မယ် ၊ ကံမကောင်းဘူးဆိုရင်တော့ ငါတို့ကယ်ပြီး အကုန်လုပ်ပေးလည်း သေမှာပဲ ၊ လုပ်ပေးရမှာတွေ အကျိုးမရှိ ဖြစ်မှာ”
“ထောင်ထောင် ပြောတာတွေက ဘာလို့ ငါနားမလည်နိုင်အောင် ရှုပ်နေရတာလဲ? ငါသိတာတော့ သနားကြင်နာတတ်တာက ကောင်းတဲ့အကျင့်လို့ ဗုဒ္ဓကဟောထားတယ်လေ ၊ ထောင်ထောင် နင် ဘယ်လိုများ နင့်ရှေ့မှာ တစ်စုံတစ်ယောက် သေတော့မှာကို ကြည့်နေနိုင်ရတာလဲ? “
“ကယ်တင်ပေးတာက သနားညှာတာ တာလို့နင်ဘယ်လိုလုပ်ပြီး သိလဲ? လူတစ်ယောက်က တစ်ဘဝလုံး တစ်ယောက်ထဲနေရမယ်ဆိုရင် သေလိုက်တာက ပိုကောင်းလိမ့်မယ်၊ သံသရာ တစ်ဖက်ကမ်း မှာ ပြန်လည်မွေးဖွားပြီး နတ်ပြည်ကို ရောက်လိမ့်မယ်။ ဘဝကြီးက ခက်ခဲတယ်ဆို သေခြင်းက ပျော်ရွှင်မှုတစ်မျိုးပဲ”
လျန်ချောင် ပါးစပ်အဟောင်းသားနဲ့ နားထောင်နေရင် တစ်ခုခုပြောရန် ပါးစပ်ဟလိုက် ပြန်ပိတ်လိုက် ဖြစ်နေရင်းမှ ဝေဝေဝါးဝါး ပြောလာတယ်။
“ငါ ပြန်တွေးကြည့်လိုက်ဦးမယ် ၊ ဒါကို ခနထားလိုက်ဦး”
သူမတံခါးကနေထွက်သွားရင်း ငါပြောခဲ့တာတွေကို ပြန်ရွတ်ကြည့်နေတယ်။ 
တောကျီးကန်းကောင်ကို ငါ့ခြံဝန်းအတွင်းပိုင်းကို ယူလာလိုက်တယ်။ နှစ်စတုန်းက အကြောင်းကြောင်းကြောင့် စိုက်ထားခဲ့တဲ့ ငှက်ပျောပင်က ကောင်းကောင်းကြီးမလာဘူးဖြစ်နေတယ်။ ငါ့အထင်တော့ မြေမကောင်းလို့ ဖြစ်မယ်ထင်တယ် ၊ ဒီကျီးကန်းကိုသာ မြေဩဇာအဖြစ်သုံးလိုက်ရင် ဒီနှစ်နွေရာသီမှာ အကိုင်းတွေဖြာပြီး အရိပ်ရလောက်တဲ့ထိ ကောင်းကောင်းကြီးလာမှာပဲ။
ကျီးကန်းကို နှစ်စက္ကန့် သုံးစက္ကန့် လောက်အတွင်းမြုပ်ပြီးတော့ ခြေလက်ဆေးပြီး အခန်းပြန်အိပ်လိုက်တယ်။
ညလယ်လောက်ရောက်တော့ ဒီကျီးကန်း ရွှေကျင်းကို ဘယ်လိုဖြတ်ပြီး ကျလာတာလဲဆိုတာ သိချင်လာတယ်။ အချိန်အကြာကြီးတွေးနေပြီးနောက်မှာ အိပ်ရာကထပြီး ကျီးကန်းကို ပြန်သွားဖော်ဖို့ ခြံဝန်းထဲကို သွားလိုက်တယ်။
မြုပ်ထားတဲ့နားရောက်တော့ မြင်ရအောင် စပျစ်ရွက်တွေထဲ ပိုးစုန်းကြူးတွေထည့်ပြီး မီးအိမ် တစ်ခုလုပ်လိုက်တယ်။ မီးရောင်အောက်မှာ ကျီးကန်းရဲ့ အတောင်က ထောင်နေတဲ့ အမွှေးတချို့က ရွှေရောင်အလင်းတို့ ဖြာထွက်နေတာကိုတွေ့ရတယ်။ ဒီကျီးကန်းက သာမန်ကျီးကန်းမဟုတ်ဘဲ ထာဝရရှင်သန်တဲ့ နတ်ကျီးကန်းပဲဖြစ်ရမယ်။ ငါ ဒီကျီးကန်းကို မြေဩဇာအဖြစ်သုံးလိုက်ရင် အရမ်းနှမြောစရာကောင်းသွားလိမ့်မယ်။ ရွှေကျင်းထဲက နတ်မီးနဲ့သာ ကင်စားလိုက်ရင် ငါနှစ်တွေအများကြီး ကျင့်ကြံစရာမလိုတော့ဘဲ ငါ့ရဲ့ ကျင်းလိ(ကျင့်ကြံဆင့်)တွေ တိုးလာလိမ့်မယ်။
ငါဒီလိုတွေးနေတဲ့ အချိန်မှာပဲ ငါ့ရဲ့ အတွေးအခေါ်က အရမ်းကိုကောင်းပြီး သင့်တော်တယ် ဆိုတာသိလိုက်တယ်။ အဆင်မပြေဘဲ မကောင်းတာက ကျီးကန်းက အသက်ရှူတာ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်ပြီး သေလုဆဲဆဲ ဖြစ်နေတာပဲ။ အသေကြီးကို ချက်စားလိုက်ရင် ကျင်းလိအစွမ်းက လျော့သွားနိုင်တာမို့လို့ အသက်ရှင်အောင်လုပ်ပြီးမှ ချက်ပြီး စားသောက်စုပ်ယူတာက ပိုကောင်းလိမ့်မယ်။ ဒီတော့ ငါ ကျီးကန်းကို ပြန်အသက်ရှူလာအောင် လုပ်ဖို့ လုပ်လိုက်တယ်။
ကုတင်အောက်မှာ နှစ်ငါးရာကျော်နီးပါး နှပ်ထားတဲ့ ငါကိုယ်တိုင် ဖော်စပ်ထားတဲ့ ပန်းပေါင်းစုံ ပျားရည်အိုးကို အံတင်းတင်းကြိတ်လို့ ဆွဲထုတ်လိုက်တယ်။ ထိုကျီးကန်း အသက်ပြန်ရှူလာရန် ငါ့ပျားရည်တွေကို ကျီးနှုတ်သီးထဲ တစ်စက်ချင်း မရပ်တမ်း ထည့်ပေးလိုက်တဲ့ နောက်မှာ ကျီးတောင်ပံတွေက နွေးလာသလို ထင်ရတယ်။ ကျေနပ်စွာ လက်ခုပ်တီးရင်း မီးဖိုချောင်ထဲကနေ အိုးတစ်လုံးသွားယူလိုက်တယ်။
ငါမြေအိုးသွားယူလာပြီး အခန်းထဲပြန်ဝင်လာတော့ မီးအိမ်ထဲက ပိုးစုန်းကြူးတွေက တစ်စုံတစ်ရာကို ကြောက်ရွံ့နေသလို တုန်ယင်နေပြီး ဟိုဟိုဒီဒီ အခန်းတစ်ခုလုံး ကမောက်ကမ ပျံသန်းနေတယ်။ ဒီပိုးကောင်လေးတွေက လောကမှာရှိတဲ့ အရာတော်တော်များများကို မတွေ့ဖူးလို့ ဖြစ်တာပါလို့တွေးလိုက်တယ်။
ဒီတိုင်း ကျီးကန်းက ငါ့ပျားရည်ကြောင့် လူအသွင်ပြောင်းပြီး အားနည်းစွာ စားပွဲပေါ်မှာ တစ်ဝက်တစ်ပျက် လဲကျနေတာလေးပဲကို၊ အိုးကိုကိုင်ထားရင်း လူကျီးကန်းကို လှည့်ပတ်ကြည့်ကာ နည်းနည်း စိတ်ပျက်သွားရတယ်။ ဒီလို လူပုံကြီးနဲ့ဆို ငါ့ရဲ့ လက်ဝါးလောက် အိုးလေးနှစ်အိုး နဲ့ မဆံ့ဘူး ၊ မဆံ့ရင် ဘယ်လိုချက်ရမလဲ?။
သေသေချာချာ စဥ◌်းစားကြည့်ပြီးနောက်မှာ ထာဝရရှင်သန်သူတိုင်းမှာ ကျင်းလိတွေ အကုန်စုထားတဲ့ နေးဒန်ကျင်းယွမ်(အမြုတေ) ရှိတယ်ဆိုတာ သတိရလိုက်တယ်။ ဒီအမြုတေကိုသာ ရမယ်ဆိုရင် ကျီးကန်း တစ်ကောင်လုံးကို ချက်စားစရာ မလိုတော့ဘူး။
ဒါပေမဲ့ ဒီကျီးကန်းက သူ့အမြုတေကို ဘယ်နားမှာ ဖွက်ထားလဲ ငါမသိဘူး ။ ငါအားတော်တော်သုံးပြီး သူ့ကို အိပ်ရာပေါ် တွန်းတင်ပြီး အပေါက်တွေပြည့်နေတဲ့ အနက်ရောင် အင်္ကျီထဲ လက်ထည့်ပြီး စမ်းလိုက်တယ်။ ဒီကျီးကန်းရဲ့ ခန္ဓာကိုယ် မိုက်ချက်က နယ်မြေခြောက်ခုတင်မကဘူး သံသရာတစ်ပတ်လုံး တောင် ကျော်နိုင်လောက်တယ်ဆိုတာ စမ်းကြည့်နေရင်း သတိထားမိလိုက်တယ်။ ဘာပဲပြောပြော ငါအခုထိ အမြုတေကို ရှာမတွေ့သေးဘူး။ သူ့ခန္ဓာကိုယ်ထဲမှာများ စည်းခတ်ထားလေသလား?
ပိုပြီးကောင်းကောင်း ရှာလို့ရအောင် အပေါက်တွေပြည့်နေတဲ့ သူ့ရဲ့ အင်္ကျီကို ချွတ်ပစ်လိုက်တယ်။ သေသေချာချာ စမ်းကြည့်ပြီးမှာတော့ ငါ့အတွက် ပျော်ရွှင်ဖွယ်ရာ အရာ တစ်ခုကို ရှာတွေ့လိုက်တယ်။ ဒီကျီးကန်းရဲ့ ဝမ်းဗိုက်အောက်ပိုင်းမှာ အတော်လေးထူးဆန်းတဲ့ အရာတစ်ခုရှိနေတယ်၊ ငါအဲ့ဒီဟာကို နည်းနည်းလေးညစ်ကြည့်လိုက်တော့ ပျော့သလိုလို မာသလိုလိုနဲ့ ၊ ငါ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကို စမ်းစစ်ကြည့်တော့ ဒီလိုဟာမျိုး လုံးဝမရှိတာသေချာတယ်။ ဆိုတော့ သေချာပေါက် အမြုတေကို ဒီထဲထည့်ထားတာ ဖြစ်ရမယ်။ ဘယ်လောက်တော်လိုက်တဲ့ ငါလဲ?။
စပျစ်နွယ်နဲ့ ဓားတစ်ချောင်း ဖန်ဆင်းလိုက်ပြီး ဓားသွားကို စမ်းဖို့ ငါ့ဆံပင် နှစ်ပင်ကို အရင်ဖြတ်ကြည့်လိုက်တယ်။ ချက်ချင်းပဲ နှစ်ပိုင်းပြတ်သွားတာ မြင်တော့ ကျေကျေနပ်နပ် ပြုံးလိုက်မိတယ်။ ကျီးကန်းရဲ့  ဝမ်းဗိုက် အောက်ပိုင်းကို ကျောပေးပြီး ထိုင်ရင်း ဓားသွားကို မြှောက်လျက် ထိုအရာကို ဖြတ်ရန် ကိုင်လိုက်တဲ့ အချိန်မှာ ကမ္ဘာတုန်သွားလောက်တဲ့ မိုးကြိုးပစ်လိုက်သလို ဒေါသတကြီး အော်လိုက်တဲ့ အသံကို ငါ့နောက်ကနေကြားလိုက်ရတယ်။
“အ တင့် ရဲ လိုက် လေ !”
ညကြီးအချိန်မတော် တိတ်ဆိတ်နေတဲ့အချိန် ထွက်လာတဲ့ အသံကြီးက ကြောက်စရာ ကောင်းလိုက်တာ။
တုန်တုန်ရီရီ နဲ့ ငါကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ် ဓားကလည်း လက်နားကို ကျလာတယ်။
ငါ့အိပ်ရာပေါ်မှာ ကိုယ်လုံးတီးနဲ့ ကျီးကန်းက ထိုင်နေပြီး သူ့ရဲ့  တောက်ပတဲ့ မျက်လုံးတွေနဲ့ ဓားနဲ့ဆွဲခုတ်တော့မလို ငါ့ကို ကြည့်နေတယ်။ တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်ရင်း ငါလိပ်ပြာလွင့် မတတ်ကြောက်လာတာကြောင့် ဓားကိုခပ်ဝေးဝေးဆီ ပစ်လိုက်ပြီး မတ်တပ်ထရပ်လိုက်တယ်။ မလွှဲမရှောင်သာဖြင့် ထိုသူကိုကြည့်လိုက်ရင်း ငါ့နှလုံးသားအောက်ခြေကနေကို နောင်တတွေ တသီကြီးရနေတယ်။ ဒီကျီးကန်းက ထာဝရရှင်သန်သူဆိုတာ သေချာတယ်၊ ပြီးတော့ သူ့ရဲ့ တည်ဆောက်ပုံ(ခန္ဓာကိုယ်)က လောင်ဟူရဲ့ ခြံဝန်းထဲက ကြံပင်ကြီးလိုပဲ။
မတတ်သာဘဲ ငါနှစ်လေးထောင် ကျင့်ကြံခဲ့ရတယ်။ ဒါတောင်မှပဲ ငါ့ပုံစံက ဆယ်နှစ်အရွယ် ကလေးတစ်ယောက်ပုံပဲ ရှိသေးတယ်။ နှစ်တစ်ထောင်ပဲ ကျင့်ကြံရသေးတဲ့ လျန်ချောင်နဲ့ ယှဥ◌်ရင်တောင် ငါက တော်တော်လေးငယ်နေတဲ့ပုံပေါ်တယ်။ အဲ့ဒီအချိန်တုန်းက ငါက သာမန် စပျစ်သီးနတ်သူငယ်လေး မဟုတ်ဘူး ဆိုတာကို မသိခဲ့ဘူး။
အဲ့ဒီကျီးကန်း ငါ့ကို စူးစူးစိုက်စိုက် ကြည့်နေတာမြင်တော့ ငါ့ရဲ့ ခန္ဓာကိုယ်သေးနေတာကို သတိရပြီး ရှက်မိတယ်။ ကျီးကန်းက ကြည့်ပြီးနောက်ဆုံးတော့ ပါးစပ်ဟပြီး မေးလာတယ်။
“မင်းက ဘယ်မကောင်းဆိုးဝါး မျိုးနွယ်ကလဲ?”
သူက တစ်လက်မလေးတောင် မလှုပ်ရသေးပေမဲ့ စွမ်းအားကြီးပြီး ဩဇာလွှမ်းတဲ့ ကိုယ်နေဟန်ထားက တခြားသူတွေကို ဖိနှိပ်ထားတယ်။ အဲ့ဒီအချိန်က အဝတ်အစား နဲ့ ပတ်သတ်ပြီး သတိထားရမဲ့ ကျင့်ဝတ်တွေကို ပထမဆုံးကြားဖူးခဲ့တဲ့ အချိန်လည်း ဖြစ်တယ်။
ငါက နည်းနည်းတော့ တုံးပေမဲ့ ငါက သိက္ခာရှိပြီး အလွန်မြင့်တဲ့ပန်းတိုင်ရှိတဲ့ ထာဝရရှင်သန်ခြင်းကို ရှာဖွေကျင့်ကြံနေတဲ့ နတ်သူငယ်တစ်ယောက်ဖြစ်တယ်။ ဒီလို ကျီးကန်းဆီက ‘မကောင်းဆိုးဝါး’ လို့ အခေါ်ခံရတာက ငါ့ကို ဒေါသထွက် အရှက်ရစေတယ်။
နောက်ထပ် တစ်ခုထပ်တွေးမိတယ် ဒီကျီးကန်းက သေတော့မယ့်ဟာကို ငါ့အဖိုးတန် ပျားရည်လေးတွေနဲ့ ကယ်လိုက်လို့ သူပြန်ကောင်းလာတာလေ။ ငါဖော်စပ်ထားတဲ့ ပျားရည်က ဒီကျီးကန်းအတွက် တော်တော်အထောက်အကူဖြစ်သွားပုံရတယ်။ ငါသူနဲ့ တိုက်ခိုက်မယ်ဆိုရင် သေချာပေါက် ဆိုးဆိုးဝါးဝါး ရှုံးမှာက ငါပဲ ဆိုတော့ သူ့အမြုတေကို ယူမဲ့အကြောင်း ထပ်မပြောတော့ဘူး၊ အမြုတေယူဖို့များ ပြောလိုက်မိရင် ရွှံ့ဖြစ်ပြီး အပင်တွေကို အစာကျွေးခံရမှာ ငါဖြစ်သွားလိမ့်မယ်။
ငါ မသိချင်ယောင်ဆောင်ပြီး ယဥ◌်ကျေးသိမ်မွေ့စွာနဲ့ ပြောလိုက်တယ်။
“ဒီက မိတ်ဆွေ ၊ မင်းငါ့ကို ‘ကျေးဇူးရှင်’ လို့ခေါ်လို့ရတယ်။ ငါက ဒီရွှေကျင်းရဲ့ ကောင်းတာလုပ်ပြီးရင် နာမည်ကောင်းမယူတဲ့ နတ်သူငယ်လေးပါ။”
ဒီစကားလုံးတွေက ငါသူ့ကိုကယ်ခဲ့တယ်ဆိုတာ ဖော်ပြဖို့ လုံလောက်ပါတယ်၊ အမ်... တကယ့် တကယ်က စားဖို့ ရည်ရွယ်ခဲ့တာ ဆိုပေမဲ့လည်း နောက်ဆုံးတော့ ရလဒ်က တူတူပဲလေ အသက်ရှင်သွားတယ်လေ ငါကယ်လိုက်လို့လေ ။ ငါဒီ ကျေးဇူးအတင်ခံရမဲ့ အခြေအနေကြီးကို လက်မလွှတ်နိုင်ဘူး။ နောက်တစ်ခုက ငါက နတ်သူငယ် သူပြောတဲ့ မကောင်းဆိုးဝါး မဟုတ်ဘူး။
“ကျေးဇူးရှင်လား?”
ကျီးကန်းက အေးစက်စက်ကြီး ပြုံးပြရင်း မေးတယ်။
သူ့ရဲ့အကြည့်တွေက စူးရှလွန်းလို့ ငါတော့ မိသွားပြီလို့ တွေးလိုက်မိပေမဲ့ သူပြောနေတာတွေ နားမလည်သယောင်နဲ့
“ဟုတ်တယ်လေ ၊ မိတ်ဆွေ ငါ့ခြံဝန်းထဲကိုကျလာတုန်းက ဆိုးဆိုးဝါးဝါး ဒဏ်ရာ ရနေတာနဲ့ ငါ့ရဲ့ လျို့ဝှက်နည်းနဲ့ ဖော်စပ်ထားတဲ့ ပျားရည် တစ်အိုးလုံးကုန်တိုက်လိုက်ရတာ။ မိတ်ဆွေ ဒီလိုမျိုး ပြန်ကောင်းလာပြီး နောက်ထပ်နှစ်တွေ အကြာကြီး နေနိုင်အောင် ခက်ခက်ခဲခဲ ကုပေးထားတာ။”
ကောင်းကင်ကို တိုင်တည်ပြီးတောင် ပြောဝံ့တယ် ငါပြောသမျှ ‘ပျားရည်တစ်အိုးလုံး’ ဆိုတာကလွဲရင် စကားလုံး တစ်လုံးချင်းစီတိုင်းက အကုန်အမှန်တွေပါလို့။
ကျီးကန်းကောင်က ရုတ်တရက်ကြီး တောက်တောက်ပပ ပြုံးလာတယ်၊ တောက်ပလွန်းလို့ ဥယျာဥ◌်ထဲက ပန်းတွေတောင် အကုန်ပွင့်လာသလိုပဲ ဒါပေမဲ့ ဘာလို့လဲမသိ အဲ့ဒီ အပြုံးကြီးက ကြောက်စရာကောင်းပြီး လူသတ်ချင်နေသလိုပဲလို့ ခံစားနေရတာလဲ?။ ကျီးကန်းက အံကြိတ်ထားတဲ့ အသံကြီးနဲ့
“မိတ်ဆွေ ခုနတုန်းက ဓားကို မြှောက်ပြီးခုတ်ဖို့လုပ်နေတာကရော ငါ့အသက်ကို ကယ်ဖို့များလား?”
ငါပြန်ဖြေဖို့ သေချာတွေးပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို သနားစရာကောင်းစွာကြည့်လိုက်တယ်?
“ငါက မိတ်ဆွေက အဝတ်စုတ်ကြီး ဝတ်ထားလို့ အဝတ်အစားလဲပေးမလို့ကို မထင်မှတ်ပဲ မိတ်ဆွေရဲ့ ဗိုက်အောက်နားမှာ အကျိတ်အကြီးကြီးဖြစ်နေတာကို တွေ့လိုက်ရတယ်၊ လူတိုင်းပြောကြတာက စိတ်ကောင်းကောင်းထားတာက ကောင်းတဲ့ အကျင့်ပဲတဲ့ မိတ်ဆွေရဲ့ အကျိတ်က သာမန်လူတွေမှာ လုံးဝမရှိတဲ့ အရာဖြစ်နေတယ်။ ငါက မိတ်ဆွေရဲ့ အသက်ကို ကယ်ထားပြီးမှတော့ ဒီလိုမကောင်းတဲ့ အကျိတ်ကိုလည်း သေချာပေါက် ကုပေးရမယ်လေ ၊ ဒါကြောင့် ငါ အဲ့ဒီအကျိတ်ကို ဖြတ်ထုတ်လိုက်မလို့ လုပ်နေခဲ့တာ။”
ငါလည်း ပြောပြီးရော ကျီးကန်းရဲ့ မျက်နှာကြီးက ထူဆန်းပြီး တဖြည်းဖြည်းစိမ်းလိုက် ဖြူလိုက်ဖြစ်လာတယ်။ သူက ငါ့ကို သေချာ အပေါ်အောက်ကြည့်ပြီး
“မင်းက မိန်းကလေးမလား?”
မေးပြီး သူပဲဆက်ပြောပြန်တယ်?
“မင်းက မိန်းကလေးတစ်ယောက်ဖြစ်ပြီး အမျိုးသားနဲ့ အမျိုးသမီးကြားက ကွာခြားချက်တောင် မသိဘူးလား? ဒီလို သိက္ခာမရှိလွန်းတာက မဆီလျော်လိုက်တာ။”
တဆိတ် သူပြောနေတဲ့ အသံက တော်တော်စိတ်တိုနေသလိုပဲ?
ငါသူ့ကို ဘာပြန်ဖြေရမှာလဲ တကယ်မသိဘူး၊ ငါသိတာက ပန်းတွေ၊ မြက်ပင်တွေ၊ သစ်ပင် သစ်တုံးတွေ၊ လူတွေ၊ ငှက်တွေ နှင့် ငါးတွေ ၊ တိရစ္ဆာန်တွေက မတူဘူးဆိုတာပဲသိတယ် အမျိုးသား နဲ့ အမျိုးသမီး မတူညီတာတော့ တစ်ခါမှ မကြားဖူးဘူး ဒီတော့ ဘာပြန်ဖြေရမလဲ မသေချာဘူး။ ဒါတွေ ဖြစ်ပျက်ပြီး တော်တော်လေးကြာတဲ့ တစ်နေ့မှာတော့ လောင်ဟူကို ငါပြောပြမိတယ်။ သူက ဒါကိုလည်းကြားရော မျက်ရည်ကျမတတ် စိတ်တိုသွားပြီး
“ငါက အမျိုးသားလေ ၊ ထောင်ထောင်လေးရေ နင်ဘယ်လိုများ အမျိုးသားတစ်ယောက်ကိုမှ မတွေ့ဖူးဘူးလို့ ပြောရက်နိုင်ရတာလဲ။”
ငါ သတိထားပြီး သူ့ကို စိတ်ပြေအောင် ပြောလိုက်တယ်?
“ငါထင်တာက မုန်လာဥတွေ အကုန်လုံးက နင်နဲ့ တစ်ပုံစံထဲပဲလို့”
လောင်ဟူတစ်ယောက် ပြေရာပြေကြောင်း အဖြေကို ကြားပြီးနောက် ရင်ဘက်ထုပြီး ခြေဆောင့်ကာ ထွက်သွားပါတော့တယ်?
အဲ့တာက နှစ်လေးထောင်အတွင်းမှာ ငါက အံ့အားသင့်ဖွယ် ကောင်းလောက်အောင် အမျိုးသမီးတစ်ယောက် ဆိုတာရယ် လူတွေမှာ အမျိုးသားလို့ခေါ်တဲ့ နောက်တစ်မျိုး ရှိသေးတာကို ပထမဆုံး အနေနဲ့ သိလိုက်ရတယ်? ကျီးကန်းက ငါ့နှဖူးကို တောက်ရင်း သူက အမျိုးသားလို့ ပြောရင်း
“မင်းကိုကြည့်ရတာ တောမှာကြီးလာတဲ့အပြင် ငယ်သေးတယ်ဆိုတော့ ငါမင်းနဲ့ မငြင်းတော့ဘူး”
ငါစိတ်တိုလွန်းလို့ ပြန်ပြေမလို့ရှိသေးတယ် ကျီးကန်းက တစ်စုံတစ်ခုရွတ်လိုက်တာ ငါ့ရဲ့ မူလပုံစံကို ပြန်ပြောင်းသွားတယ်။ ငါမတ်တပ်ရပ်လို့ မပြေးနိုင်တော့ အိပ်ရာအစွန်ဘက်ထိအောင် လှိမ့်သွားလိုက်တယ်။ ကျီးကန်းက မတ်တပ်ရပ်လိုက်ပြီး တကယ်ကြီး ငါ့ကို ကောက်ယူလိုက်ရုံမကဘူ အပေါ်တောင်မြှောက်ကြည့်လိုက်သေးတယ်။ တော်တော်လေး စိတ်ဝင်စားနေတဲ့ပုံနဲ့
“မင်းက ဘာပါလိမ့်လို့ တွေးနေတာ လက်ဆသတ်တော့ စပျစ်သီးနတ်သူငယ် ဖြစ်နေတာကိုး”
ငါ့ရှေ့မှာ ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတဲ့ သူ့ပါးစပ်ကို ကြည့်ရင်း လောင်ဟူပြောခဲ့တာကို သတိရလိုက်တယ်? “ငါတို့လို သစ်သီးနတ်သူငယ်တွေနဲ့ သစ်သီးနတ်လေးတွေက အပြင်လောကမှာဆို စားစရာတွေပဲ၊ တကယ်လို့ ငါတို့ အပြင်ထွက်လိုက်ရင် အစားခံရလိမ့်မယ်” ငါလန့်လွန်းလို့ မျက်လုံးကျပ်ကျပ်မှိတ်ထားမိတယ်။
‘လောင်ဟူ အိုး လောင်းဟူရေ ငါတော့ နတ်မဖြစ်ခင် ရွှေကျင်းထဲက တစ်ဖဝါးမှ မခွာနိုင်ပဲ ကျီးကန်းကောင် ဗိုက်ထဲမှာ သေရတော့မယ်ထင်တယ် ငါ့ကို အရင်သွားခွင့်ပြုပါတော့’
မျက်လုံးတွေမှိတ်ထားလိုက်တဲ့ ရလဒ်ကတော့ မှိတ်ရင်း မှိတ်ရင်း အိပ်ပျော်သွားတော့တာပဲ။ ငါနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရင်းကနေ နိုးလာတော့ မြင်မြင်သမျှ မှောင်မိုက်နေတာပဲ။ နေမထွက်သေးတာများလား? ရုတ်တရက်ကြီး ငါ့ပေါ်ကို ထိုက်တောင်ကြီးပိကျလာသလို ခံစားလိုက်ရပြီး ပြောလိုက်မိတယ် ‘တကယ်လို့ ငါက ဒီကျီးကန်းရဲ့ အစာအိမ်ထဲမှာရောက်နေတာဆိုရင် ငါလူသားအသွင်ပြောင်းလိုက်ရင် ဒီကျီးကန်းခန္ဓာကိုယ်ကြီးကို ဆွဲဖြဲမိသွားမှာပေါ့’
ငါချက်ချင်းပဲ လူသားအသွင် ပြောင်းပစ်လိုက်တယ်။
ငါအသွင်ပြောင်းပြီးတော့ အလင်းရောင်ကို စူးခနဲတွေ့လိုက်ရတယ်။ ဒါပေမဲ့ ငါကျီးကန်းကောင်ကို ဆွဲမဖြဲမိဘူးရော။ ဘေးကိုကြည့်လိုက်တော့ ကျီးကန်းကောင်က ကျီးကန်းအသွင်ပြန်ပြောင်းထားပြီး အိပ်နေတယ် သူ့အမွှေးတွေက အရင်ကထပ်ပိုစုံလာပြီး သူ့ရဲ့ အတောင်နဲ့ ပိနေလို့ ငါခုနက အလင်းရောင် မမြင်ရတာဖြစ်မယ်။
ကြည့်ရတာ ကျီးကန်းတွေက စပျစ်သီးမစားဘူပဲ။ တော်သေးတာပေါ့။
အကြီးအကဲကြီးကို မနေ့တုန်းက လူကြုံမရှိလို့ စကားမပါးလိုက်ရဘူးပဲ ၊ အခုပဲ စည်းဘက်ကို သွားကြည့်ရမယ်။ ငါတံခါးနားရောက်ရုံပဲရှိသေးတယ် ညိမ့်ညိမ့်ညောင်းညောင်း အသံတစ်သံကြားလိုက်ရတယ်။
“မနက်စာ ယူလာခဲ့”
အဲ့ဒီကျီးကန်း နိုးလာပြီး လူအသွင်ပြောင်းကာ ပျင်းပျင်းရိရိ အိပ်ရာပေါ်မှာ မှီရင်း ပြောလိုက်တယ်။ အသံကိုကြားရတာ သူက လူတွေကို အမိန်ပေးနေကျ ဖြစ်ပုံပဲ ဒါပေမဲ့ ငါကတော့ ဒီလိုအမိန့်ပေးခံရတာကို ကျင့်သားမရဘူး။
အဲ့ဒီတော့ ငါမသိချင်ယောင်ဆောင်ပြီး အပြင်ထွက်မလို့ရှိသေးတယ် ကျီးကန်းက နောက်ထပ် ထပ်ပြောလိုက်ပြန်တယ်။ “မြန်မြန်ပြန်လာခဲ့”
ဒါပေမဲ့ ဒါပေမဲ့ ပဲထပ်ပြောရမယ်၊ နောက်ဆုံးတော့ ငါသူစားမဲ့ အစားအစာကို ရှာတွေ့ပြီး သူ့ဆီယူသွားပေးလိုက်တယ်။ ဒါပေမဲ့ ကျီးကန်းရဲ့ မျက်နှာက မနေ့ကလိုပဲ ဖြူလိုက်စိမ်းလိုက် ဖြစ်သွားပြန်တယ်။ ‘သူအရမ်းကြိုက်တဲ့ဟာ မို့လို့ များလား’ တွေးလို့မှမဆုံးသေး ကျီးကန်းက အဲ့တာကို တွန်းပစ်လိုက်ပြီး ဒေါသတကြီး
“နင့်ဟာနင်စားလိုက်”
ငါခေါင်းငုံ့ပြီး ပန်းကန်ထဲမှာ တွန့်လိမ်နေတဲ့ တီကောင်တွေကို ကြည့်လိုက်တယ် အဆင်ပြေနေတာပဲကို။
“ကျီးကန်းတွေက တီကောင်တွေပဲစားတာလေ မဟုတ်ဘူးလား”
ငါအားတွေအကုန်ခံပြီး တစ်ခြံဝန်းလုံးပတ်တူးပြီး ပန်းကန်ထဲထည့်လာပေးရတာ နှမြောစရာကောင်းလိုက်တာ။
ဒီတစ်ကြိမ်တော့ ကျီးကန်းရဲ့ မျက်နှာက ပိုထူးဆန်းလာသလိုပဲ လိမ္မော်ဝါစိမ်းနီပြာ ပြောင်းသွားပြီး နောက်ဆုံး ခရမ်းပုတ်ရောင် ပြောင်းသွားတယ်။
“မင်း ဒီမကောင်းဆိုးဝါး ငါက ကျီးကန်းပါလို့ မင်းကိုဘယ်သူက ပြောတာလဲကွ”
ငါ ကြက်သေသေပြီး သူ့ကိုစိုက်ကြည့်နေမိရင်း
“အဲ့တာဆို အဲ့တာဆို နင်က သပိတ်လွယ်ငှက်လား?။”
ငှက်ကောင်က ဒေါသတကြီး စိုက်ကြည့်ပြီး ဘာမှပြန်ပြောမလာဘူး။ (အမှန်က စိတ်တိုလွန်းလို့ ဘာမှမပြောနိုင်တော့တာ :XD) ငါထင်တာတော့ သူက တိတ်တိတ်လေး ထောက်ခံနေတာလား မသိဘူး။ ငါ့စိတ်ထဲမှာတော့ ငါသူ့ကို ကျီးကန်းလို့ ပြောတာနဲ့ သူငါ့ကို မကောင်းဆိုးဝါးလို့ ပြောတာနဲ့ ကျေပြီထင်တာပဲ။
သူရဲ့ လက်မောင်းကိုဝှေ့ယမ်းပြီး မတ်တပ်ရပ်ပြီးတဲ့အခါမှာ သူ့ကိုယ်ပေါ်မှာ နေရောင်လိုတောက်ပနေတဲ့ ရွှေရောင်ဝတ်စုံ ဝတ်ပြီးသားဖြစ်သွားတယ်။ ငါသူ့ကို သေချာကြည့်မိတော့ သူမျက်ခုံးတွေက ငါ့ထက်ထူတယ်၊ သူ့ရဲ့ နှာခေါင်းက ငါ့ထပ် ပိုဖြောင့်တယ်၊ အရပ်လဲ ငါ့ထပ်ရှည်တယ် ပြီးတော့ သူ့မှာ အဲ့ဒီ ဘာမှန်းမသိတဲ့ အရာလဲ ရှိသေးတယ်။ အဲ့ဒါတွေက လွဲရင် အမျိုးသားတွေ နဲ့ အမျိုးသမီးတွေ ကြားမှာ ဘာမှ သိပ်ကွာတာ မရှိပါဘူး။
“စိမ့်စမ်းရေ ရှိလား?” သူက ငါ့မျက်နှာကို ကြည့်ရင်းမေးတယ်။
“မိတ်ဆွေ ငါ့နောက်က လိုက်ခဲ့ပါ”
ဒီငှက်ရဲ့ ဒေါသက မသေးဘူး ငါတို့ သစ်သီးတွေအနေနဲ့ သူ့ကို မလိုအပ်ပဲ သွားမရှုပ်သင့်ဘူး။ ငါ ကောင်းကောင်းမွန်မွန် တွေးတောပြီး သူပြောတာလုပ်ပေးလိုက်တယ်။ ငါ့ခြံဝန်းတစ်နေရာမှာ လေးရာသီလုံး ခမ်းခြောက် အေးခဲမသွားနိုင်တဲ့ စမ်းရေအိုင်ကြီး တစ်အိုင်ရှိတယ်။ လောင်ဟူက ပြောဖူးတယ်။
“ထောင်ထောင်ရဲ့ နေရာက ကောင်းကင်နန်းတော်က သုခဘုံကြီးနဲ့ တောင် ယှဥ◌်လို့ရတယ်။”
သူကောင်းကင်နန်းတော်ကို ရောက်ဖူးလားတော့ မသိပေမဲ့ ငါကတော့ ငါ့ရဲ့ ရေအိုင်ကြီးကို အရမ်းဂုဏ်ယူရတာပဲ။
စမ်းရေအိုင်ကိုမြင်တော့ သပိတ်လွယ်ငှက်ရဲ့ မျက်နှာထားက ပိုကောင်းလာတယ်။ သူလက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်တော့ သူ့လက်ထဲမှာ အဖြူရောင် ကျောက်စိမ်းခွက် တစ်ခွက်ပေါ်လာတယ်။ သူက စမ်းရေကို ခွက်တစ်ဝက်လောက် ခပ်ပြီး ခွက်ကို လှုပ်ပြီး အနံ့ခံကြည့်တာ လက်ဖက်ရည်ကို အရသာခံကြည့်နေသလိုပဲ။ နောက်တော့ သူသောက်ကြည့်လိုက်ပြီး
“ဒီစမ်းရေက လတ်ဆတ်ပြီး ဒီတိုင်းတောင် သောက်လို့ကောင်းတယ်”
ငါ သူဘာပြောနေလဲဆိုတာ ဂရုမထားနိုင်ဘဲ ခုနတုန်းက သူလွယ်လွယ်ကူကူနဲ့ ဒီအထူးကောင်းမွန်လှတဲ့ ခွက်ကို ဆင့်ခေါ်သုံးလိုက်တာကိုပဲ မနာလိုစွာ ကြည့်နေမိတယ်။ အရာဝတ္ထုတွေကို ပြောင်းလဲပုံကို ငါသိပေမဲ့လည်း ငါအခုချိန်ထိ တစ်ခုခု ဆင့်ခေါ်ဖန်ဆင်းမယ်ဆိုရင် သစ်ရွက်မဟုတ်ရင် မြက်ပင် တစ်ခုခုကို သုံးနေရတုန်းပဲ။ လေကနေ မဖန်ဆင်းနိုင်သေးဘူး။ လောင်ဟူလဲ မလုပ်နိုင်ဘူး ။ အကြီးအကဲကြီးကတော့ လုပ်နိုင်တယ်။ ဒါကိုကြည့်လိုက်တာနဲ့ ဒီသပိတ်လွယ်က သေချာပေါက် သာမန်နတ်သား မဖြစ်နိုင်ဘူး ၊ အဆင့်တော်တော်မြင့်တဲ့ နတ်ပဲ ဖြစ်ရမယ်။ ငါချက်စားဖို့ တွေဝေသွားမိတာ တကယ်ကို နောင်တရမိတယ် သူ့ရဲ့ အမြုတေသာရလိုက်ရင် ငါအခုဆို နတ်သမီးဖြစ်နေပြီ။ ဆိုးတာက ငါ့အရည်အချင်းနဲ့ အခုနေသာ သူ့ကို သွားတိုက်လိုက်ရင် ငါသေသွားလောက်တယ်။
အိုးး.....နောင်တ တစ်ခါရပြီး သက်ပြင်းသုံးခါချလိုက်ရတယ်။
ငါ့ခေါင်းကနေရတာ တစ်မျိုးဖြစ်လာလို့ မော့ကြည့်လိုက်တော့ သပိတ်လွယ်ငှက်စုတ်က ငါ့ဆံထုံးကို လက်နဲ့ညစ်လိုက် ပွတ်လိုက် ဆော့နေတယ်။ ရိုးရိုးသားသား ပြောစမ်းပါ။ ငါ့ဆံထုံးက အဲ့လောက်တောင် ဆော့ကောင်းနေလား? ဒီလူကြီးက ဆံထုံးတွေကို စွဲလမ်းတတ်သူကြီးများလား?
“မကောင်းဆိုးဝါးလေး ဘာတွေများ သက်ပြင်းချနေတာလဲ?”
ကြည့်ရတာ သပိတ်လွယ်ရဲ့ မှတ်ဉာဏ်က လောင်ဟူလိုပဲ မကောင်းဘူးထင်ပါ့။ ပါးစပ်ဟလိုက်တိုင်း ငါ့ကို မကောင်းဆိုးဝါး လို့ပဲခေါ်နေတော့တာပဲ။
ရေအိုင်ဘောင်မှာထိုင်ချလိုက်ပြီး ဖိနပ်နဲ့ ခြေစွပ်ကိုချွတ်လိုက်ကာ ရေထဲမှာခြေထောက်စိမ်ထားရင်း သက်တောင့်သက်သာ ဖြစ်စေတဲ့ အေးစိမ့်မှုလေးကို ခံစားနေလိုက်တယ်။ ငါရေတွေကို ကန်ဆော့ရင်း သပိတ်လွယ်ကို ကြည့်မိတော့ မျက်နှာကြီး မည်းမှောင်နေတာကိုတွေ့လိုက်တယ်
“ဒီရေအိုင်ကို ဘာတွေလုပ်ဖို့ သုံးတာလဲ?”
ငါအံ့ဩစွာနဲ့ ဖြေလိုက်တယ်?
“စမ်းရေအိုင်ပါဆို သေချာပေါက် ခြေလက်ဆေးဖို့ ရေချိုးဖို့ အဝတ်လျှော်ဖို့ သုံးတာပေါ့”
“မင်း!!!”
သပိတ်လွယ်ရဲ့ မျက်နှာက ဖောင်းကားလာကာ မည်းလွန်းလို့ ပြာတတ်လာပြီး သူက သူ့ပါးစပ်ကို လက်နဲ့အုပ်ပြီး အော့အန်တော့တယ်? နည်းနည်းကြာပြီးနောက် သူက ဒေါသထွက်စွာနဲ့
“မင်း အရိုင်းအစိုင်း မကောင်းဆိုးဝါး ညစ်ပတ်လှချေလား?”
ငါနားမလည်တော့ဘူး ၊ ခုနက သူပဲ ‘အရသာရှိလိုက်တာ’ လို့ပြောခဲ့တာ မဟုတ်ဘူးလား? အခုကျတော့ ‘ညစ်စုတ်လိုက်တာ’ လို့ပြောတာလဲ သူပဲ။ သပိတ်လွယ်က တော်တော် စိတ်အပြောင်းအလဲ မြန်တာပဲ။ သူက လူတစ်ယောက်ကို အသေးအဖွဲလေးတွေတောင် ခံစားရခက်အောင် လုပ်နိုင်တာပဲ။
သပိတ်လွယ်က စိတ်ကိုလျော့ပြီး နှဖူကို လက်နဲ့ ပွတ်လျက်
“ထားလိုက်ပါတော့”
ပြောပြီးနောက် ပတ်ဝန်းကျင်ကိုကြည့်ကာ
“ဒီနေရာက ပန်းနယ်မြေလား?”
“အွန်း”
ဒီအချိန်မှာ သပိတ်လွယ်ကို တစ်ခွန်းထဲပြောရရင် ဒေါသကြီးပြီး ရုပ်ချောတာပဲရှိတဲ့ မှတ်ဉာဏ်မကောင်းတဲ့အပြင် စိတ်အပြောင်းအလဲမြန်ပြီး တုံ့ပြန်မှုနှေးတဲ့ သူလို့ပဲမြင်တယ်။
သူက ငါ့ကို တစ်ချက်ကြည့်ပြီး လက်ကိုယမ်းလျက် ခုနှစ်ရောင်ခြယ်တိမ်တိုက် တစ်ခုကို ဆင့်ခေါ်လိုက်တယ်။ သူတိမ်တိုက်ပေါ်ကို တက်ဖို့ ခြေထောက်မြှောက်လိုက်တာနဲ့ သူပန်းနယ်မြေထဲက ထွက်သွားတော့မယ်ဆိုတာ သိလိုက်တယ် ။ ငါအမြန် သူ့လက်ကို ဆွဲထားပြီး
“မိတ်ဆွေ ငါ့ကို အသက်ကြွေး မဆပ်ရသေးဘူးလေ”
သူက လက်ကိုနောက်ပစ်ရင်း လှောင်ပြုံးပြုံးပြီး
“အိုး ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်က ဘယ်လိုများ ပြန်ကျေးဇူးဆပ်စေချင်တာများလဲ?”
ငါလက်ချောင်းတွေကို လိမ်ရင်းစဥ◌်းစားတယ်။
“ငါ့ကို ဒီနယ်မြေက ထွက်ပြီး ကောင်းကင်နန်းတော်ဆီ ခေါ်သွားပေးရင် အကြွေးကျေပြီလို့ သတ်မှတ်မယ်”
ငါလဲပြောပြီးရော သူငါ့ကို မူလ စပျစ်သီးပုံပြောင်းပစ်လိုက်တယ်? ငါစိတ်တိုသွားပေမဲ့ အဲ့ဒီ သပိတ်လွယ်က ငါ့ကို သူ့လက်ဖဝါးပေါ်မှာ တင်ပြီး
“ငါမင်းကို ဒီလိုခေါ်သွားမှ ဘယ်သူမှ သတိမထားမိမှာ”
သူငါ့ကို အင်္ကျီလက်ထဲထည့်ပြီး တိမ်ပေါ်မှာ ပျံသန်းသွားတော့တယ်? ဘယ်လောက်ကြာကြာ ပျံသန်းသွားရလဲ မသိဘူး ငါတော့ အင်္ကျီလက်ထဲမှာ ဘယ်ညာလှိမ့်နေတာပဲသိတယ်။ ငါခေါင်းတွေချာချာလည်ပြီး ဘာမှကို မသိတော့ဘူး။
ငါတို့ရပ်လိုက်ချင်းမှာပဲ အံ့ဩဝမ်းသာတဲ့ အသံတစ်သံ ကြားလိုက်ရတယ်
“ဒုတိယမင်းသား ပြန်လာပြီ ၊ ဒုတိယမင်းသား ပြန်လာပြီ မြန်မြန် မြန်မြန်လေး ကောင်းကင်မင်းကြီးဆီ သတင်းပို့ကြ”
ပြီးနောက်မှာတော့ သူ့နားမှာ ပန်းရနံ့ငါးမျိုးလောက်ရလိုက်ပြီး တစ်ယောက်တစ်ပေါက် ပြောသံတွေနဲ့ ဆူညံသွားတော့တယ်။
“ဇာမဏီအရှင် ဘယ်တွေများရောက်နေခဲ့တာလဲ ၊ ကျွန်တော်မျိုးမတို့ စိတ်ပူလို့ သေရပါတော့မယ်”
“ငါက အပြင်လောကကို ခနလောက်ကြည့်ကြည့်ဖို့ ရက်နည်းနည်းလေး ထွက်သွားမိတာပါ၊ ဒီကအလှလေးတွေကို စိတ်ပူစေမိပြီ”
ညင်သာလှတဲ့ အသံတစ်သံက ဆက်ပြီး
“ဇာမဏီအရှင် အရှင်က သိပ်ဆိုးတာပဲ ၊ သူများလန့်သေအောင် လုပ်တယ်”
အိုမင်းတဲ့ အသံတစ်သံကြားလိုက်ရတယ်
“ဒုတိယမင်းသား ပြန်လည်မွေးဖွားခြင်းအောင်မြင်တာ ဂုဏ်ယူပါတယ်၊ ဒီ အသုံးမကျတဲ့ လူအိုကြီး အရှင့်သားကို ကာကွယ်ဖို့ ပေါ့လျော့မိလို့ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို အပြစ်ပေးပါ”
ပြန်လည်မွေးဖွားတာ ? နိဗ္ဗာန်ကနေ ပြန်လည်မွေးဖွားတာ ? ငါရွှေကျင်းအပြင်ကို မထွက်ဖူးပေမဲ့ စာအုပ်တွေတော့ဖတ်ဖူးတယ်၊ နိဗ္ဗာန်ကနေ ပြန်လည်မွေးဖွားတာက ဇာမဏီတွေမှာပဲ ရှိတာမလား? ငါတကယ်ကြီး မထိန်းနိုင်အောင် လန့်သွားတယ်။ ဒီတော့ ငှက်စုတ်က ဇာမဏီငှက်ကြီးပေါ့။
မည်းသည်းနေတဲ့ လက်ဝါးလောက်ဟာလေးက ကျီးကန်းမဟုတ်ပဲ မီးကျွမ်းထားတဲ့ ဇာမဏီ ဖြစ်နေတယ်။ တိတ်ဆိတ်သွားပြီး ပန်းနံ့တို့ မရှိတော့တဲ့နောက် ဇာမဏီက ပြောလိုက်တယ်
“ဒီကိစ္စက နတ်မင်းလျောင်ယွမ် နဲ့ ဘာမှ မဆိုင်ပါဘူး ၊ ‘နှစ်တစ်ရာလုံးမှာ သူခိုးတွေပဲရှိပေမဲ့ သူခိုးဖမ်းတဲ့သူတွေကတော့ရှိမလာဘူး’ ဒီစကားပုံနဲ့ ဒီဖြစ်ရပ်နဲ့ မကိုက်ညီဘူးလား”
“အရှင်မင်းသား ပြောတာက....”
သူဆက်ပြောတာကို မကြားရခင်ပဲ သူ့အင်္ကျီလက်ထဲကနေ ငါလျှောကျသွားပြီး လူပုံပြောင်းသွားကာ ကြမ်းပြင်ပေါ်ထိုင်ရက်ပြုတ်ကျသွားတယ်၊ ငါ့ဖင်က နာလွန်းလို့ မျက်ရည်တွေတောင်ဝဲလာပြီး မော့ကြည့်လိုက်တယ်။ အဖြူဆွတ်ဆွတ်ဝတ်ထားတဲ့ နတ်မင်းအိုတစ်ပါး ငါ့ကို ကြောင်ကြည့်နေတာကိုတွေ့လိုက်ရတယ်။ နည်းနည်းလေးကြာပြီးနောက် သူမေးလာတယ်
“ဒီကလေးက ဘယ် ဘယ်က ရောက်လာတာလဲ?”
ဇာမဏီစုတ်က တစ်ချက်ကြည့်ပြီး ဂရုမစိုက်စွာနဲ့
“ကျေးဇူးကြွေး ပြန်ဆပ်ချင်နေတဲ့ ဘာမဟုတ်တဲ့ မကောင်းဆိုးဝါးလေး”
“အရှင်မင်းသားက သဘောကောင်းလိုက်တာ၊ သင် ဒီလောက်ဒုက္ခရောက်နေတာတောင် တခြားနယ်မြေတွေကို ကူညီပေးနိုင်သေးတယ်”
ခံပြင်းလိုက်တာ၊ ငါတကယ်ကြီးကို အဲ့ဒီဇာမဏီစုတ်ရဲ့ မျက်လုံးတွေကို ကလော်ထုတ်ပစ်ချင်လာပြီ ၊ စကားကိုရှင်းရှင်းလင်းလင်း ပြောလို့မရဘူးလား? အခုတော့ နတ်အိုကြီးက ငါကမှ အကြွေးပေးးရမဲ့သူလို့ အထင်လွဲသွားပြီ။ ငါပြန်ရှင်းပြမလို့ရှိသေးတယ် နတ်အရာရှိ တစ်ပါးက တံခါးဖွင့်ပြီး ဝင်လာကာ ကြေငြာလိုက်တယ်။
“အရှင်မင်းကြီးက မီးနတ်သားကို ချက်ချင်းလာတွေ့ဖို့ အမိန့်ပေးလိုက်ပါတယ်”
“ရွှီဖုန်း အရှင်မင်းကြီး အမိန့်ကို နာခံပါတယ်”
ဇာမဏီက ဦးညွှတ်အရိုအသေပေးပြီးနောက်
“နတ်မင်းလျောင်ယွမ် ကျွန်တော်နဲ့ တစ်ခါထဲ လိုက်ခဲ့မလား”
“မင်းသား ဦးဆောင်ပါ”
လူအုပ်ကြီးက ငါ့တစ်ယောက်ထဲ ဒီခန်းမကျယ်ကြီးထဲမှာ ထားခဲ့ကြတယ်။ ခန်းမအလယ်က ကျောက်တိုင်မှာ ရေးထားတဲ့ “ချီဝူ” ဆိုတဲ့ စာလုံးကို ကြည့်လေ ကြည့်လေ ရွံမုန်းလာမိလေပဲ။
ငါ့ဟာငါ ထလာပြီး ခန်းမအပြင်ဘက်ကို လမ်းလျှောက်ထွက်ကာ ဘယ်ဘက်ကြည့်လိုက် ညာဘက်ကြည့်လိုက် ကြည့်လိုက်တယ်။ ဒါက ကောင်းကင်နန်းတော်လား? ဘာမှလဲ ထူဆန်းမနေဘူး။ မြူခိုးတွေနဲ့ နယ်မြေတစ်ခုစီကို အပိုင်းလိုက်ခြားထားတဲ့ပုံကိုပဲ အပေါ်မှာ မြင်ရတယ်။ ငါလမ်းတွေကို သေချာမမြင်ရတော့ ဒီတိုင်းရောက်တတ်ရာရာ လျှောက်သွားလိုက်တယ်။
အဲ့ဒီတုန်းက နတ်တွေအကုန်လုံးက လမ်းမလျှောက်ပဲ သွားလိုရာကို ပျံသန်းပြီးပဲ သွားတယ်ဆိုတာ ငါမသိသေးဘူး။
ဇာမဏီရဲ့အိမ်တော်က တော်တော်ကျယ်တယ် ဆိုတာ သတိထားလိုက်မိတယ် ဒါပေမဲ့ သစ်ပင်ပန်းမန်တွေကတော့ အရောင်မှိုင်းပြီး ငြီးငွေ့စရာကောင်းတယ်။ ငါဟိုနား သည်နားက ပန်းတွေကို ရေတွက်ကြည့်တာ သစ်ခွပင်ရယ် အနီရောင်နဲ့ အဖြူရောင် ဖီးနစ်ပန်းရယ် သုံးမျိုးပဲရှိတယ်။ ဘာမှ သိပ်မှတ်စရာတောင် မရှိဘူး။
ငါလှည့်ပတ်ကြည့်နေရင်း အနီရောင် ဖီးနစ်ပန်းတွေ ရဲရဲတောက် ကြွေကျနေတဲ့ ကြားထဲမှာ ဖောင်းကားလုံးထွက်နေတဲ့ နီနီအရာ တစ်ခုကိုတွေ့လိုက်တယ်။ အဝေးကနေသေချာ မမြင်ရတော့ အနားသွားကြည့်လိုက်တယ်။ အနီရောင် ပွင့်ဖတ်တွေကို ဖယ်လိုက်တော့ မီးလိုနီတောက်နေတဲ့ အနီရောင်အမွှေးတွေနဲ့ သားရဲကောင် သေးသေးလေးက ဘောလုံးလေးလို ကွေးပြီး အိပ်နေတာ ဟောက်သံပိစိလေးထွက်ကာ အိပ်ပျော်နေပြီး နားရွက်ထောင့်စွန်းလေးနဲ့ လက်လေးတွေပဲ မြင်ရတယ်။
လက်လေးအလယ်က ကတ္တီပါလို နူညံ့တဲ့ အပိုင်းလေးကို ထိကြည့်ဖို့ ငါ့လက်ကို ဆန့်လိုက်တယ်။
အိုး အရသာရှိမဲ့ပုံလေး
ငါထပ်ပြီး ပွတ်ကြည့်ရင်း ဗိုက်ကို ဆွဲလိမ်လိုက်မိတယ်။
###########################

ချိုမြိန်မှုတို့အလွန်Where stories live. Discover now