... 𝑢𝑛𝑖𝑐𝑜𝑑𝑒 ...

747 103 60
                                    

နွေဦး...

တစ်ခုသောနွေဦး...

အိမ်ကနေ ဘတ်စ်ကားမှတ်တိုင်ကိုသွားတဲ့လမ်းတစ်လျှောက်မှာတော့ ပန်းပွင့်တွေက အစီအရီဖြင့် ရောင်စုံဖူးပွင့်ကာ နွေဦးကိုကြိုဆိုနေကြသည်။ အဲ့ဒီလိုရောင်စုံပန်းပွင့်တွေထဲမှာမှ အဝါရောင်တွေကို မကြိုက်‌.. အဝါရောင်အသုံးအဆောင်မှန်သမျှကိုလည်း ချန်ယောလ်သဘော‌မတွေ့တာအမှန်။

သို့သော်လည်း ဝတ်ရည်စုဆောင်းဖို့အားသာနေကြတဲ့ လိပ်ပြာတွေကတော့ အရောင်အဆင်းကိုအာရုံစိုက်မိပုံမရဘဲ ပန်းပွင့်တွေထက်မှာ ပျံဝဲနေကြသည်။ ထိုမြင်ကွင်းက မြင်ရသူတိုင်းစိတ်မှာကြည်နူးစရာဖြစ်နိုင်ပေမယ့် ဘောလုံးကန်ဖို့နဲ့ ကျောင်းစာကလွဲပြီး ဘယ်အရာကိုမှစိတ်မဝင်စားတဲ့ ချန်ယောလ်ရဲ့စိတ်ထဲမှာတော့ အားလုံးကစိတ်ရှုပ်စရာဖြစ်နေသည်။

ဘတ်စ်ကားရောက်လာတာနဲ့ အတွေးတို့ကိုအဆုံးသတ်လိုက်ရသည်။ ကားပေါ်ရောက်တော့ လူနေရာအပြည့်မို့ ဘားတန်းကိုလှမ်းဆွဲကာ မတ်တပ်ရပ်လိုက်ရတာမို့ နားကျပ်တပ်လိုက်ပြီး သီချင်းနားထောင်ရင်းသာလိုက်ပါလာခဲ့သည်။

မှတ်တိုင်တွေတစ်ခုပြီးတစ်ခုကျော်လာလေ ကားပေါ်မှာလည်း လူကျပ်လာလေမို့ ချန်ယောလ်မှာ ကားရဲ့ဟိုးအနောက်ဘက်ထဲအထိရောက်သွားသည်။ လူတွေကို တော်ရုံနဲ့စိတ်မဝင်စားတတ်တဲ့ ချန်ယောလ်က ကားရဲ့နောက်ဆုံးခုံက ထောင့်ကျကျတစ်နေရာမှာထိုင်နေတဲ့ အဖြူလုံးလေးကိုတော့ အာရုံရောက်သွားမိသည်။ Mask အုပ်ထားတာကြောင့် မျက်နှာကိုသေချာမမြင်ရသော်လည်း မျက်မှန်အဝိုင်းလေးအောက်ကမှေးမှိတ်ထားတဲ့မျက်ခွံတွေကို ဝန်းရံထားတဲ့မျက်တောင်စိတ်စိတ်တို့ကို မြင်နေရသည်။

ချန်ယောလ်ကြည့်နေမိတာကြာပြီဖြစ်သော်လည်း ထိုအဖြူလုံးက ငြိမ်ကုပ်နေတာများ အရုပ်လေးတစ်ရုပ်ကို ထိုင်ခုံပေါ်ချထားတဲ့အတိုင်းပင်။ ချန်ယောလ်သည် ပုံမှန်ဆို လူတစ်ယောက်ကို အကြာကြီးစိုက်ကြည့်ဖို့နေနေသာသာ စိတ်ပင်မဝင်စားတတ်သူ။ ဒါပေမယ့် ဒီကောင်လေးကတော့ စိုက်ကြည့်ချင်စရာကောင်းလောက်အောင်ကို....

𝑺𝒂𝒏𝒇𝒕𝒆 𝑳𝒊𝒆𝒃𝒆 🍁Where stories live. Discover now