Unicode

615 66 21
                                    

Hello stranger...
အနားနားကို လှမ်းလာပေးပါ။
စိမ်းသက်မနေပါဘူး။
မင်းအ​ကြောင်းတွေ ကိုယ့်ကို ပြောပြပေးပါ။

Lyrics - Hello Stranger by Kai🖤

........................................

ပိုးသားအကျီအဖြူရောင်​လေးဟာ လက်တစ်ချက်မြောက်တက်သွားလိုက်တိုင်း ေပျာ့ပျောင်းကာ ဝဲပါသွားတတ်၏။ လျင်မြန်ကာ ကျော့ရှင်းလွန်းသည့် ေခြတစ်လှမ်းချင်းစီတိုင်းမှာ ကပ်ပါသွားသည့် မျက်ဝန်းတစ်စုံဟာ တစ်ချက်သော်မျှ မလှုပ်ရှားသွားပါ။ အနက်ရောင်ဘောင်းဘီအရှည်ကြောင့် ပို၍ထင်သာနေသည့် ခြေတံရှည်တွေဟာ ကြမ်းပြင်နှင့်ပင် လွတ်နေသည့်အလား သွက်လက်ပေါ့ပါးစွာ ပြေးလွှားကခုန်နေသည်မှာ အတော်အတန်ကြာပြီဖြစ်သည်။

နဖူးထက်မှာ ချွေးစတို့နှင့် ကပ်နေသည့် ဆံစတွေဟာလည်း ခန္ဓာကိုယ််ကို တစ်ချက်လှည့်လိုက်တိုင်း ဝဲခါသွားတတ်ကြသေးသည်။ ထိုဆံစမှ ခြေဖျားအဆုံး မရပ်စတမ်း လှုပ်ရှားသက်ဝင်နေသည့် သက်ရှိရုပ်ထု​လို စီနီယာ့ကို ကျွန်တော် ဒီနေရာလေးကနေ အကြာကြီး ခိုးကြည့်နေမိသည်မှာ နာရီနှင့်ပင် ချီနေပြီဖြစ်ပါသည်။

" ဟေ့...ဆယ်ဟွန်း။ ဘာတွေအဲ့လောက်ကြည့်...."

" ရှူး!!!!"

အနားကိုကပ်ကာ ရုတ်တရက်ထအော်လိုက်သည့် ငနဲကောင်ကြောင့် အကခန်းထဲက နားပါးလွန်းသည့် စီနီယာက သူရှိရာတံခါးဘက်ကို ဖြတ်ခနဲလှည့်ကြည့်လာ၏။ အရှောင်ကောင်းလိုက်၍သာ မျက်နှာကို အမြင်မခံလိုက်ရခြင်းဖြစ်သည်။

" အွန်း...ငါ့ကို လွှတ်တော့​ေလ ခွေးကောင််ရဲ့"

" မင်းကွာ...ငါ့ကို တော်တော်နှောက်တဲ့ကောင်"

အကခန်းနှင့် ဝေးသည့် လှေကားထောင့်ကိုရောက်တော့မှ ဆယ်ဟွန်း သူ့ပါးစပ်ကို ပိတ်ထားသည့် လက်ကို လွှတ်ပေးလိုက်ကာ အရင်ဆုံးဦးအောင် အပြစ်တင်လိုက်သည်။ သူငယ်ချင်းဆိုသော်လည်း တကယ်လည်း လူကို ဒုက္ခပေးလွန်းသည့်ကောင်ဖြစ်သည်။ သူသာ ရောက်မလာရင် စီနီယာ့ကို နည်းနည်းလေးပဲဖြစ်ဖြစ် ပိုပြီးကြာကြာကြည့်လို့ရနိုင်မှာပဲကို။ ဒင်းကြောင့်သာ ဆယ်ဟွန်းရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ အကုန်ပျက်စီးရတာဖြစ်သည်။

Hello StrangerWhere stories live. Discover now