part (1)

21.4K 887 49
                                    

Unicode

ညမီးရောင်လေးတွေဖြင့်လှပနေသော ကားလမ်းမကြီးထဲ ရယ်သံလွင်လွင်လေးတွေထွက်နေသော အနီရောင်ကားလေးကလမ်းမကြီးအတိုင်းတစ်ရွေ့ရွေ့မှောင်းနှင်လို့နေသည်။ ကားလေးထဲလှပကျော့ရှင်းသောအမျိုးသမီးတစ်ဉီးနဲ့အတူ ချစ်စရာခြောက်နှစ်အရွယ်ကောင်ငယ်လေးတစ်ယောက်ပါရှိလို့နေသည်။
အချိန်ကားအတော်နောက်ကျနေခဲ့ပြီးဖြစ်တာကြောင့် လမ်းမကြီးထဲနေ့ခင်းဘက်မှာလိုကားများကျပ်သိပ်နေခြင်းမရှိဘဲ လမ်းတွေကရှင်းလင်းလို့နေသည်။

"Aigoo Ommaရဲ့သားငယ်လေးကဘာတွေပြုံးလေးနေတာလဲ။ Ommaကိုလည်းပြောပြပါဉီး"

သူမကားမောင်းနေရင်းမှ စဉ်းစားလိုက်ပြုံးလိုက်လုပ်နေသော သားငယ်လေးကြောင့်အသဲယားလာကာ မေးလိုက်ခြင်းပင်။

"ဟီး သားOmmaနဲ့ လျှောက်လည်ရတာအရမ်းပျော်တယ် ရုပ်ရှင်အတူကြည့်ရတာလည်းပျော်တယ် မေပယ်ရွက်တွေကြွေနေတဲ့လမ်းထဲ လျှောက်ရတာလည်းပျော်တယ်
မေပယ်ပင်ကြီးတွေကိုလည်းချစ်တယ် Ommaကိုလည်းချစ်တယ် Canada
နိုင်ငံကြီးကိုလည်းချစ်တယ်"

ချစ်စရာသားငယ်လေးက စကားတတ်စွာပြောတော့ သူမပြုံးလိုက်မိသည်။
ခက်ခဲစိတ်ဆင်းရဲမူတွေပြည့်နေတဲ့သူမဘဝထဲ သားငယ်လေးကသာ ဘဝရဲ့ခွန်အားလေး။ ငြိမ်းချမ်းရာလေးပင်။

"Ommaရဲ့သားငယ်လေးကစကားတတ်လိုက်တာ။သားလေးကCanadaကိုလည်းချစ်တယ်ပေါ့ဟုတ်လား"

သူမမေးတော့ သွားလေးတွေပေါ်အောင်ပြုံးပြပြီး ခေါင်းလေးညိတ်ပြကာ ဟုတ်​​​ကြောင်း
ထောက်ခံသည်။

"ဟုတ်ကဲ့"

"Canadaကိုချစ်တယ်ဆိုရင် Koreaကိုရောချစ်ရဲ့လားသားလေး"

"Koreaကို သားသဘောမကျဘူး။ မချစ်ဘူး"

ခေါင်းလေးခါရင်း ငြင်းနေသောသားလေး။

"ဟမ် ဘာလို့လဲသားလေးရဲ့။ KoreaမှာOmmaတို့လိုစကားပြောတဲ့သူတွေအများကြီးရှိတယ်လေ..."

"သားCanadaစကားကောင်းကောင်းပြောတတ်ပါတယ်"

သဘောက Canadaမှာkoreaစကားမပြောရပေမဲ့ အဆင်ပြေ နေနိုင်တယ်ပေါ့လေ။
သူ့ရဲ့သားငယ်လေးကတစ်ကယ်အတတ်လေး။ သားငယ်လေးကိုယ်ဝန်ရှိတည်းက Canadaကိုပြောင်းနေခဲ့ရတာ အခုဆိုသားလေးတောင်ကျောင်းနေအရွယ်လေးရှိနေပြီ။
Koreaလူမျိုးဖြစ်ပေမဲ့ koreaနိုင်ငံဆိုတာကိုဗီဒီယိုဖိုင်လေးတွေ၊ပုံလေးတွေ၊သူမပြောပြသောစကားတွေဖြင့်သာရင်နှီးခဲ့ဖူးသော သားငယ်လေးကkoreaကိုသဘောမကျတာ သဘာဝတော့ကျပါသည်။

ONE & ONLY  [Complete ]Where stories live. Discover now