[Unicode]
တီ ...... တီ ......တီ
‘Host ထတော့ 8:30 ရုံးသွားရတော့မယ် 8:30 နေပြီ '
Xiao Yu အော်သံကြောင့် Lu Xiao yuan တစ်ယောက်နိုးလာခဲ့တယ်
“ဘာလဲအော်မနေနဲ့ထမယ် ဘယ်နှစ်နာရီထိုးပြီမလို့ အဲ့လောက်ထိအော်နေတာလဲ"
‘8နာရီခွဲနေပြီhostရဲ့ ရုံးနောက်ကျတော့မယ် ရုံးနောက်ကျမှာစိုးလို့လဲနှိုးပေးရသေးတယ် လာအော်နေတယ် နောက်တစ်ခါကျရင်မနှိုးတော့ဘူး ဟွန့် ’
“စိတ်မကောက်လိုက်ပါနဲ့ Xiao Yu ကလည်း ထပြီနော် "
‘ထမယ်ဆိုရင် ထတော့ မဟုတ်ရင် company ကကန်ချခံရလိမ့်မယ် ဒီနေ့ဇာတ်လိုက်မ hostကိုကြံစည်မှာလေ host မေ့သွားပြီလား '
“မမေ့ပါဘူး ငါခိုင်းထားတာလုပ်ပြီးပြီလား"
‘ဟုတ် ပြီးပြီ host'
“အခုတော့ဘယ်နှစ်နာရီရှိပြီလဲ "
‘ 8:30ကျော်သွားပြီ '
“အော်.......ဘာပြောတယ် WTF ! နောက်ကျတော့ မယ် "Lu Xiao Yuan တစ်ယောက်အလောတကြီး ရေချိုးခန်းထဲသို့၀င်ပြီး အမြန် ရေချိုးနေတော့တယ် ထွက်လာပြီ အမြန်အ၀တ်အစားလဲ နေတယ် Xiao Yu တစ်ယောက်ကတော့
သူ့ hostလောနေကို ဟိုဘက်လည့်လိုက် ဒီဘက်လည့်လိုက်နဲ့ကြည့်နေတယ်Lu Xiao Yuan လည်း အမြန်အ၀တ်လဲပြီ taxi ငှားကာ ရုံးသို့အမြန်သွားနေတယ်
ရုံးရောက်တော့ အရင် Lu Xiao Yuan ရဲ့ မှတ်ဉာဏ် နဲ့ သူ့နေရာကိုရှာပြီးထိုင်လိုက်တယ် သိပ်မကြာပါဘူး ဒုတိယဇာတ်လိုက်ရောက်လာတယ်
ဒုတိယဇာတ်လိုက်ကသူ့ရှေ့ဖြတ်လျှောက်သွားတော့ သူလည်းဦးညွှတ်လိုက်တယ် ဒုတ်ယဇာတ်လိုက်က Lu Xiao Yuan ကိုကြည့်ပြီး စိတ်ညစ်တယ့်ပုံစံနဲ့“မင်းဘယ်လို၀တ်လာတာလည်း အ၀တ်စားကလည်း ဖရိုဖရဲနဲ့ necktie ကလည်းစောင်းနေတယ် ဖိနပ်ကလည်း အိမ်နေရင်းစီးဖိနစ်နဲ့ ဘယ်လိုတွေ၀တ်လာတာလဲ Company ကို အရှက်ရအောင်လုပ်နေတာလား ငါ့ secretary တစ်ယောက်အနေနဲ့ ဘယ်လိုတွေ၀တ်လာတာလဲ ငါ့ကိုပါအရှက်ရအောင်လုပ်နေတာ အခုချက်ချင်း ပြန်ပြင်လာလိုက် သွား လေ"
Lu Xiao Yuan လည်းအရင် Lu Xiao Yuan ပုံစံအတိုင်း ကြောက်သလိုနဲ့ဦးညွှတ်ကာသွားခဲ့တယ်
အမှန်တော့ရင်ထဲမှာ ဒေါသမီးတွေတောက်နေတယ်
‘ဟုတ်........ဟုတ်ကဲ့ CEO'
ဘယ်လိုကောင်လဲကွာ သောက်ကောင် သူတောင်းစာ လူကိုများပြောလိုက်တာများ ဟူး.......
Lu Xiao Yuan တစ်ယောက် အမြန် သန့်စင်ခန်းထဲသွားပြီး လက်ဆေးဘေဆင်မှန်ကနေ အ၀တ်စားသပ်ရပ်အောင်ပြန်လုပ်နေပြီး ပါးစပ်ကလည်းပွစီ့ပွစီ့နဲ့တစ်ယောက်ထဲပြောနေတယ်
YOU ARE READING
System Yu
Fantasy[Unicode] Xiao hei Bai ဟာတရုတ်ပြည်ရဲ့top3 ကုမ္မဏီတွေထဲကတစ်ခုကိုဦးစီးတဲ့ ငယ်ရွယ်ထက်မြတ်တဲ့Ceo တစ်ယောက် တစ်နေ့အလုပ်ကိစ္စနဲ့ခရီးသွားရင်းလမ်းမှာကား accidentဖြစ်ပြီsystem တစ်ခုနဲ့ချိတ်ဆက်မိရာမှ ဘာတွေဘယ်လိုကျော်ဖြတ်ရမလဲ [Zawgyi] Xiao hei Bai ဟာတရုတ်ပြည်...