"ကျေးဇူးပြုပြီး ငါနဲ့ဒီနေ့တစ်ရက်ပဲနေပေးပါ "
"နင်ကငါ့ရဲ့အိမ်လေး"
🌨️🌨️🌨️
အချိန်တွေကကုန်ဆုံးတာ အရမ်းမြန်ကြောင်း ဂျီဆူးသိခဲ့ရပြီ ။ ဘုရားသခင်ကိုလဲ ဂျီဆူးနားကြည်းမိသည် ။ အချိန်တွေသာရပ်တန့်ပေးရင် ဂျီဆူးပျော်ရွှင်မိစေမှာအမှန်ပင် ။ မွေးကတည်းကကံဆိုးခြင်းတွေ သယ်ဆောင်လာတဲ့ ဂျီဆူးကို ဘုရားသခင်လဲ စိတ်ပျက်နေလောက်ရောပေါ့ ။ ကံတရားကိုမယုံပေမဲ့ ဂျီဆူးဘ၀ကို ကံတရားကပဲ စီမံပေးခဲ့တယ် ။
မတရားလိုက်တာ ။ ရွေးချယ်ခွင့်တောင်မပေးဘူးကွာ ။ ဒါပေမဲ့ မသေခင်တော့ ဂျီဆူးစိတ်ကြိုက်နေခွင့်ရှိသေးတာပဲ ။ အင်းလေ ဂျီဆူးကိုဒီလိုဖစ်အောင်လုပ်တာသူတို့ပဲကို သေးသေးလေးခွင့်လွှတ်ပေးလိုက်ပါမယ် ။
ခရီးဆောင်အိတ်ထဲ မုန့်တွေပဲပစ်ထည့်ရင်း အဆုံးသတ်လိုက်တယ် ။ ကျန်တာတွေက လိုမှမလိုပဲကို ။
"ဟဲလို ဂင်ဂျင်းနီရှင့် "
"ရားးး ခုမှ ဖုန်းဆက်ရလားဟ ။ အီးဟီးးး ငါ့မှာစိတ်ပူလိုက်ရတာ ။ အန်တီကိုမေးမှ နင်ဂျယ်ဂျူသွားမလို့ဆို ။ ငါ့လဲမပြောဘူး အီးဟီးးး အကျင့်မကောင်းဘူး ။ ယုန်စုတ်မ "
ဖုန်းလေးတစ်ရက်မဆက်တာနဲ့ ဂျီဆူးကိုစိတ်ပူပီး မျက်ရည်တွေတွဲလွဲနဲ့ သူငယ်ချင်းကိုမြင်ယောင်ရင်း ဂျီဆူး ရယ်မိသည် ။
"အမယ်လေးဟယ် နင်ကလဲ ငါဘတ်ထရီအားကုန်သွားလို့ မဆက်မိတာပါဟ ။ တကယ်ပဲ ငိုနေလိုက်တာ ။ မြင်မကောင်းဘူး တိတ်တော့ "
"နင်နော် ။ ငါသိတယ် ။ ဘာဖစ်ဖစ်ဟာ ငါပါလိုက်ခဲ့မယ် ။ နင်အဲ့လိုကြီးတော့ မရက်စက်ပါနဲ့ဟာ ။ အန်တီလဲ ငိုနေတယ်ဟ "
ရင်ထဲမှာ အောင့်သက်သက်နဲ့ ။ ဂျီဆူးထပ်ပီး ဒုက္ခပေးပြန်ပီထင်တယ် ။ အန်တီလေးကိုတော့ တောင်းပန်ပါတယ် ။ ဂျီဆူးနောက်ဆုံးချိန်လေးမှာ တစ်ယောက်တည်းနေချင်လို့ပါ အန်တီလေးရယ် ။
"ငါအမှီပြန်လာမှာပါဟ ။ဟီး ငါသေဖို့နာရီ၀က်အလိုမှာ ပြန်လာမှာပါဟ ။ ဟဲဟဲ"