(Unicode)
"မင်္ဂလာပါ ဆရာမ"
"အေး အေး မင်္ဂလာပါ၊ ထိုင်ကြ"
ကြိမ်တုတ်တစ်ချောင်းဖြင့် ဆရာမက မာန်ပါပါမတ်တပ်ရပ်နေသည်။
"ကျေးဇူးတင်ပါတယ်ဆရာမ"
လွိုင်ကော်မြို့ထဲရှိ အဆောင်တစ်ခုတွင်ဖြစ်သည်။
"ဆရာမအခု အားလုံးကိုစုခိုင်းတာက ဒုတိယနှစ်ဝက် နောက်ဆုံးတစ်ဘာသာပဲကျန်တယ်။ အကောင်းဆုံးဖြေလာကြနော်။ မေးခွန်းသေချာဖတ်၊ မလျှမ်းစေနဲ့"
ကြိမ်တုတ်ကိုဝေ့ရင်း ဟန်ပါပါပြောနေသည့် ဆရာမ။ ကလေးများက ခါးမတ်မတ်ထိုင်ကာ တုပ်တုပ်မျှမလှုပ်ရဲကြပေ။
"ဟုတ်ကဲ့ပါ ဆရာမ"
"နောက်တစ်ချက်၊ ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ကျူရှင်မပိတ်ဘူး..."
"ဟင်..."
ကျောင်းသားများ အမူအရာလုံးဝပျက်သွားသည်။ ထိုကြိမ်တုတ်ကိုပင် မမှုကြတော့ပါ။ သူတို့စိတ်တွင် စိတ်မကောင်းခြင်းများစွာ ကြီးစိုးနေကြသည်။ အိမ်မပြန်ရတော့ဘူး။
"အခုနင်တို့အတွက်ပြောတာ။ ကိုးတန်းကိုတော့ သုံးရက်ပိတ်ပေးမယ်။ အထူးသဖြင့်ဆယ်တန်း၊ စာမေးပွဲကြီးက ဖင်နားကပ်နေပြီ။ အိမ်ပြန်ဖို့စဉ်းစားနေသေးတယ်။ အဲ့အစား ခရစ္စမတ်ပွဲကိုတော့ အဆောင်မှာတစ်ည လုပ်ပေးမယ်။ အဲ့ညမှာ အဝပျော်လို့ရတယ်"
"ရေး..."
ပျော်သွားကြတဲ့သူတွေရှိသလို မကျေနပ်သေးတဲ့ကျောင်းသားတွေလည်း အများကြီး။ ဒါပေမယ့် အဆောင်မှူးရဲ့ တစ်ချက်လွှတ်အမိန့်ကို ဘယ်သူကအတွန့်တက်ရဲပါ့မလဲ။ နောက်ဆုံးတော့လည်း မကျေနပ်ချက်တွေကို ပြန်မြိုသိပ်ကြရတာပါပဲ။
"ကဲ ဒီလောက်ပဲ၊ အားလုံးကျောင်းသွားဖို့ပြင်တော့။ စာရေးကိရိယာတွေ မကျန်ခဲ့စေနဲ့"
"ဟုတ်...မင်္ဂလာပါဆရာမ၊ ကျေးဇူးတင်ပါတယ် ဆရာမ"
အားလုံးပြိုင်တူနှုတ်ဆက်ပြီး တန်းစီကာ အခန်းပြင်ပြန်ထွက်ရသည်။ ဆရာမရှေ့ဖြတ်ရတာမို့ လက်ပိုက်ပြီး ဦးညွှတ်သွားကြရသည်။
YOU ARE READING
ကမ္ဘာတည်ရာ တောင်ကွဲမြေ (U/Z) {Completed}
General FictionUnicode "မင်း တောင်တန်းကြီးတွေကို ချစ်လား" စောမိုင်းခေါင် "အင်း အရမ်းချစ်တယ်။ တောင်တန်းကြီးကိုမြင်ရင် တောင်ပေါ်မြေက ချစ်သူကို အမှတ်ရစေလို့" ရှိုင်းဆက် Zawgyi ...