၃၁။

617 46 6
                                    

(Unicode)

"ဩ.."

ကျွန်တော့်စိတ်ထဲ ထိုသို့သာပြောမိ၏။

ဝီလျှံရဲ့စကားကို ကျွန်တော် မအံ့ဩမိပါဘူး။ဒါမှမဟုတ် စိတ်ခံစားချက် မရှိတော့တာဖြစ်မယ်။ သူကျွန်တော့်ကို နှိပ်စက်လို့မဝသေးလို့ သေခွင့်မပြုဘူးထင်တယ်။ အခုချိန် ကျွန်တော့်အတွက် ရှင်သန်နေခြင်းက မွန်းကြပ်နေသလို။

လောကကြီးက အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ။ ဘာလို့ ကျွန်တော့်ကို အဲ့လောက် နှိပ်စက်နေတာလဲဟင်။ အားလုံးကိုမုန်းချင်တယ်။ ကျွန်တော့်ဘဝကို ဖျက်ဆီးပစ်တဲ့ လူယုတ်မာကောင်ကိုလည်း မုန်းတယ်။ ကျွန်တော်နဲ့ ဝေးနေတဲ့ ရှိုင်းဆက်ကိုလည်း မုန်းချင်တယ်။ ကျွန်တော့်ကို ချန်ခဲ့တဲ့အပါး၊ အမိုး၊ ပြီးတော့ ကျွန်တော့်သူငယ်ချင်း ဇူး‌ဇူးမေ...အိုး အားလုံးမုန်းချင်တယ်။ ငါဘာလို့မွေးဖွားခဲ့ပါလိမ့်။

ဘုရားသခင် တပည့်တော်ကို ဘာလို့ဖန်ဆင်းပေးခဲ့တာလဲဟင်....?

ကျွန်တော်မိုက်ရဲစွာ ဘုရားကိုပါအပြစ်တင်မိ၏။ ကျွန်တော်အရမ်း စိတ်နာလို့ပါ။

‌~~~~

ကျွန်တော်ပြန်သတိရပြီး နှစ်ရက်အကြာ ဆေးရုံကဆင်းခွင့်ရသည်။ ဆရာဝန်က သူတို့ကိုဘာတွေမှာကြားခဲ့လဲ ကျွန်တော်မသိပေမယ့် အားလုံးက ကျွန်တော့်ကို အရင်ကထက်ပိုပြီး အများကြီး ဂရုစိုက်လာကြတယ်။

အမိုးကျွန်တော့်ကို မယ်စဲ့ကိုပြန်ခေါ်တယ်။ ကျွန်တော့်စိတ်ဒဏ်ရာကြောင့် ကျောင်း‌ေတာ့နားထားရတယ်။ ထိုအခါမှ ဟိုကောင်နဲ့မတွေ့ရလို့ ကျွန်တော် အနည်းငယ်စိတ်အေးသွားရတယ်။

ကျွန်တော်အိမ်ပြန်တဲ့ ကာလပတ်လုံး စကားတစ်လုံးမှမပြောမိဘူး။ ပြန်ပြောဖို့ ကျွန်တော့်မှာ စကားလုံးတွေ၊ အားတွေမရှိတော့ဘူး။ အမိုးရဲ့မေးခွန်းတွေကို ကျွန်တော်ခေါင်းညိတ်၊ ခေါင်းခါအမူအရာဖြင့်သာ ခွန်းတုံ့ပြန်မိတယ်။

ကျွန်တော် တစ်ယောက်တည်း လူမရှိတဲ့နေရာမှာ တိတ်တိတ်ဆိတ်ဆိတ် နေချင်တယ်။ ဒါကြောင့် အပြင်မထွက်ဘဲ အခန်းထဲသာ အောင်းနေမိတယ်။

ကမ္ဘာတည်ရာ တောင်ကွဲမြေ (U/Z) {Completed} Where stories live. Discover now