၁၉။

506 38 11
                                    

(Unicode)

"ထတော့ ကောင်လေး..အိပ်ပုတ်..."

ဖင်ကို အကြမ်းပတမ်းရိုက်ကာနိုးတဲ့ မိုင်းကြောင့် ရှိုင်းဆက် ထထိုင်လိုက်ရသည်။
မနေ့ညက အဖြစ်ကြောင့် တစ်ညလုံးစိတ်လှုပ်ရှားကာ လူးလိမ့်နေခဲ့ရခြင်း။ မနက်နှစ်နာရီကြက်တွန်သံချိန်မှ အိပ်ပျော်ခဲ့ရသည်။

မိုင်းကိုကြည့်တော့ အံမယ် အဝတ်အစားအသစ်တွေနဲ့။

"မိုင်း လန်းနေပါလား။ ဘယ်သွားမလို့လဲ?"

"မင်းကို ဆင်ဖြူတောင်ခေါ်သွားပေးမလို့။ အာ့ကြောင့် မြန်မြန်ပြင်ဆင်တော့..."

"ကျွန်တော်နဲ့ နှစ်ယောက်တည်းလား?"

"ဘယ်သူ့ကိုပါခေါ်စေချင်လို့လဲ? မြန်မြန်လုပ်တော့ နောက်ကျနေပြီ..."

ထိုအခါမှ ရှိုင်းဆက် မျောက်အုန်းသီးရသကဲ့သို့ ပြုံးဖြီးကာ ပြင်ဆင်ရသည်။

ရှိုးစမိုးအပြည့်ထုတ်ပြီး အောက်ဆင်း၊ မိုင်းနဲ့ မနက်စာစား၊ အမိုးဆီကခွင့်ပြုချက်ယူကာ ခရီးစထွက်တော့ မိုင်းက တယောအိတ်ကို ဘေးလွယ်ထားသည်ကို တွေ့ရသည်။

"မိုင်း တယောက ဘာလုပ်ဖို့လဲ? ပြီးတော့ ဘာနဲ့သွားကြမလဲ?"

"မင်းကလေ မိန်းမကြီးကျနေတာပဲ။ တယောဆိုမှတော့ တီးဖို့ပေါ့။ ပြီးတော့ ငါမနက်ကတည်းက အားလုံးပြင်ဆင်ပြီးသား။ နေဖင်ထိုးမှ ထတဲ့လူကဘာသိတာ.."

"ဟဲ ဟဲ"

ကျွန်တော့်ကို နဂါးမျက်စောင်းလှလှလေး ထိုးပြသွားပြီး ခြံရှေ့က Honda ဆိုင်ကယ်လေးဆီ သွားနေတဲ့မိုင်း။

ကျွန်တော်လည်း အမြန်လိုက်သွားပြီး အနားရောက်တော့ တယောအိတ်ကို ကျွန်တော့်ဆီ ထည့်ကာ ဝင်မောင်းဖို့လုပ်သည်။

"မိုင်း မောင်းတတ်လို့လား"

ထိုအခါ ဆိုင်ကယ်စက်နှိုးသံကြားမှ ဘုကြည့်ကြည့်လာတဲ့မိုင်း။

"မေးတတ်တယ်နော်။ ငါမမောင်းတတ်ရင် တက်ပါ့မလား။ တကယ်ပဲ..."

ကျွန်တော်လည်း တဟဲ ဟဲရီရင်းသာ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး သူ့နောက်လိုက်ထိုင်ရသည်။ လက်က ခါးသွယ်သွယ်လှမ်းမည်အပြု ချက်ချင်းပုတ်ထုတ်ခြင်း ခံရလေသည်။

ကမ္ဘာတည်ရာ တောင်ကွဲမြေ (U/Z) {Completed} Tahanan ng mga kuwento. Tumuklas ngayon