- 3 -

121 19 4
                                    

နှစ်ပတ်...

နှစ်ပတ်ရှိပြီ။ ကျွန်​တော်ကလည်း စကားစပြီးသွား​ပြောဖို့ မစဥ်းစားမိသလို Tenက​တော့ ကျွန်​တော့်ကို သိမှာ​တောင် မဟုတ်​လောက်ဘူး။
သူ့ဘက်က ကြည့်ရင် ကျွန်​တော်က သူတင်သမျှ art​တွေ ပုံ​တွေကို react​ပဲ​ပေး​နေရတဲ့ fanတစ်​ယောက်သာသာ ပါပဲ။ Tenက idolဖြစ်ရင်လည်း ​ကောင်းသား။ အဲ့တာမှ concert​တွေ လုပ်ရင်သွားလိုက်၊ fan meetingတက်လိုက် လုပ်လို့ရမှာ။ အခု​တော့ ပန်းချီဆရာ​ပေါက်စ​လေး​နဲ့ ရင်းနှီးဖို့ ဘာလုပ်ရမယ်မှန်းမသိ။

ထယ်ယုံး ​စော​စောနိုး​နေတာနဲ့ အိပ်ရာထဲ ဟိုလှိမ့်ဒီလှိမ့် လုပ်ရင်း Tenအ​ကြောင်း​တွေး​နေမိတယ်။ ဘယ်လိုလုပ်မှ နီးစပ်နိုင်မလဲဆိုတာ သူလည်းမ​စဥ်းစားတတ်​​တော့ဘူး...

ထုံးစံအတိုင်း ဆိုင်​ဖွင့်ဖို့ ​ရောက်လာ​တော့ ဆိုင်​ရှေ့မှာ အဘွားအိုတစ်​ယောက်က အိတ်​လေးတစ်လုံးလွယ်ပြီးထိုင်​နေတာမို့ ထယ်ယုံးလည်း တံခါးဖွင့်ဖို့ အဆင်မ​ပြေတာနဲ့ အဖွားနား သွားလိုက်တယ်။

"အဘွား ကျွန်​တော်ဆိုင်ဖွင့်ချင်လို့ ခဏ​လောက် ​နေရာနည်းနည်း​ဖယ်​ပေးလို့ရမလားဟင်.. ပြီးရင်လည်း အဘွားကို ​​ကော်ဖီနဲ့ မုန့်နဲ့ဧည့်ခံပါ့မယ်"

အဘွားအိုလည်း တုန်တုန်ရီရီနဲ့ ထယ်ယုံးကို ​မော့ကြည့်ပြီး ပြုံးလိုက်ကာ ​တုတ်​ကောက်ကို ​အားပြုပြီး ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်တယ်။ ထယ်ယုံးကလည်း အဘွားအိုကို ထူ​ပေးလိုက်ပြီး ဆိုင်တံခါးဖွင့်ကာ အဘွားအိုကို ဆိုင်ထဲ တွဲ​ခေါ်လာတယ်။

"အဘွား ဒီခုံမှာထိုင်ပြီး ခဏ​စောင့်​နော်.. ကျွန်​တော် ​ကော်ဖီပူပူ​လေးနဲ့ ကန်စွန်းဥမုန့် လုပ်​ပေးမယ်"

ထယ်ယုံးလည်း ​ပြောပြီးပြီးချင်း ​​အဘွားအိုစားဖို့ သွားလုပ်​ပေး​နေတုန်း ဆိုင်ဖွင့်ဖို့လည်း တလက်စတည်း ပြင်​နေတာမို့ အဘွားအိုလည်း အလုပ်ရှုပ်​နေတဲ့ ထယ်ယုံးကိုကြည့်ကာ ပြုံး​​နေ​လေရဲ့။

*ဒီက​လေးက အခုထိ အရင်လိုပဲ.. မ​ပြောင်းလဲ​သေးဘူး*

အဘွားအိုက ဆိုင်ထဲ ​သေချာကြည့်ပြီးမှ ထယ်ယုံးလာချ​ပေးတဲ့ ​ကော်ဖီနဲ့ မုန့်ကို ​မြိန်​ရေယှက်​​ရေ စားရှာတယ်။

EternityWhere stories live. Discover now