"Hi စားပြီးပြီလား"
Notification barမှာ စာတစ်စောင် ပေါ်လာပေမဲ့ ဖုန်းပိုင်ရှင်ဟာ အိပ်မက်ကမ္ဘာထဲ ရောက်နေဆဲ။
Sent 5m ago
Sent 30 mins ago
Sent 1 hour ago
ထယ်ယုံး လက်ဖျားတွေအေးနေတာပဲ အဖတ်တင်သွားတယ် စာဟာ seenမပြခဲ့..*ပြန်ဖျက်လိုက်ရင်ကောင်းမလား..မဖျက်တော့ပါဘူးလေ သူမအားလို့နေမှာပါ
ငါ့ကို စကားမပြောချင်လို့များလား seenမပြဘူးဆိုတော့ မမြင်သေးလို့ပဲ နေမှာပါ*ထယ်ယုံးလည်း မျိုးစုံစဥ်းစားပြီး စာရင်းလည်းဆက်မလုပ်ချင်တော့တာနဲ့ အိပ်ရာပေါ်ပြန်လှဲရင်းပဲ အိပ်ပျော်သွားခဲ့တယ်။
~~~~~~~~~~~~~~~~~~~~~~~
"ဒီအိပ်မက်က နှစ်ယောက်လုံးအတွက် ဒီနေ့နောက်ဆုံးပဲ မင်းသား"
"အဖွားပြောနေတာ ကျွန်တော်နားမလည်ဘူး"
"မင်းသား ချစ်တဲ့သူနဲ့ ပေါင်းဖက်နိုင်ဖို့ ကျွန်မကူညီခဲ့ပေမဲ့ သက်တမ်းစေ့ပြီမို့ ဒီလောက်ထိပဲ ကူညီခဲ့နိုင်တာ တောင်းပန်ပါတယ် နောက်ဘဝတွေကျရင်လည်း မင်းသားရဲ့ အုပ်ချုပ်မှုအောက်မှာ နေခွင့်ရချင်ပါသေးတယ် နှုတ်ဆက်ခဲ့ပါတယ် မင်းသား"
"အဖွား အဖွား!"
"မင်းသားလီ သတိရလာပြီ သမားတော်ခေါ်ခဲ့"
အိမ်ရှေ့စံယုံးလည်း အထိန်းတော်ကို စေခိုင်းလိုက်ပြီး သတိရလာတဲ့ မင်းသားလီကို ဖြည်းဖြည်းချင်းထူလိုက်တယ်။
"နေသာထိုင်သာရှိရဲ့လား ကိုယ်စိတ်ပူနေခဲ့တာ"
"ကျွန်တော်က ခင်ဗျားနဲ့ဝေးပြီလို့တောင်ထင်နေတာ"
"ကိုယ်က မင်းနဲ့ ဝေးနိုင်မယ်လို့ ထင်နေတာလား"
"ခင်ဗျားက အရင်လိုပဲ စကားရည်လုချင်တုန်း"
"စကားအများကြီးမပြောနဲ့ဦး အဖျားက ခုထိရှိနေတုန်းပဲ"
ပြောရင်း လီရဲ့ နဖူးကို လက်ဖဝါးနဲ့ စမ်းနေတုန်း မင်းသားလီက အိမ်ရှေ့စံယုံးရဲ့ လက်ဖဝါးကို ဆွဲယူပြီး ပါးမှာအပ်ထားလိုက်တယ်