တစ်ပါးသူ၏တစ်ပါးသူ

99 10 0
                                    

တစ်ပါးသူက သူကိုယ်တိုင်ဖျက်ဆီးထားမိခဲ့တဲ့ လူတစ်ယောက်ကို ပြန်ပြုပြင်ပေးချင်နေတယ်။ တစ်ပါးသူမှာ သတ္တိမရှိဘူး ။
တစ်ပါးသူဟာ ထိုလူသားကို ပြန်လည်ပြုပြင်ပေးရန်အကြိမ်ကြိမ်ကြိုးစားဖူးသော်လည်း နောက်ဆုံးတစ်ပါးသူကသာ ပြန်ထွက်ပြေးလာခဲ့ရ။

သူကိုယ်တိုင်ထုဆစ်ခဲ့သောလက်ရာကို
ကြည့်၍ ပျော်ရွင်ရမည့်အစား တစ်ပါးသူသည် မျက်ရည်သာ တွင်တွင်ကျနေမိသည်။

ဘုရားရှင်၏ အကောင်းမွန်ဆုံးထုဆစ်ထားသမျှကို တစ်ပါးသူက သူပျော်ရွင်ဖို့ရန်ဖျက်ဆီးမိခဲ့ချေပြီ။

အချိန်လည်းနှောင်းသွားခဲ့ပြီ။

ထိုလူသားအား မူလအတိုင်း
ပြန်လည်ထုဆစ်ပုံဖော်ပေးရန် တစ်ပါးသူ၏ အရှက်တရား ၊ မာန များကိုစွန့်လွှတ်ပစ်ရ
လိမ့်မည်။

တစ်ပါးသူWhere stories live. Discover now