Part-3

2.3K 177 7
                                    

 she's pov;

            *''လောကမှာပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတွေကဒွန်တွဲပြီးရှိနေတာတဲ့။

ဝမ်းနည်းမှုတွေပြီးရင်ပျော်ရွှင်မှုတွေရောက်လာမှာ

ပါတဲ့။´´*

ထိုစကားတွေကသူမအတွက်တော့

မှားယွင်းနေတဲ့သီအိုရီတွေလိုဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။   

      

        **************************

         နံနက်ခင်းနေရောင်ခြည်ကတောက်ပနေပေမဲ့နံနက်

ခင်းအစောပိုင်းဖြစ်၍အေးအေးစိမ့်စိမ့်လေးဖြစ်နေ

သည်။

ရာသီဥတုကဘယ်လောက်ပဲအေးအေးသူမတစ်ကိုယ်လုံးချွေးတွေနဲ့။

သူမနာကျင်နေသောဒဏ်ရာကို

လျစ်လျူရှုပြီးစက်ဘီးကိုအမြန်နင်းလာခဲ့သည်။

uniရှေ့ကိုရောက်တော့သူမအရမ်းပင်ပန်းနေပါပြီ။

ဒဏ်ရာကလည်းမြင်မကောင်းအောင်သွေးတွေစီးကျနေသည်။

သူမခေါင်းမှာစီးထားတဲ့လက်ကိုင်ပဝါကိုဖြည်ကာဒဏ်ရာကိုတင်းနေအောင်စီးလိုက်သည်။

နာကျင်လွန်း၍နှုတ်ခမ်းလေးကိုပြတ်ထွက်မတတ်ကိုက်ထားမိသည်။

ပြီးတော့သူမစက်ဘီးလေးကိုအရိပ်ရှိတဲ့နေရာလေးမှာရပ်ပြီး

ဒဏ်ရာကြောင့်ထော့နဲ့ထော့နဲ့ဖြစ်နေသောခြေထောက်လေးနဲ့ကျောင်းထဲကိုဝင်သွားလိုက်သည်။

သူမနာရီကိုကြည့်လိုက်တော့ကျောင်းတက်ဖို့

15minutesလောက်လိုပါသေးတယ်။သူမကျောင်းထဲကိုဝင်ပြီးအရင်ဆုံးပါမောက္ခရုံးခန်းကိုရှာလိုက်ပါသည်။

ထို့နောက်ပါမောက္ခရုံးခန်းဟုဆိုင်းဘုတ်ချိတ်ထားသောအခန်းတစ်ခန်းကိုတွေ့သည်။အခန်းတံခါးကလည်းစေ့ထားရုံသာ။ဒါပေမယ့်သူမယဉ်ကျေးမှုအရတံခါးကိုခေါက်လိုက်သည်။

       ဒေါက်……ဒေါက်……ဒေါက်

    

       ''ဝင်ခဲ့ပါ''…………

SorestWhere stories live. Discover now