💚💚💚သတိ အသည်းနုတယ်.....
ဖြည်းဖြည်းမုန်းပါ💚💚💚
💖💖 Yizhan💖💖
🌟🌟 Short fic🌟🌟📝📝 Part 6 📝
ရယ်လို့ဝတော့ Dramaလေးတွေပါမယ်နော်☺️☺️ နဲနဲပိစိလေးပါ
ုံ
ခုဆိုရင် ရှောင်ကျန့် ရိပေါ်အိမ်မှာရောက်နေတာတလပင်ရှိပြီအားလုံးလဲသူအဆင်ပြေနေပါပြီ
မားနဲ့ပါးဆို သားသားကပါးစပ်ကမချ
သူ့ကိုအမြင်မကြည်တာဆိုလို့ မျန့်မျန့်ဆိုတဲ့ အမျိုးသမီးသာ
သူကလည်း ဂရုစိုက်မယ်ထင်လား ဝေးပါသေးတယ်
ကိုကို ကလည်း သူ့ပဲဦးစားပေးဂရုစိုက်တာလေ
မျန့်မျန့်ဆိုတာသူငယ်ချင်းအဆင့်သာ
ကိုကိုရဲ့ သင်ပြမှုကြောင့်သူကားလည်းကိုယ်တိုင်မောင်းတတ်နေပါပြီ
ဘာတဲ့ English Speakingတောင်သူမတောက်တခေါက်တတ်လို့နေပါပြီ
ဒါတွေအားလုံးဟာ ကိုကို ကျေးဇူးကြောင့်သာ
သူ့လို တောသားတယောက်ကို မြို့သားပုံစံချိန်းပေးလိုက်တာကိုကိုပါပဲ
အပိုစုအနေနဲ့ ကိုကို မသင်ပေးပဲတတ်နေတာကတော့သူ့ရဲ့ မူမမှန်တဲ့ရင်ခုန်သံပင်
မဖြစ်နိုင်မှန်းသိနေပေမဲ့ ကိုကိုရှေ့ရောက်ရင်ဖြစ်လာတဲ့ ရင်ခုန်သံကိုချုပ်ထိန်းမရ
ခုဆို သူကိုကို့ကိုရှောင်နေတာ 2ရက်ပင်ရှိပြီ
တလပြည့်တော့ ကိုကိုလဲ အလုပ်ပြန်ဆင်းနေရပြီလေ ဒါကြောင့်ရှောင်မှန်းမသိရှောင်နေမိတာပေါ့
မမြင်ချင်လို့မဟုတ်ဘူး
မြင်နေရရင် ပြောထွက်မိမှာဆိုးလို့ အဝေးကပဲငေးနေရတာ
သူကတောသားလေ ပွင့်ပွင့်လင်းလင်းပြောချမိမှ ကိုကိုနဲ့တကယ်ဝေးရမှာ
အဲ့လိုမျိုးတော့အဖြစ်မခံနိုင်ပါ
ကိုယ့်ကို သူ့ရဲ့အသက်သခင်ကျေးဇူးရှင်ဆိုပြီး ဒီလို ပြည့်ပြည့်စုံစုံထားတာနဲ့ကို လိုအပ်တာထက်ပိုနေပါပြီ

YOU ARE READING
💚💚သတိအသည်းနုတယ်ဖြည်းဖြည်းမုန်းပါ💚💚(Completed)
FanficWang Yibo အသက် ၂၇ရေတပ်ဗိုလ်ကြီး ငါးခိုးတဲ့ လှေကို လိုက်ဖမ်းရင်း မုန်တိုင်းကြောင့်မြိုင်ဆိုတဲ့ ရွာလေးကိုရောက်သွားပြီး တောသားလေးရှောင်ကျန့်နဲ့ ဆုံတွေ့တော့တယ် Xiao Zhan အသက်၂၀ရွာရဲ့ အချစ်ခံ တကောင်ကြွက်လေး သူကယ်တင်ခဲ့တဲ့ ရေတပ်ဗိုလ်ကြီးက မြို့ကိုခေါ်သွား...