Nay Min Kha's POV

1.3K 72 8
                                    

Zawgyi

#ကျွန်တော်ချစ်သောဦး

ငယ်ငယ်လေးတည်းကအရိပ်တကြည့်ကြည့်နဲ့ကိုယ့်လက်ပေါ်မှာကြီးပြင်းလာတဲ့ကလေးငယ်တဖြည်းဖြည်းအရွယ်ရောက်လာလေကျွန်တော့်စိတ်တွေပြောင်းလဲလာလေဖြစ်နေခဲ့တယ်။ကျွန်တော်အရမ်းမှားနေတယ်မလား...။ကျွန်တော်ကလေးငယ်အပေါ်ကိုထားတဲ့ခံစားချက်တွေကိုပြောင်းလဲဖို့အတွက်ကျွန်တော့်ဘဝအတွက်အသင့်တော်ဆုံးမေ့ကိုရွေးချယ်ခဲ့တယ်....။ဒါကတော့အကြောင်းပြချက်တစ်ခုသက်သက်ပဲဆိုတာကျွန်တော်ကိုယ်တိုင်ပဲသိမှာပေါ့။ကလေးငယ်အနားမှာကပ်တွယ်ချင်စိတ်ကြောင့်ကျွန်တော်ရွေးချယ်ခဲ့တဲ့လမ်းက ကလေးငယ်ကိုပိုပြီးလမ်းမှားရောက်စေသလိုကျွန်တော်ကိုယ်တိုင်လဲထိုလမ်းမှားထဲမှာပဲယောင်လည်ချာလည်လိုက်ခဲ့ရတယ်....။ကလေးငယ်ကလဲကျွန်တော့်ကိုချစ်တယ်လို့ဝန်ခံခဲ့တယ်....။မျက်ရည်တွေနဲ့ပေါ့...။ငယ်ငယ်တည်းကထိုကလေးကိုစကားနဲ့ပုတ်ခတ်ရင်တောင်မကြိုက်တဲ့ကျွန်တော်ကထိုကလေးငယ်ရဲ့မျက်ရည်တွေကိုလဲမုန်းတတ်ခဲ့တယ်....။မှားမှန်းသိရက်နဲ့ကိုကျွန်တော်ကလေးငယ်ရဲ့မျက်ရည်တွေကိုပုန်ကန်နိုင်စွမ်းမရှိခဲ့ဘူး....။ကလေးငယ်နဲ့အတူဖြတ်သန်းခဲ့ရတဲ့နေ့ရက်တိုင်းကကျွန်တော်အတွက်ရင်ခုန်ခြင်းပျော်ရွှင်ခြင်းတွေနဲ့ပဲကုန်ဆုံးခဲ့ရတယ်...။ကလေးငယ်လဲကျွန်တော်လိုပဲပျော်ရွှင်လိမ့်မယ်လို့ထင်ခဲ့ပေမဲ့ကျွန်တော်အထင်လုံးဝလွဲခဲ့ရတယ်.....။ကလေးငယ်ကမေ့ကိုအားနာစိတ်နဲ့သူ့ကိုယ်သူအမြဲအပစ်တင်နေခဲ့တာ။နောက်ဆုံးတော့ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကိုချကာမေနဲ့တွေ့ရန်ကျွန်တော်ဆုံးဖြတ်ခဲ့တယ်...။

"မေ...မန္တလေးမှာအဆင်ပြေခဲ့လား အန်တီဇင်ရောနေကောင်းရဲ့လား...."

"ပြေတယ်အကို...မေမေကတော့ပုံမှန်ဆေးရုံရက်ချိန်းတော့သွားနေရတာပေါ့ကျန်တာအဆင်ပြေပါတယ်..."

"အော်...အင်း...."

"အကိုမေ့ကိုတကူးတကချိန်းတာဘာပြောစရာရှိလို့လဲ...."

"ဟို...အကို..."

"နောက်ဆုံးတော့မေမျှော်လင့်ထားတဲ့နေ့ရောက်လာပြီထင်တယ်...."

🎉 You've finished reading ကျွန်တော်ချစ်သောဦး (ကျွန်တော်ချစ်သောဦး)[Complete] 🎉
ကျွန်တော်ချစ်သောဦး (ကျွန်တော်ချစ်သောဦး)[Complete] Where stories live. Discover now