Unicode
“ယွင်ရှီး..နင်ခုထိ ဘာမှမလိမ်းရသေးဘူးလား..မျက်ကပ်မှန်ကော..”
“Skincareတော့ လိမ်းထားတယ်လေ။မျက်ကပ်မှန်လည်း တပ်ပြီးပြီ။အဲ့လောက်ဆိုရပြီမလား..”
“ဟဲ့ ကမ်းခြေမှာလေ..နေအပူချိန်၊လေအပူချိန်နဲ့ မဲသွားမှာပေါ့။ လာထိုင် ငါပြင်ပေးမယ်..”
အိုင်ရင်းကပြောလည်းပြော မှန်တင်ခုံရှေ့မှာလည်း အတင်းထိုင်ခိုင်းသည်။
“ဟဲ့ တအားတွေမလိမ်းနဲ့နော်။ငါမနေတတ်ဘူး..”
“ငါသိပါတယ် လျှာမရှည်နဲ့။မျက်လုံးခဏမှိတ်ထား..”
ရှိစေတော့။စိတ်ချမ်းသာသလိုသာ လုပ်ကြပါစေတော့။ဝဋ်ဆိုတာ ဒီလိုပဲလည်တတ်တာပေါ့..။
“ယွင်ရှီး..ယွင်ရှီး suitအပေါ်မှာကပ်မယ့်ပန်းရပြီ။ဟင်...မိတ်ကပ်ကခုမှလိမ်းတာလား..”
“ဟုတ်တယ်အန်နာ။ဒီကောင်ကိုတစ်ယောက်တည်းလွှတ်ထားရင် အဲ့အတိုင်းပဲ။ခုတောင်အိုင်ရင်းဝင်လာတာမြန်လို့..”
“အန်နာဘာထပ်ကူရဦးမလဲ..”
“ရတယ်အန်နာ..ဟိုပြေးဒီပြေးနဲ့မောနေမှာပေါ့။ခဏထိုင်နားဦး..။ဟဲ့ မျက်လုံးမှိတ်ထားပါဆို..”
အန်နာ့ကိုပြောပြီးတာနဲ့ ကျွန်တော့်ကိုဟောက်တော့တာပဲ။
ခုမှ အမေမတူအဖေကွဲအမွှာရသလိုကို နှစ်ယောက်သားလိုက်ဖက်နေကြတာ။အန်နာရေ..အိုင်ရင်းရေနဲ့။“ယွင်ရှီး ဖုန်းလာတယ်”
ကျန်းဝေက အခန်းထဲကိုဝင်လာရင်း ဖုန်းကိုကမ်းပေးတာမို့ မျက်လုံးတစ်ဖက်ဖွင့်ရင်း လှမ်းယူလိုက်သည်။
‘ရှီးရှီးရေ..ကယ်ပါဦး’
ဖုန်းကိုင်လိုက်တာနဲ့ ချူဟွားရဲ့အလောတကြီးအသံက အရင်ထွက်လာသည်။
‘ဘာဖြစ်လို့လဲချူဟွား..’
‘ငါ့မောင်..ငါမောင့်..နင့်ကောင်ဟေ့။ငါမလာတာကို ကောက်တော်မူနေတယ်..။မနေ့ညကတည်းက ငါနင်တို့နှစ်ယောက်ကို သေသေချာချာတောင်းပန်ထားတာကို..။ဒီမနက်မှ ထပ်ဆက်ပြီး အကြပ်ကိုင်ခြိမ်းခြောက်နေတယ်။ခုမှငါကဘယ်လိုလာလို့ရမှာတုန်းဟ’
YOU ARE READING
𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢
Fanfiction🍯 Luo Yunxi & Chen Feiyu Feiyunxi Fan Fiction