🍯 (၁၃)

479 93 7
                                    

Unicode

Saladတစ်ပွဲသုပ်ကျွေးပြီးရင်တော့ ချော့မော့ပြန်ခိုင်းမယ်လို့တွေးထားတာ။လက်တွေ့ကျဖြစ်မလာဘူး။အနုနည်းနဲ့ပြောမရလို့ အိမ်ပေါ်ကအတင်းဆွဲချတော့လည်း ဝရန်တာလက်ရန်းကိုမြဲနေအောင်ကိုင်ထားတာ တောက်တဲ့အတိုင်းပဲ။တောက်တဲ့ကမှမိုးကြိုးပစ်ရင်ကွာဦးမယ်။မျက်စိရှေ့ကကုလားအုပ်ကောင်ကတော့ ကမ္ဘာပြိုတောင်ကွာမယ်မထင်။အစကမှဝရန်တာကထိုင်ခုံမှာ အေးအေးဆေးဆေးထိုင်နေသေးသည်။အတင်းကာရောဆွဲချမှ အိမ်ဦးခန်းအထိခန့်ခန့်ကြီးနေရာယူနေတော့၏။

“မင်းပြန်သင့်နေပြီနော်၊ နေဝင်တော့မယ်”

“အစ်ကိုတစ်ယောက်တည်းလေ”

“အဲ့တော့ဘာဖြစ်လဲ၊ငါ့ဟာငါတစ်ယောက်တည်းမကလို့တခြမ်းတည်းဖြစ်ဖြစ်၊ဒါငါ့အိမ်ငါနေရဲတယ်”

တကတည်း။မွေးမိခင်ကတောင် အိမ်တစ်လုံးနဲ့စိတ်ချလက်ချပစ်ထားခဲ့သေးတာ  သူကမဆီမဆိုင်လာပူပန်နေသည်။ပူချင်းပူရှေ့ရက်တွေကလာပူပါလား။ခုမှ..

“ခြံတံခါးကမလုံဘူးလေ”

“ဒီရပ်ကွက်မှာငါမမွေးခင်ကတည်းက ဒီပုံစံအတိုင်းနေလာတာ။ဘာလဲ..မင်းတို့လို အိမ်အမိုးတောင်မနည်းရှာနေရတဲ့အထိခြံခတ်ထားရမှာလား”

“ထားတော့၊အစ်ကိုဘာသာကြိုက်တာပြော၊ကြိုက်တာလုပ်။ကျွန်တော်ကတော့စိတ်မချဘူး။အဲ့တာမို့ဒီညအိပ်မယ်”

“မရပါဘူး။မအိပ်နဲ့”

“ဘာလို့လဲ။မသင့်လျော်ဘူးပြောမလို့လား”

“ဟုတ်တယ်”

“ယောကျာ်းလေးအချင်းချင်းကို”

လာလာချည်သေး။ယောကျာ်းလေးအချင်းချင်းဆိုပဲ။သူက ဘုရားစူးယုံရတာဆိုတော့။

“မင်းမို့လေ”

မျက်လုံးစွေကြည့်ရင်း ပြောလိုက်တော့  တဟားဟားနဲ့ရယ်ပြန်သည်။စိတ်ပူတဲ့လူအလွန်မဟုတ်ဘူး။

“မင်းလေ ငါ့အိမ်ကိုကျမွှေချင်တိုင်းမွှေနေတာ။မင်းအိမ်ကိုအဲ့လိုလာလုပ်ရင်ကြိုက်မလား”

“လာမလို့လား။မဟုတ်သေးဘူး  ခုသွားမလား၊ လာလေ”

ထိုင်ရာကထတော့မလိုနဲ့အတည်ပေါက်ကြီးပြောနေတာမို့ ကိုယ်ကပဲစကားစသတ်ရသည်။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now