EP.( 21 ).

5.1K 484 54
                                    

> Zawgyi <

" အိပ်ယာထဖို့အချိန်ရောက်နေပြီလေTaeရဲ့..
လာထ..ကိုယ်လက်သန့်စင်ရအောင် "

" ဟင့်အင်း..ဟင့်အင်း! ''

ထိုငရစ်လေးTae Hyungကို Jungkook
တစ်ယောက် နည်းမျိုးစုံထိုင်နှိုးနေသည်မှာ
အချိန်အားဖြင့် ၁နာရီကျော်ကြာမြင့်
သွားပြီဖြစ်သည်..။

သူသိသည်။ မနေ့က ကိစ္စကြောင့် Taeက
သူ့ကို အကပ်မခံတော့ဘူးဆိုတာ..။
သူနည်းနည်းလွန်သွားမှန်းသိသော်လည်း
အကောင်ပေါက်လေးက လာဆွနေခဲ့တော့
ယောက်ျားတစ်ယောက်အနေနဲ့ သူ့သမာဓိ
ဘယ်လောက်ထိ ထိန်းထားနိုင်မည်လဲ..။

ဟော..အခုလည်း သူ့အားပစ်ပစ်ခါခါကို
ဥပေက္ခာပြု ပြီး စောင်ထဲဝပ်နေသည့်ပေါက်စလေး။
တစက်မှမရွေ့..။ ရှက်၍ တအီအီသာ
ငိုနေလေသည်..။

" Tae.."

နောက်ထပ်ခေါ်ကြည့်တော့ တွေ့ရာပစ္စည်းနဲ့
သူ့ကိုလှမ်းပေါက်သည့် ကောင်လေး။

ခါးခါးသီးသီးမဟုတ်ပဲ ကလေးတစ်ယောက်လို
ဘောက်ဆတ်ဆတ်အပြုအမူလေးတွေက
ချစ်ဖို့ကောင်းနေတာအမှန်..။

" ကိုယ်တောင်းပန်ပါတယ်..နောက်တခါ
ဒီလိုမျိုး Taeမကြိုက်တာတွေ အတင်းမလုပ်
တော့ဘူးနော်.."

" အဟင့်..အီးဟီး..."

စောင်လုံးလေးကို ပေါင်ပေါ်တင်ချော့ကာမှ
အာပြဲနှင့် ပိုငို​တော့တဲ့ ကောင်လေး..။

Jungkookမှာ အသည်းယားရမလို
လိုက်ငိုရမလိုနှင့် မျက်နှာပိုးမသတ်နိုင်ချိန်..,
ပေါင်ပေါ်က ပိစိက သူ့တင်ပါးလေးသူ
ပုတ်ပြပြီး....

" ညတုန်းက Tae Tae့ဒီနားက
အရမ်းနာ​နေခဲ့တာသိလား..၊
အဲ့တာ လူကြီးကြောင့်! "

" အိုက်ဂူး...ကိုယ့်ကလေးလေး..အုံဖွ အုံဖွ
ကိုယ်ဆေးထည့်ပေးမယ် ဟုတ်ပြီလား "

" အွန်း..အွန်း..."

Tae့ဘက်က အခုလိုပြောလာတော့ Jungkook
အရင်အချိန်တွေစီ သွားသတိရမိသည်..။

အခုလိုကိစ္စတွေဖြစ်ပြီးရင် Taeဟာ
ဆေးထည့်ပေးဖို့နေနေသာသာ ဒီလိုပွင့်ပွင့်
လင်းလင်းတောင် သိပ်မပြောပြခဲ့ဖူးတာ။
ဒီမှာ​တော့ ကလေးလေးက အရှိကိုအရှိအတိုင်း
ပြောတတ်လာတဲ့အပြင် သူ့ကိုမျိုးစုံဂျီကျသတဲ့..။

 ༺ FOLLY ༻ Where stories live. Discover now