> Zawgyi <ညချမ်းသို့ ကူးပြောင်းခါစ ငွေလမင်းရောင်
ဖျော့ဖျော့ဟာ...မြေပြင်ပေါ်သို့ ဖိတ်သွန်း
ကျရောက်လို့်..မီးအလင်းရောင်ခြောက်ကပ်
နေလေသည့်လမ်းမကြီးထက်မှ ထိုလူသားနှစ်ဦး
၏ ပုံရိပ်အားမီးမောင်းထိုးပြနေသလို....။" Kim Tae Hyung....! "
တင်းကြပ်လွန်းသည့် စိတ်တို့ကို သည်းမခံနိုင်စွာ
အော်ထုတ်လိုက်လေတော့...,သူနှင့်မလှမ်းမကမ်း နေရာတွင် ထိုင်လျက်သား
ပုံနေသည့် ကိုယ်ငယ်လေးဟာ တုန်ခနဲ
ထိတ်လန့်သွားမှန်း တွေ့လိုက်ရသည်...။စိတ်တိုသည်ထက် အတော်ကို ဒေါသဖြစ်မိပါ၏..။
ညနေပိုင်း အရေးကြီးscheduleတွေ
ထပ်ရှိသေးတာတောင်မှ မသွားပဲ..
ကောင်လေးကိုတွေ့ဖို့ရန် သက်သက်မဲ့အိမ်သို့
စောစောပြန်လာကာမှလေ....။ဘာလို့....ခုလိုများ.......။
" မင်း...ထွက်ပြေးလာတာမလား..Tae "
Tae Hyungရှေ့တွင် ဒူးတစ်ဖက်ထောက်
ထိုင်ရင်း....မျက်နှာချင်း အနီးဆုံးသို့ တိုးကပ်ပြီး
မယုံကြည်နိုင်စွာမေးသည့်အခါ...ခေါင်းကို
မြေကြီးထဲဝင်မတတ် ငုံ့ထားခြင်းဖြင့် သူ့အား
မျက်နှာလွှဲနေလေသည့် Tae Hyung..။" ဘယ်လောက်ထွက်ပြေးပြေး
ငါ့စီက မလွတ်နိုင်မှန်း သိရဲ့သားနဲ့...
ဘာလို့ အခုလိုတွေ ရူးကြောင်ကြောင်နိုင်နေ
ရတာလဲ Kim Tae Hyung...! ဟမ်!! "ပုခုံးစွန်းသေးသေးလေး နှစ်ဖက်အား
ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း...
တရပ်စက် ထပ်လောင်းမေးခွန်းထုတ်ပြန်သည်၌..
ဖျက်ခနဲနီရဲတွတ်လာသော အနှီလူသား၏
နားရွက်ထိပ်လေးတွေနှင့် နှာတံဖျားငယ်....။နောက်ပြီး...ပေါက်ခနဲကျလာပြန်သည့်
မျက်ရည်စက် တချို့ဟာ သူ့လက်ခုံပေါ်သို့
တစ်စက်တစ်စက်ဖြင့် လာရောက်ထိခတ်သည်...။.....မငိုနဲ့ Tae Hyung..အစတည်းက
ငါမင်းကို သနားဖို့အစီအစဉ်မရှိတာမို့....။" ထ...! မတ်တပ်ရပ်.."
လက်ချောင်းသွယ်သွယ်တို့အား တင်းကြပ်ကြပ်
ဆုက်ကိုင်လိုက်၍..မတ်တတ်ရပ်စေသော်လည်း
အနှီကောင်လေးက တုတ်တုတ်မျှမလှုပ်...။
ESTÁS LEYENDO
༺ FOLLY ༻
Fanfic📖 #ᴄᴏᴍᴘʟᴇᴛᴇᴅ { ✔ } စတွေ့တုန်းက ဒီလောက်ထိ မင်းအပေါ် ရူးသွပ်မိလိမ့်မယ်လို့ မထင်ခဲ့ဘူး Tae ~ စတွေ့တုန်းက ဒီလောက်ထိ မင်းအပေါ် ရူးသွပ်မိလိမ့်မယ်လို့ မထင်ခဲ့ဘူး Tae ~ ⛓ warning ⛓ ___This fiction includes some mature scenes. • Taekook ♡ • own creation / i...