Ep 4💘

423 48 0
                                    

Unicode

Sunghoon တွေးတာရပ်ပြီးအလုပ်တွေဆက်လုပ်နေရင်းနဲ့ ည 8:00 ထိုးသွားတယ် mingyu ကို ဂိုဒေါင်သွားခိုင်းလိုက်တော့ ကိုယ့်ဘာသာမောင်းပြီးပြန်လာခဲ့လိုက်တယ်

Sh 's hone🏡🏡

Ajima - '' အကိုလေး ထမင်းစားအုံးမလား ''
Sh - '' မစားတော့ဘူး ပင်ပန်းနေလို့နားလိုက်တော့မယ် ''
Ajima - '' ဟုတ်ကဲ့ပါ ''

Sunghoon ajima ကိုပြောပြီးအပေါ်တက်လာလိုက်တယ် လူကအိပ်ရင်လည်းကြောက်နေရတယ် မအိပ်လို့လည်းမရဘူးဖြစ်နေတယ် ထင်ရင်ထင်လိမ့်မယ် mafia ဖြစ်ပြီးကြောက်တယ်ဆိုပြီးတော့ sunghoon ကြောက်တာကတစ်ခြားမဟုတ်ဘူး Kim Sunoo ဆိုတဲ့ကောင်လေးကြောင့်ဘဲ

Sh 's 💭 - '' မအိပ်ချင်ဘူးကွာ အိပ်ပျော်သွားရင် မင်းလေးနာကျင်နေတဲ့ပုံစံတွေဘဲမြင်နေရတယ် ကိုယ်မမြင်ချင်ဘူးကွာ အရင်ကမင်းလေးနဲ့မတွေ့ခင်တုန်းက ဘာမှမဖြစ်ပေမယ့် မင်းလေးကိုတွေ့တော့ ကိုယ်အိမ်မက်ထဲကအရာတွေကိုမြင်ရတာအရမ်းကြောက်တယ်ကွာ မင်းလေးမျက်နှာပေါ်ကသွေးတွေ မင်းလေးကိုယ်ပေါ်မှာသေနတ်နဲ့ချိန်ထားခံရတဲ့မြင်ကွင်းကိုကိုယ်မမြင်ချင်ဘူး ကိုယ်ဘယ်တုန်းကမှမကြောက်ခဲ့ပေမယ့် မင်းလေးအဲ့လိုပုံစံကိုကိုယ်ကြောက်တယ်ကွာ..... ''

Sunghoon တွေးနေရင်းအိပ်ပျော်သွားတယ် အိမ်မက်ထဲမှာမြင်ရမယ့်အရာတွေကိုကြောက်ရင်းအိပ်ပျော်သွားတဲ့ကောင်လေးရှိသလို ဟန်ဆောင်မှုကင်းမဲ့စွာပြုံးပြီးမိသားစုနဲ့ညစာပျော်ရွှင်စွာစားနေတဲ့ကောင်လေးလည်းရှိတယ်

Sn side

Sn 's mom - '' sunoo လေးကြိုက်တဲ့ဟင်းတွေဘဲအမေချက်ထားတာနော် ကြိုက်ရဲ့လား ''
Sn - '' ကြိုက်တယ် မေမေ ဖေဖေရော company meeting လုပ်နေတုန်းလား ''
Sn 's dad - '' ပြီးပါပြီဗျာ ဖေဖေကို sunoo လေးကမျှော်နေတာလား ''
Sn - '' အင်းပေါ့ ဖေဖေရဲ့ အလုပ်ကြီးဘဲမလုပ်နဲ့ မေမေနဲ့ သားကိုလည်းဂရုစိုက်ပါအုံးနော် အခုလည်းအသင့်အတင့်ချမ်းသာနေပါပြီ အဲ့တာကိုအလုပ်ကြီးဘဲအရမ်းကြိုးစားနေတာလဲ ''

(T/ N sunoo တို့မိသားစုကလည်း ချမ်းသာပါတယ်နော် sunoo အဖေက Kim Group ရဲ့ CEO ပါ)

Sn 's dad - '' အေးပါကွယ် ဖေဖေရဲ့ sunoo လေးပြောလို့တောင် ဖေဖေ company မသွားဘဲ အိမ်ကနေဘဲအကုန်လုပ်တာလေ လက်မှတ်ထိုးစရာတွေကိုလည်း manager Yoon ကိုဘဲယူလာခိုင်းတာလေ ''
Sn - '' သားက ဖေဖေ ပင်ပန်းမှာဆိုးလို့ပြောတာပါ ''
Sn 's dad - '' မပင်ပန်းပါဘူးကွယ် ဖေဖေအခုလိုလုပ်နေတာတွေက သားနဲ့ သားမေမေ တို့အတွက်ဘဲလေ ''
Sn - '' ဟုတ်ကဲ့ပါ ဖေဖေထမင်းစားရအောင်လေ ''
Sn 's dad - '' အင်း ''

🤍 Not Again 🤍Where stories live. Discover now