Unicode
2012 နွေရာသီ... 19 နှစ်အရွယ်
"ငါသွားတော့မယ် ဆောလ်...."
"အင်း ကျန်းမာရေးဂရုစိုက်နော် ဂျယ်ယွန်း"
" ငါတို့ပြန်တွေ့မှာလား...."
" ကံမကုန်ရင်ပေါ့ ဂျယ်ယွန်းရယ်..."နှစ်ဦးကြားမှာ တိတ်ဆိတ်မှုကြီးက ကြီးစိုးလျက်..
နာရီလက်တံတွေဟာ တစ်ဖြေးဖြေးနဲ့ရွေလျားနေသလို
ပတ်၀န်းကျင်က လူတွေကလဲ သူတို့သွားလိုရာကိုဦးတည်လျက်...."ငါ့ကို စောင့်နေမှာလား ဆောလ်..."
ဂျယ်ယွန်း ကအဖြေကို စောင့်နေသလို သူမဘက်ကလဲ ဖြေဖို့ဟာခက်ခဲနေပုံ...."သားငယ် လေယာဉ်ထွက်တော့မယ် မေမေတို့လေယာဉ်ပေါ်တတ်ရအောင်"
မေမေကလှမ်းခေါ်တာမလို့ စိတ်မပါ လက်မပါခြေလှမ်းတွေနဲ့ လေယာဉ်ပေါတတ်ခဲ့ရသည်။ သို့သော် ဂျယ်ယွန်း အနေဖြင့် ဆောလ်၏ နှုတ်က ထွက်လာမယ့် အဖြေကို သိပ်သိချင်ပါသည်။........................................................................
2021 ဆောင်ဦး... 28နှစ်အရွယ်...ပုံမှန်နေရက်တွေနဲ့ သိပ်မခြားနားတဲ့ သူမအဖို့ အိပ်ယာနိုးတာနဲ့ ပြင်စရာရှိတာပြင်ပြီး သူမဖွင့်ထားတဲ့ coffee ဆိုင်လေးသို့ လှမ်းလာခဲ့လိုက်သည်။
𝙁𝘼𝙏𝙀 𝘾𝙖𝙛𝙚
ဆိုင်ဖွင့်ဖို့အတွက်သူမှ ပြင်စရာရှိတာပြင်ရင်း သူမအကြိုက် ဖုန်းထဲက သီချင်းလေးတစ်ချို့ကို ဖွင့်ထားလိုက်သည်။
တစ်ပိုင်တစ်နိုင် ဆိုင်လေး ဖြစ်သည့်အပြင် ဆိုင်ကအရမ်းမကျယ်တာမလို့ သူမတစ်ယောက်နှင့် အချိန်ပိုင်းအလုပ်သမားတစ်ယာက်နဲ့သာ ရှိသည်။
ဆိုင်ထဲမှာခင်းကျင်းနေရင ဆိုင်တံခါး၀မှာ အလှဆင်ထတဲ့ ဆည်းလှည်းသံလေးကြားလိုက်ရတာမလို့ လုပ်လက်စအလုပ်ကိုရပ်ရင်း ကောင်တာကိုအပြေးလေးသွားမိသည်
"ကြိုဆိုပါ....ဟင်...ဂျယ်..ဂျယ်ယွန်း..."
လုံး၀မထင်မှတ်ထားတဲ့သူ့ကိုတွေ့လိုက်ရတာမလို့ မျက်၀န်းတစ်စုံဟာ အဝိုင်းသား...
သူမ ရှေ့မှာရပ်နေတဲ့ အမျိုးသားက အနှစ်နှစ်အလလ မျှော်နေခဲ့ရတဲ့ သူတဲ့လေ...
မဖြစ်နိုင်တာ...
YOU ARE READING
Rewrite The Stars [Jake xOC ][Completed]✓✓
Romanceကံတရားကိုသာပြောင်းလဲလို့ရရင်... လွဲခဲ့ကြတဲ့ဆုံမှတ်ကိုပြန်သွားလို့ရရင်.. အချိန်တွေသာနောက်ပြန်ဆုတ်လို့ရရင်... မင်းသာအခွင့်ရေးလေးထပ်ပေးခဲ့ရင်... မင်းကကိုယ့်အပိုင်ဖြစ်လာမှာလားဟင် ဘုရားသခင်က ကိုယ့်ဆုတောင်းဆိုရင် သိပ်လျစ်လျူရှုတယ်အချစ်ရယ်...