Unicode
ဂျယ်ယွန်းပြန်လာတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီနေ့သူငယ်ချင်းအားလုံးဆုံကြမည်ဖြစ်တာမလို့ သူမဒီနေ့ဆိုင်ကိုမနက်ပိုင်းခနသွားပြီးပြန်လာခဲ့သည်။
မနေ့ညက ဟီဆွန်းဖုန်းဆက်ပုံအရဆို ကမ်းခြေဘက်ကို နေ့ချင်းပြန်သွားကြဖို့ စီစဉ်ထားပုံရသည်။တီ!တီ!
ကျောလည်သာသာလောက်ရောက်နေသည့် ဆံပင်ရှည်တွေကို ဖြီးပြီးတပြိုက်နက် ကားဟွန်းသံကြားလိုက်ရတာမလို့ အိတ်လေးကိုဆွဲရင်းသူမအိမ်ရှေ့သိုထွက်လာလိုက်သည်ကားရှေ့ခန်းမှာ ဟီဆွန်းနဲ့ သူ့ချစ်သူကောင်မလေး
တနည်းအားဖြင့် ကိုယ့်သူချင်း ဒါ၀န်က နေရာယူလျက်
ကားနောက်ခန်းမှာတော့ဂျယ်ယွန်း...အစကတော့ တစ်နေရာရာကိုသွားပြီး စားသောက်ဖို့ လုပ်ထားပေမယ့်လို့
ကားရဲ့ဦးတည်ရာက မြို့ပြင်ဖြစ်နေတဲ့အခါမှာ ထူးဆန်းသွားသည်"ဟဲ့ အခုဘယ်သွားနေတာတုန်း"
"ရှင်မ်းဂျယ်ယွန်းက နင့်ကိုခိုးပြေးလာတာလေ"
ကားမောင်းရင်း အရှေ့မှန်ကနေ လှမ်းကြည့်ကာ ပြောသောဟီဆွန်းဟင်?
"ကိုရယ် စမနေပါနဲ့ ဆောလ် လန့်သွားဦးမယ်"
ကြားထဲက ဒါ၀န်က ခပ်သောသောရီရင်းပြောသည်အင်းလေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဂျယ်ယွန်းမှာဆိုင်သူရှိနှင့်နေပြီသားလေ
"ငါတို့ ကမ်းခြေကို နေ့ချင်းပြန်သွားမလို့လေ အခုလေးမှ အစီစဉ်ပြောင်းသွားလို့နင်မသိတာ"အစီအစဉ်ပြောင်းသွားကြောင်းကို ကားရဲ့တစ်ဖက်မှာထိုင်နေတဲ့ ဂျယ်ယွန်းကပြောသည်။
"ဒါနဲ့ နင့်ကောင်မလေးရော ဂျယ်ယွန်း...""ဪ...သူလား အလုပ်ကိစ္စတွေမပြတ်သေးလို့ နောက်လမှလာမှာ ငါက စီစဉ်စရာတွေရှိတာ စီစဉ်ဖို့ရယ် နင်တို့ကိုလွမ်းနေတာရယ်နဲ့ပြန်လာလိုက်တာ"
ကိုယ်နဲ့ ထပ်ပြီးမဆိုင်နိုင်တော့တဲ့လူသားက တစ်လမ်းလုံး ကိုယ်တို့ရဲ့ ငယ်ဘ၀က အမှတ်တရတွေပြောရင်း သဘောတကျရယ်နေလျက်
ဟိုကိုရောက်တော့ ဆာလောင်နေတဲ့ ဗိုက်ကိုဖြည့်တင်းဖို့အတွက် စားစရာတစ်ချို့မှာလိုက်ကြသည်။
YOU ARE READING
Rewrite The Stars [Jake xOC ][Completed]✓✓
Roman d'amourကံတရားကိုသာပြောင်းလဲလို့ရရင်... လွဲခဲ့ကြတဲ့ဆုံမှတ်ကိုပြန်သွားလို့ရရင်.. အချိန်တွေသာနောက်ပြန်ဆုတ်လို့ရရင်... မင်းသာအခွင့်ရေးလေးထပ်ပေးခဲ့ရင်... မင်းကကိုယ့်အပိုင်ဖြစ်လာမှာလားဟင် ဘုရားသခင်က ကိုယ့်ဆုတောင်းဆိုရင် သိပ်လျစ်လျူရှုတယ်အချစ်ရယ်...