[Dreams Do Come True] Z

1.7K 51 2
                                    

အိမ်ပြန်ရောက်ပြီ ။

သူ မျက်နှာပေါ်မှာ ရှိနေတဲ့ maskကို အမြန်ဆွဲချွတ်လိုက်တယ် ။

နှစ်တွေကြာသွားတာတောင် သူ့ကို လိပ်မလေးတွေနဲ့ ကြောင်မလေးတွေက မှတ်မိနေတုန်းလား ။

~

သူ counterမှာ ငွေပေးချေနေတုန်း  ကလေးလေးကို ပွေ့ချီထားသည့် ၄၀ရွယ် အမျိုးသမီးက သူ့ကို အကြာကြီး ငေးမောကြည့်နေခဲ့သည် ။

" WangYiBo? "

သူ ရုတ်တရက် ရပ်တန့်သွားသော်လည်း ချက်ချင်းဘဲ ငွေပေးချေပြီး ထွက်လာခဲ့လိုက်သည် ။

အမျိုးသမီးက မျက်ရည်တွေ ဝိုင်းနေသည့် မျက်လုံးအစုံနှင့် ထွက်ခွာသွားသည့် ကျောပြင်ကျယ်ကြီးကို ငေးကြည့်နေခဲ့သည် ။

သေချာပါတယ် ။ ဒါဟာ သူမရဲ့ idol WangYiBoဆိုတာ ။

ခုတော့ သူမတို့ အားလုံး အသက်အရွယ်ရလာခဲ့ပြီ ။

2020ခုနှစ်လောက်က သူငယ်ချင်း အပေါင်းအဖော်တွေနဲ့ Stageရှေ့မှာ ရပ်လို့ bannerကိုယ်စီကိုင်ရင်း
“ 博君一肖是真的 ”
လို့ အော်ခဲ့တာကို မှတ်မိနေသေးသည် ။

WangYiBo Stageပေါ် အကကရင် ဒူးကာဝတ်လာဖို့လဲ သူမတို့ သတိပေးဖို့ မမေ့ခဲ့ ။
ဒူးကာဝတ်မလာသည့် လူဆိုးလေးကို မူပိုင်ရှင်ကို mentionပြီး တိုင်ခဲ့ကြသေးသည် ။

王肖 ဘီးကုပ်လေးပန်ရင်း အားပေးခဲ့ရသည့်နေ့ရက်တွေ ။

WangXiaoနှစ်ယောက် postတွေမှာ ပါသည့် Time Codeတွေကို အဓိပ္ပာယ်ဖော်ရင်း ကြည်နူးခဲ့ရတဲ့ နေ့ရက်တွေ ။

Behind The Scencesတွေ ကြည့်ရင်း
ဒီနှစ်ယောက်နဲ့အတူ ကုန်ဆုံးခဲ့သည့် နေ့ရက်တွေ ။

ဒီလူသားလေးတွေ တိုက်ခိုက်ခံရသည့် အချိန်တွေမှာ သူမတို့ တတ်နိုင်သမျှ ကြိုးစားကာကွယ်ရင်း မျက်ရည်တွေ ပြိုလဲခဲ့ရသည့် နေရက်တွေ ။

Zhan Ge သီချင်းလေးတွေကို
တူတူလိုက်ဆိုရင်း Bo Ge ရဲ့ ကကွက်တွေမှာ ဝိဥာဉ်ကပ်ငြိမျောပါသွားရသည့် အချိန်အပိုင်းအစလေးတွေ ။

မနက် မျက်လုံးပွင့်လာတိုင်းမှာ ဒီလူသားနှစ်ယောက်နဲ့အတူ စတင်နိုးထပြီး
တစ်နေ့လုံး မြတ်နိုးရာ လူသားနှစ်ဦးနှင့်အတူ ကုန်ဆုံးခဲ့သည် ။

战哥!弟弟爱你 [OneShot Collections]Where stories live. Discover now