YiBo သူစီးနေတဲ့ စကိတ်ဘုတ်ကို ကန်ထုတ်လိုက်တယ် ။
ဒေါသတအားထွက်လွန်းလို့ လက်သီးတောင် ဆုပ်လိုက်မိတဲ့အထိဘဲ ။
လူတွေများ ယုတ်မာလိုက်ကြတာ ။
ဘာလို့များ အခြေအမြစ်မရှိတဲ့ သတင်းတုတွေနဲ့ တိုက်ခိုက်ရဲတာလဲ ။
လူတစ်ယောက်ကို ထိုးနှက်ဖို့ဆို သွေးဆာနေတဲ့ သားရဲတိရစ္ဆာန်တွေလို သွားရည်တမြားမြားနဲ့ ။" Zhan Ge~ "
နှုတ်ဖျားကနေ ဖွဖွလေး ရေရွတ်မိတဲ့ ချစ်ရသူ ။ချစ်ရသူကို ရစရာမရှိလောက်အောင် ထိုးနှက်တိုက်ခိုက်တဲ့အပြင် သူနဲ့ပါ သွေးခွဲကြသေးတယ် ။
YiBo လက်သီးကို တင်းတင်းဆုပ်ပြီး လှည့်ထွက်လာခဲ့သည် ။
LeLeက Boss ကန်ထုတ်သွားသည့် စကိတ်ဘုတ်ကို ပြေးကောက်ရင်း လှည့်ထွက်သွားသည့် Bossကျောပြင်ကို စိတ်မကောင်းစွာ လှမ်းကြည့်မိသည် ။Boss အရမ်းခံစားနေရရှာမှာ ~
YiBo XiaoZhan နေထိုင်ရာ Condoဘက် ထွက်လာခဲ့သည် ။
ဧည့်ခန်းထဲရော စားသောက်ခန်းထဲမှာပါ ရှာနေသူကို မတွေ့တာမို့ ဝရံတာဘက် ထွက်လာတော့ တွေ့လိုက်ပါပြီ ။
ဝရံတာလက်ရန်းကို ကိုင်ကာ အဝေးကို ငေးကြည့်နေသူလေး ။
" Zhan Ge "
သူ့ခေါ်သံကြောင့် BaoBeiက လှည့်ကြည့်လာကာ ဖျော့တော့သည့် အပြုံးလေးတစ်ပွင့်နှင့် ။
YiBo ရင်တွေထဲ အောင့်မျက်သွားခဲ့သည် ။
အမြဲ အပြုံးလေးနဲ့ လူတွေအပေါ် ကြင်နာတတ်သည့် အစ်ကိုက ခုချိန်မှာ အပြုံးလေးတောင်မှ မပီပြင်တော့ ။
YiBo လျှောက်လာတော့ Geက ကိုယ်လေးကိုပါ လှည့်လာသည် ။
" YiBo "
ရုတ်တရက်မို့ အနည်းငယ် ထိတ်လန့်သွားဟန် ရှိသည့် Geရဲ့ ကိုယ်လုံးလေးကို ရင်ခွင်ထဲ ကျစ်ကျစ်ပါအောင် ထွေးဖက်ထားမိသည် ။
" ရင်နာတယ် "
တုန်ယင်တိုးလျစွာ ပြောလာသည့် အသံသြသြလေးကြောင့် ဒီကောင်လေး ငိုချင်နေပြီမှန်း Xiao Zhan သိလိုက်သည် ။