My school boy(Zawgi)part 4B🔞🔞
"အ့ လွှတ်တော့ "
".........."
"ဆွဲထိုးမှာ လွှတ်တော့"
ထိုအခါမှ လွှတ်ပေးလိုက်တဲ့ ဉီးစစ်
"ဟူး...ခင်ဗျားက ကျွန်တော့်ကို လွယ်တယ်များမှတ်နေလား""မဟုတ်ပါဘူးကွာ ကိုယ်ကအဲ့လိုထင်စရာလား ကိုယ်မင်းကိုအရမ်းတန်ဖိုးထားတာပါ ဒီကိစ္စကလည်း ကိုယ်မထိန်းနိုင်ဖြစ်သွားလို့ပါ ကိုယ်တောင်းပန်ပါတယ်နော် ကိုယ့်ကိုခွင့်လွှတ်ပေးပါ"
"အင်းလေ ကျွန်တော်ကလည်း ချောနေတာကိုး "
"အဲ့တာထားလိုက်ပါတော့ အခုကျွန်တော်ဗိုက်ဆာလာပြန်ပြီ"
"အင်း ကိုယ်စီစဉ်ထားတယ်"
ဟုပြောကာ ကုတင်ဘေးက ကြိုးဖုန်းကနေတစ်ဆင့် ဖုန်းခေါ်နေတဲ့ ဉီးစစ်
ခနကြာတော့ အစားစာတွေနဲ့ လှည်းတွေအများကြီးရောက်လာသည်
🍔🌯🌮🥙🥪🍕🍟🥩🍗🍖🍤🍙🥟🍘🍫🥂ညဏ်လေးစားသောက်ပြီးတော့ သူ့ထက်အရင်စားပြီးလို့ ကုတင်ပေါ်တက်ကာ laptopဖြင့် အလုပ်လုပ်နေသော ဉီးစစ် ရင်ခွင်ထဲတိုးဝင်ကာ ဖက်ထားလိုက်သည်
ဉီးစစ်လည်း အလုပ်တွေကို ဘေးဖယ်ကာ ညဏ်လေးကို ပြန်လည်သိုင်းဖက်လိုက်သည်
ကုတင်ထက်တွင် တစ်ယောက်ကိုတစ်ယောက်ဖက်ကာ တစ်ယောက်လက်တစ်ယောက်ကိုင်ရင်း"လူကြီး"
"အင်းညဏ်လေး"
"လူကြီးမှာ အရင်က ရည်းစားတွေဘာတွေ ရှိလား"
"ဟင့်အင်း မရှိဘူး ညဏ်လေးက ပထမဆုံးနဲ့နောက်ဆုံးပဲ" ဟုပြောကာ ညဏ့်ခေါင်းကို လာနမ်းတဲ့ဉီးစစ်
"လူကြီးကိုတစ်ခုမေးလို့ရမလား အမှန်တိုင်းဖြေပေးနော်"
"အင်း""ညဏ့်ရဲ့ မိဘတွေက လူကြီးဆီမှာ ဘာလို့အကျွေးတွေအဲ့လောက်တင်နေတာလဲ ရင်းနှင်းမှုတစ်ခုထဲကြောင့်လို့တော့ မထင်ဘူး"
"အင်း...ကိုယ်လည်းမထင်ထားဘူး ဉီးမြတ်လွန်းက ကိုယ်အားကျခဲ့ရတဲ့ စီးပွားရေးသမားတစ်ယောက်
ကိုယ်၁၈နှစ်လောက်တုန်းကပေါ့ ကိုယ့်ကိုငယ်ငယ်လေးထဲကစွန့်ပြစ်သွားတဲ့မိဘတွေက ကိုယ်အသက်ပြည့်တော့ ဘိုးဘွားပိုင်အမွေတွေရတော့မ်ဆိုတာ သိတော့ပြန်လာခဲ့ကြတယ်ကိုယ့်ကိုငယ်ငယ်လေးထဲက ဘကြီးအောင်ပဲစောင့်ရှောက်ခဲ့ရတာ အဲ့စံအိမ်ကြီးထဲမှာကိုယ်ရယ် ဘကြီးအောင်ရယ် အလုပ်သမား၂ယောက်ရယ် ပဲရှိတယ် အဖိုးက ကိုယ်၎နှစ်သားလောက်မှာဆုံးသွားတယ် အဖွားလည်းအဲ့စိတ်နဲ့ပဲ နောက်၃လလောက်နေတော့ အဖိုးရက်လည်နေ့မှာပဲဆုံးသွားတယ် သိပ်မကြာပါဘူး တစ်ယောက်နဲ့တစ်ယောက်မချစ်ပဲ မိဘတွေကြောင့်လက်ထပ်ထားတဲ့ ကိုယ့်ရဲ့မိဘတွေကလည်း သူတို့ရဲ့အငယ်အနှောင်းတွေဆီထွက်သွားခဲ့ကြတယ်
အဲ့၁၈နှစ်ပြည့်မှာ ကိုယ်အမွေတွေရတယ် အဲ့အချိန်မှာ အဖေ့ဘက်က မယားပါကလေးတွေရော
အမေ့ဘက်က လင်ပါသားတွေရော ကိုယ့်ကို အစ်ကိုကြီးလို့ လာခေါ်ပြီး အမွေတွေတောင်းပါလေရော
YOU ARE READING
My School Boy
Romanceကျောင်းရဲ့အချေကိုယ်တော်လေးကို Mafia ကြီးက ကျောင်းသားယောင်ဆောင်ပြီး ဘယ်လိုအရယူမလဲ သိချင်ရင်ဖတ်ကြည့်လိုက်တော့🤧