Part - 7

1.7K 48 7
                                    

My school boy
Part -7 (Unicode)

"တီ...တီ...တီ..."
‌ခြံရှေ့မှ ဟွန်းအဆက်မပြတ်တီးနေတဲ့ ရတီမိုး

မီးဖိုထဲမှ
"ရောက်ရင်လည်း တက်နှိုးတာမဟုတ်ဘူး ဘယ်လိုကလေးမလည်းမသိ"
ကြီးမေ အပြောကို ထက်မြတ်မှ
"ညဏ်လေး သွားကြည့်လိုက်မယ် ကြီးမေ"
"အေးအေး"

"ဟို မရတီ ခင်‌ဗျ Boss အခန်းဆီသွားလိုက်ပါလား"
"နင့်အပူမပါဘူး ငါ့ဘာသာသွားချင်သွားမယ် မသွားချင်မသွားဘူး အိမ်ဖော်က အိမ်ဖော်လိုနေ"
ညဏ် စွံ့အသွားသည် မရတီကို အခုလိုကြီးကျယ်မယ်လို့ မထင်ခဲ့ရိုးအမှန်
ညဏ် ဘာမှဆက်မပြောပဲ အိမ်ထဲပြန်ဝင်လာချိန်
လှေကားမှ ဆင်းလာတဲ့ ဦးစစ်နိုင်
"ဟို ရှေ့မှာ မရတီ...."
ညဏ့် စကားမဆုံးလိုက်
"သိတယ် အဲ့တာကြောင့် ဆင်းလာတာ"

"ဟွန့်..ညထဲက စာပို့ထားတာလဲဝင်မကြည့် ဖုန်းဆက်တော့လည်း မကိုင်နဲ့ လူကိုပြစ်ထားတယ်"
"မဟုတ်ပါဘူး ရတီရယ် ညကကိုယ်ပင်ပန်းပြီးအိပ်ပျော်သွားလို့ပါ"
"မရဘူး စိတ်ဆိုးတယ်"
"ဟောဗျာ....ကဲအဲ့တာဆို ကိုယ်ဘာလုပ်ပေးရ..."
ဦးစစ် မရတီအား ချော့တော်မူခန်းကို မကြည့်နိုင်၍ ညဏ် လှည့်ထွက်လာခဲ့သည်

"ပါပါး....ပါပါး..."
မီးဖိုချောင်ထဲ မျက်လုံးလေးပွတ်ပြီး ဝင်လာတဲ့ ရိုရို
"ဟောအချစ်ကလေး လာပါအုံးပါပါးဆီ"
"ရိုရို ဗိုက်ဆာတယ်"
......

At evening,
" ကြီးမေ ကြီးမေ ညဏ်လေး ညဏ်လေး"
အိမ်ထဲအလောတကြီးဝင်လာတဲ့ ကိုဘုန်းသစ်
"ဟော ဘာဖြစ်လာတာတုန်း ဘုန်းသစ်ရဲ့"
"ကြီးမေ ကိုစစ် ကားတိုက်ခံရလို့"
"ဘာ!.."
"ခွမ်..."
ညဏ်လက်ထဲက ပန်းကန်ပြား ကျကွဲသွားသည်အထိ ရင်ထဲပူလောင်မှုအပြည့်
ဘုန်းသစ်စီအပြေးလာပြီး
"ဦး...ဦးစစ် ဘာဖြစ်သွားသေးလဲ"
"ကိုစစ် ခေါင်းကိုနဲနဲထိသွားတယ်"
"ဗျာ...အခု..အခုရော.."
ညဏ်လေးစိတ်အရမ်းပူနေမှာဆိုးလို့ ဘုန်းသစ် လိမ်လိုက်ရသည် အမှန်က လက်ကျိုးတဲ့အပြင် ခေါင်းကို၂ချက်ချုပ်လိုက်ရသည်
"သက်သာပါတယ် ညဏ်လေးအရမ်းစိတ်ပူမနေနဲ့
အခုလည်း လိုအပ်တာတွေယူဖို့ ပြန်လာတာ
လောနေတာက company မှာ ဦးနိုင်အစား အစီးအဝေးတက်ရမှာမို့"

"အဲ့တာဆို ကြီးမေနဲ့ ညဏ်လေး ဆေးရုံသွားလိုက်မယ် သားက..."
ကြီးမေစကားမဆုံးလိုက်
"အာ..ရတယ် ကျွန်တော့်ပဲကြည့်လိုက်ပါ့မယ်
ပြီးတော့ မရတီက မနက်ဖြန်က စပြီး ဒီမှာလာနေလိမ့်မယ် သူ့ကိုကြည့်ပေးဖို့ ကြီးမေတို့ကို မှာလိုက်တယ် သူ့ကိုပဲကြည့်ပေးထားနော်"
"အေးအေး ဟုတ်ပြီ သားစစ်ကို ဂရုစိုက်လိုက်အုံးနော် ကြီးမေ လိုအပ်တာတွေ သွားထည့်အုံးမယ်"
"ဟုတ်ကဲ့ ကြီးမေ"

You've reached the end of published parts.

⏰ Last updated: Feb 04 ⏰

Add this story to your Library to get notified about new parts!

My School BoyWhere stories live. Discover now