မောင်တို့အိမ်လေး အပိုင်း(၁၃)

1.9K 219 3
                                    

အချိန်တွေသာ ကုန်ဆုံးလာပါသည်
ကျွန်တော် မောင်ကိုစကားမပြောတော့ဘူး
မောင်ကလည်း ကျွန်တော်ကို ယောင်လို့တောင်မကြည့် စကားလည်းမပြော
မချစ်ရင်နေပါ မောင် အရင်လို ကိုယ်ကိုစကားပြန်ပြောပါ မောင်ရယ်
ဘာမှမဖြစ်သလိုကျွန်တော် နေနေပေမဲ့
မောင်ကျွန်တော်ကို လျစ်လျှုရှုတိုင်း ဒီကောင်နှုလုံးသားလေး သေဆုံးသွားသလို
Daddy ကမေးပါတယ်

"သားငယ်
မျက်နှာ ဘာဖြစ်တာလဲတဲ့"

Daddyက ကျွန်တော်မျက်နှာကဒဏ်ရာကိုပဲ
သိတာပါ
မောင်လိမ်ချိုးလိုက်တဲ လက်ကိုတော့ မသိပါဘူး
ကျွန်တော် လက်ကလေးလှုပ်လို့ မရတော့ဘူး
Daddy မသိအောင် Jinhyung နဲ့အတူတူဆေးရုံသွားရတယ်လေ ဆရာဝန်က
ကပတ်တီးစီးပေးတယ် ကျွန်တော်မစီးဘူးလို့
ပြောခဲ့ရတယ် Daddy သိသွားမှာဆိုးလို့
မောင်ကို မုန်းသွားမှာ ဆိုးလို့
ကျွန်တော်နဲ့ သဘောမတူတော့မှာဆိုးလို့

"ဒန်းစီးရင်နဲ့ ပြုတ်ကျတာပါလို့
Jinhyung လည်းသိတယ်"

Jinhyung ကိုပါ ဆွဲထည့်လိုက်ရသည်

ကျွန်တော် မျက်နှာများလည်း ပလာစတာပေါင်းချုပ် ကျိုးသွားတဲ့လက်လေးကို Daddy မရိပ်မိအောင်လည်း နေရပါတယ်ဗျာ
ညရောက်ရင်တော့ ကျွန်တော်ဆေးလိမ်းပြီး
ပတ်တီးစီးပြီး အိပ်ရတယ်
လက်ကျိုးသွားတဲ့လက်လေးက အရမ်းကိုက်တယ် အေးရင်ပိုဆိုးတယ်

ကျွန်တော်လက်လေးလည်း တစ်ဖြေးဖြေးသက်သာ လာပါတယ်
အရင်တုန်းက ရီမောပျော်ရွှင်ခဲ့ရတဲ့အချိန်တွေကို အရမ်းလွမ်းတယ် အခုကျွန်တော်တို့ သုံးယောက် ဖာသိဖာသာ နေကြတယ်
Jinhyung လည်းမောင်နဲ့ စကားမပြောတော့ဘူး ကျွန်တော်ကိုတော့စကားပြောပါတယ်
မောင်ကတော့ အကြောတင်းတယ်
သူ့ကိုတော့စကားမပြောပေမဲ့ Jinhyung ကို
စကားပြောတယ်
မောင်ကပြောပေမဲ့ Jinhyung ကမောင်ရှိတယ်လို့တောင်သဘောမထားတော့

"ရန်ဖြစ်ထား ကျတာလား သားတို့"
လူစုံတိုင်းမေးတဲ့ Daddyအမေးကို ဖြေတဲ့သူက မောင်

"မဖြစ်ထားပါဘူး ဦးလေး
ဖြစ်စရာလား "
မောင်အဲ့သလိုပြောတိုင်း Jinhyung ကတစ်ခု
မဟုတ် တစ်ခု ဆောင့်ချတယ်
ကျွန်တော်တို့အိမ်လေး အရင်လို
ရီသံတွေ စကားပြောသံတွေ ရင်ခုန်သံတွေ
အကုန်ပျောက်ကွယ်သွားတယ်
အရင်တုန်းက အပျော်ရွှင်ရဆုံးက
ထမင်းစားတဲ့အချိန် မောင်ကိုခိုးခိုးကြည့်ရတယ်
မောင်က ကျွန်တော်ကို ဟင်းတွေထည့်ပေးတယ် သူပဲထည့်ပေးပြီး
ရှက်သွားတဲ့ကောင်လေးက
အခု သွေးအေးသွားတယ်
တိတ်ဆိတ်နေတဲ့ ထမင်းစားဝိုင်းမှ အရင်ထတဲ့သူက ကျွန်တော် ချစ်ရတဲ့ မောင်
ကျွန်တော်ကိုလည်း ရှောင်နေတယ်
အပြင်တွေလည်း ထွက်တတ်လာတယ်မောင်က
မနက်ထွက်သွားရင် ညကျမှပြန်လာတတ်
တယ် တစ်ခါတစ်လေ နေ့ခင်းပြန်လာတယ်
နားတွေမှာလည်း ရှုပ်ရှပ်ခပ်နေတာပဲ
ဖန်စီနာကပ် အချွန်တွေ တပ်ထားတယ်
ကိုယ့်က အဲလိုတွေ နာကပ်ပန်တတ်သူဆို
အရမ်းမုန်းတယ် ဒါပေမဲ့မောင် ဝတ်ထားတော့
အရမ်းကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိတယ်
တတ်တူး တွေကလည်း လက်မှာအနှံ
ဘာလို့ တတ်တူထိုးတာလဲမောင် မောင်အသားလေး နာကျင်နေမယ်ဆိုတာမသိဘူးလား မောင်ရယ် တော်တော်ဆိုးတာပဲ မောင်က
မောင်လူဆိုးလေးကို အသည်းနင့်အောင်ချစ်တယ်မောင်
မောင်ဘာလုပ်လုပ် ကိုယ့် မတားဘူးမောင်
ကြိုက်သလိုလုပ်ပါ ချစ်ရတဲ့မောင်ရယ်
ကိုယ့်က အပယ်ခံကြီးပါ

မောင်တို့အိမ်လေး Where stories live. Discover now