မောင်တို့အိမ်လေး ENd

3.2K 257 5
                                    


"ကျေးဇူးပြုပြီး မောင့်ကိုဘာမှမပြောပါနဲ့
hopehyung....
မောင်အမှားမဟုတ်ပါဘူး...ကျွန်တော်
စိတ်မထိန်းနိူင်လို့ ​ဖြစ်သွားတာပါ.."

"Park Jimin!!!!!"

တုန်တတ်သွားသော ကိုယ်လုံးလေး
မင်းလန့်သွားဖို့ hyung မရည်ရွယ်ပါဘူး
အရှက်မရှိ  ငါတို့ကိုအပြင်ကိုသွားခိုင်းပြီး
ငါညီကို...ငါညီကိုစော်ကားတဲ့ကောင်
သေအောင်ရိုက်သတ်ချင်လိုက်တာ
ဘယ်လိုရုပ်မှန်းမသိ

တွေးရင်းတွေးရင် ဒေါသတွေတစ်ဟုန်တိုးထွက်လာတော့သည်
ကုတင်ပေါ်လေးမှာ ယှဲယှဲလေးထိုင်နေသည့်
အချစ်သူရဲကောင်းကို ဆွဲထိုးပစ်ချင်သည်
ဘယ်နေရာကိုကြည့် ကြိုက်လဲတော့မသိ
လူက သေမြော့မြော့ပဲကျန်တော့တာကို
ကာကွယ်ပြနေတယ်

"ဘာကောင်းကျိုးပေးလဲ
အဲ့အကောင်ကိုကြိုက်တာ.."

ခွမ်း!!!
သူနားကိုမရောက်လာသည့် ဖန်ခွက်လေးက
ကျကွဲကာ ကွဲကျသွားသည်

Jimin သည်လက်မြန်ချေမြန်နဲ့ ကုတင်ဘေးနားတွင်ကပ်ထားသော ခုံလေးပေါ်က ဖန်ခွက်လေးကို hope ရှိသည့်
နေရာသို့ အားနဲ့ပေါက်ပစ်လိုက်တော့သည်
ကံကောင်းထောက်မတတ် hopehyung ကိုမထိသွားပါ
ကိုယ့်hyung လို့တွေးနေသော်လည်း
မောင့်ကိုထိပါးအားပြောနေသည့် hopehyung ကိုသူမတရား ဒေါသတွေထွက်လာသည် သေလောက်အောင် လည်းမုန်းလာသည်
မောင်ကို ဘယ်သူမှပြောပိုင်ခွင့်မရှိပါ
သူပဲပြောမည် သူပဲရိုက်မည် သူပဲနာကျင်အောင်လုပ်မည်
မင်းလုပ်တာမှန်တယ် Park Jimin
မောင်ကို ဝေဖန်တဲ့သူတွေအားလုံးကို အသားနားကျင်အောင် ငါလုပ်ပြစ်မယ်
နည်းနည်းလေးလှုပ်တာနဲ့ နာတဲ့နေရာကနာသည် နာကျင်မှုကိုအံကြိတ်ကာ ထိုင်လိုက်တဲ့အချိန်မျက်ရည်တောင်ဝဲမိပါသည်

ညိုးတတ်လာသောမျက်ရည်တွေနဲ့
ခေါင်းတွေယမ်းခါနေသော Jhope
Jimin ဒီလိုလုပ်မယ်လို့ မတွေးခဲ့မိ
ရိုင်းစိုင်းတဲ့အကျင့်ကို Jimin ဘယ်လိုတတ်သွားတာလဲ Jimin ထိုအကောင်ကို ကာကွယ်လေ သူပိုပိုပြီး Jeon Jungkook ကိုမုန်းလာလေ

မျက်ရည်တွေကျနေသည့်မျက်လုံးနဲ့
သူရှေ့မလမ်းမကမ်းမှာ ကျကွဲသွားသည့်
ဖန်ခွက်အပိုင်းအစတွေဆီ မျက်စိပို့ထားပြီး
ထပ်ပြောဦးမလား ဆိုတဲ့စကားအသံကို အံကြိတ်ကာနားစွင့်နေတော့သည်

မောင်တို့အိမ်လေး Where stories live. Discover now