Jaesahi ကို အသူ ITYS က plot ကိုပဲအခြေခံရေးသွားမယ်နော် 😍
မမှတ်မိမှာစိုးလို့ plotအစလေး ပြန် တင်ပေးထားပါတယ် 👇"Hello... မေမေ သားကသတိရနေတာ ဟီး"
"အမလေး YoonJaeHyuk သားတော် သတိရသေးလို့ပဲအမေကဖုန်းစဆက်မှပဲ စကားပြောရတော့တယ် ကဲပြောပါအုံး ဘာတွေလုပ်နေလည်း"
"မေမေရယ် သားက ပြန်ရောက်တာမကြာသေးတော့ ခနလောက်တော့ လည်ပတ်နေတာပါမေမေရယ် "
"အင်း...ဒါဆိုအရမ်းတွေအားနေတယ်ပေါ့ "
"အင်း...အဲ့ မဟုတ်ပါဘူး"
"အဲ့တာဆို ကားဂိတ်ကိုသွား Asahi ကိုသွားကြိုလိုက်"
"ဗျာ......မေမေ Asahi ကဘာကြီးလည်း"
" YoonJaeHyuk ဘယ်လိုတောင်မေးလိုက်တာလည်း
အဲ့တာ မေမေ့ သူငယ်ချင်းရဲ့သားလေးလေ Seoul ကိုလာလည်ချင်နေတာကြာပေါ့ ခုတော့ သားနဲ့လည်းအဖော်ရအောင် မေမေကသားနဲ့သွားနေခိုင်းလိုက်တာ""ဟာ...မေမေ မခေါ်ဘူး သွားမခေါ်ဘူး သားအဖော်လည်းမလိုဘူး "
"ဟဲ့..... ငါနယ်မှာတင် သေသွားတာကိုနင်မြင်ချင်တာလား "
"မေမေ........လို့"
"သွားနော် ငါသူ့ဖုန်းနံပါတ် မက်ဆေ့ချ်ပို့ထားလိုက်မယ် နောက် မိနစ် 30နေရင်သူတို့ကားဆ်ိုက်လောက်မယ် ဒါပဲ"
"Yahhhhhhh........မေမေ ဗြဲ အဖော်မလိုချင်ဘူး ရှုပ်တယ် "
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
After 30 minsYoonJaeHyuk တစ်ယောက် ကားပေါ်ကမဆင်းဘဲ
Asahi ဆိုသည့်သူကိုရှာနေသည်
လက်ထဲကဖုန်းကို ငုံကြည့်ကာ ဖုန်းခေါ်ရမလိုနဲ့ ဖုန်းလည်းစမခေါ်ချင် နောက်ဆုံးတော့"Hello Asahi ပါလား"
"ဟုတ်တယ် ဘယ်သူလည်း. "
*အံမယ်လေသံကမာမာနဲ့...စိတ်လျှော့ YoonJaeHyuk ရေ..စိတ်လျှော့*
⏲⏲⏲⏲⏲⏲⏲⏲
ကားရှေ့က လွယ်အိတ်တစ်အိတ်ကိုလွယ်ကာ
ခပ်ကြွကြွလျှောက်လာသော လူတစ်ယောက်..
အပြင်ပန်းပုံစံအတိုင်းဆ်ို နယ်ကတက်လာတယ်လို့ကိုမထင်ရ
ဖြူဖွေးပြီးဝင်းဝါနေသောအသားအရေနှင့် ရုပ်ရည်ကလည်းအသားလေးနှင့်လိုက်ဖက်အောင်ချောမောလှသည်
YOU ARE READING
The Same as {Completed}💛
RomanceJaehyuk ရဲ့အမေကြောင့် တစ်အိမ်ထဲတူတူနေရတဲ့ Jaehyuk နဲ့ Asahi JaeHyuk က သူနဲ့ opposite type ဆိုပြီးAsahi အမြဲငြင်းဆိုခဲ့ပေမယ့် တဂယ့်လက်တွေ့မှာတော့ သူ့ကိုယ်သူရော ငြင်းနိုင်ပါ့မလား နောက်ဆုံးချိန်ထိ JaeHyuk နဲ့ Asahi တို့ ဘယ်လိုဆက်ဖြစ်သွားကြမလည်းဆိုတာကတေ...