The Same as P-6 ZG

260 15 2
                                    

Asahi ဒီနေ့လည်း အရင်တစ်ခေါက်ကလို JaeHyuk နိုးလာရင်စားဖို့ online food မှာလိုက်ပြန်သည်
ထို့နောက် ရောက်လာသည်များကိုပြင်ဆင်ပြီး
JaeHyuk နိုးလာမည့်အချိန်ကိုစောင့်နေလိုက်သည်

ခနအကြာ JaeHyuk နိုးလာသောအခါ
Asahi ကရယ်ပြီး လက်တစ်ဖက်ကမ်းပေးလိုက်သည်

"ဝဲ...ခုမှနိုးတာ ချက်ချင်းထရမို့လား"

မျက်လုံးတွေကိုပြန်မှိတ်ကာ Asahi ကိုအော်ပြောနေသော JaeHyuk ကိုကြောင့် Asahi ရယ်နေရပြန်သည်

JaeHyuk ကြောင့် သူဒီနေ့ပျော်နေရတာ အကြိမ်မနည်းတော့ပါဘူး
အမြဲတမ်းဒီတိုင်းလေးသာဆိုရင်ကောင်းမှာဘဲ......

" ကြက်သား Pizza ပြင်ထားတယ်နော်....မထသေးဘူးလား"

"အားး.....အမေလွှတ်လိုက်တဲ့ သားသူငယ်ချင်းက အနိုင်ကျင့်နေတယ်ဗျို့"

ပါးစပ်ကလည်းပွစ်ိစိပြောကာ ချက်ချင်းထသွားသော JaeHyuk က pizza သံကြားလိုက်လို့ဆိုတာသိသာနေသည်

~~~~~~~~~~~~~~~

နောက်နေ့မနက် JaeHyuk နှင့် Asahi မနက်စာတူတူအပြင်မှာထွက်စားကြသည်

"Asahiရာ....ငါ HyunSuk နဲ့ခနသွားတွေ့ချင်သေးတယ်"

"မဖြစ်ဘူးလေ... ဟိုတစ်ယောက်နဲ့ပါတွေ့နေမှ"

"တွေ့ပါစေပေါ့ သူ့ကိုငါမကြောက်ဘူး ငါကလည်းသူနဲ့တွေ့ချင်နေတာ"

"အား!....ငါ့ ဗိုက်....ငါဗိုက်အတော်နာတယ် အား"

"ဟင်...ဘာဖြစ်လို့လည်း... ဆေးရုံသွားမယ် လာ"

"နေအုံး... ငါ အိမ်မှာ သောက်နေကျဆေးရှိတယ် အိမ်အရင်ပြန်မယ်"

Asahi ကောင်းမှုနဲ့ JaeHyuk ပြာယာခတ်ကာ အိမ်ပြန်ရောက်လာပါပြီ
ထို့နောက် JaeHyuk ကားပေါ်ကအရင်ဆင်းကာ Asahi ရှိရာ ကားမှန်တံခါးဘက်ကိုသွားပြီး ထွက်ဖို့လုပ်နေတဲ့ Asahi ကို ပွေ့ချီလိုက်သည်
Asahi ကခန္ဓာကိုယ်သေးသလို ကိုယ်အလေးချိန်လည်းနည်းတာကြောင့် JaeHyuk ပွေ့ချီလိုက်သောအခါ စွေ့ခနဲ.....

"ငါ...လျှောက်လို့ရတယ်"

"ငြိမ်ငြိမ်နေ...မဟုတ်ရင် ပြုတ်ကျရင်ပိုနာမှာ"

JaeHyuk က Asahi အခန်းထဲ ပွေ့ချီသွားကာ ကုတင်ပေါ်အသာချပေးရင်း

"ဆေးဘယ်မှာလည်း "

The Same as {Completed}💛Where stories live. Discover now