JeongWoo JaeHyuk ခြံရှေ့ရောက်တော့ကားဟွန်းတီးကာခေါ်ပေမယ့် တစ်ယောက်မှထွက်မလာတံခါးကလည်းသော့မပိတ်ထားတာကြောင့် ကားကိုအပြင်မှာပဲထားခဲ့ကာ ဝင်လာလိုက်သည်
အိမ်ထဲရောက်လို့ခေါ်ကြည့်တော့လည်း တိတ်ဆိတ်နေတာကြောင့် JeongWoo စိတ်ပူကာ
အပေါ်ထပ်အိပ်ခန်းတွေရှိရာဆီတက်သွားသည်
ထို့နောက် တံခါးပွင့်နေသောအခန်းကြောင့်အမြန်ပြေးကြည့်လိုက်တော့...."Asahi Hyung!...."
အခန်းထဲလှဲကျနေသောAsahi ကြောင့် JeongWoo ပြာယာခက်သွားပြီး သွားကြည့်လိုက်တော့ လှဲကျနေတဲ့ ဘေးနားမှာတွေ့ရတာက ဆေးကဒ်တစ်ခု....JaeHyuk ကိုအော်ခေါ်တော့လည်းမရှိဟန်ပေါ်တာကြောင့်
JeongWoo လူနာတင်ကားမခေါ်တော့ဘဲ Asahi ကိုပွေ့ချီကာ ဆေးကဒ်ကိုယူရင်း သူ့ကားနှင့်သာ နီးရာဆေးရုံဆီသို့အမြန်သွားလိုက်သည်
ကားမောင်းနေရင်းမှ JaeHyuk ကိုလည်း
ဖုန်းအကြိမ်ကြိမ်ဆက်နေသေးသည်*လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ....*
JeongWoo လည်းJaeHyuk ကိုဆက်မရတာကြောင့် Ruto ကိုသာဖုန်းဆက်ပြီးဆေးရုံကိုသွားထားခိုင်းလိုက်သည်
ဆေးရုံရောက်သည်နှင့်အရေးပေါ်ခွဲစိတ်ခန်းထဲတွန်းဝင်သွားသော
ကုတင်ပေါ်၌ အပစ်ကင်းကင်းစင်စင်အိပ်ပျော်နေသော Asahi
ကိုကြည့်ပြီး JeongWoo အတော်ကိုသနားမိသည်ထို့နောက်အပြင်ကနေ JaeHyuk ကိုမနားတမ်းဖုန်းဆက်ခေါ်ဖို့သာတတ်နိုင်တော့သည်
~~~~~~~~~~~~~~~~~~
"JaeHyuk yahh ရောက်တာကြာနေပြီလား Hyung နောက်ကျသွားတယ် "
"ရပါတယ် Hyung "
"အခုကမင်းကိုအားနာပေမယ့် ပြောစရာရှိလို့ မိတ်ဆက်ပေးစရာလည်းရှိလို့ JaeHyuk ကို အကို့သူငယ်ချင်းတစ်ယောက်အနေနဲ့ "
"Hyung....ကျွန်တော့ကိုရှင်းအောင်ပြောပါ "
"Jihoona "
HyunSuk ခေါ်လိုက်တာနဲ့ ဆိုင်ထဲဝင်လာသော Jihoon ကြောင့် မျက်စိစပညးမွှေးစူးရပြန်သည်
"ဒါက Hyung ရဲ့ချစ်သူ Jihoon ပါ....ဒါကတော့ JaeHyuk ငါ့သူငယ်ချင်း... "
"တွေ့ရတာဝမ်းသာပါတယ် Jae...Hyuk"
လက်လှမ်းပေးလာသော Jihoon မျက်နှာမှာအပြုံးတွေအပြည့်
"Hyung ကျွန်တော့ကိုသွားခွင့်ပြုပါအုံး သိရတာလည်းဝမ်းသာပါတယ် "
YOU ARE READING
The Same as {Completed}💛
RomanceJaehyuk ရဲ့အမေကြောင့် တစ်အိမ်ထဲတူတူနေရတဲ့ Jaehyuk နဲ့ Asahi JaeHyuk က သူနဲ့ opposite type ဆိုပြီးAsahi အမြဲငြင်းဆိုခဲ့ပေမယ့် တဂယ့်လက်တွေ့မှာတော့ သူ့ကိုယ်သူရော ငြင်းနိုင်ပါ့မလား နောက်ဆုံးချိန်ထိ JaeHyuk နဲ့ Asahi တို့ ဘယ်လိုဆက်ဖြစ်သွားကြမလည်းဆိုတာကတေ...