The Wedding : We meet again

1.2K 152 25
                                    

[Unicode]
[Zawgyi version below]

မီးဆိုင်းကြီး​တွေနဲ့ ထိန်ထိန်လင်းကာ မီး​ရောင်​အောက်တွင် ​တောက်ပ​နေ​သော ​ကော်​ဇောနီကြီး​၏ ​ဘေးဘက် နှစ်ဖက်လုံးတွင် အ​တောက်​ပြောင်ဆုံး ဆင်ယင်လာတဲ့ ​တော်ဝင်မျိုးနွယ်​တွေ၊ ချမ်းသာတဲ့ မျိုးရိုးက​နေ ဆင်းသက်လာတဲ့ လူကုန်ထံ​တွေဟာ ​ဟောခန်းကြီးရဲ့ ဂိတ်ကိုသာ ​မျှော်ကြည့်ပြီး ​ငေး​နေကြသည်။

မကြာခင်ပါဘဲ ပွင့်လာတဲ့ တံခါးချပ်​တွေရဲ့ ​နောက်ကွယ် လက်​မောင်းချင်းချိတ်ထားတဲ့ သတို့သားနှင့် သတို့သမီးတို့ဟာ မြင်ကွင်းထဲ ဝင်​ရောက်လာသည်။

ရိုးရိုးရှင်းရှင်း အဖြူ​ရောင် ဇာဂါဝန်နဲ့ ဦး​ခေါင်း​ပေါ်တွင် ​နေရာယူထားသည့် ​ကျောက်စိမ်းသရဖူဟာ ပွဲလာသူ ဧည့်သည်​များ၏ အာရုံကို ဖမ်းစား​နေသည်။

အစိမ်း​ရောင် suit ဝတ်ထားသည့် မင်းသား​လေးမှာလည်း သူနှင့် လက်ချင်းချိတ်ထားသည့် သတို့သမီး​လေးအား ကြည့်မဝနိုင်​။ ဒီအခိုက်အတန့်​လေးဟာ သူ့အတွက်​တော့ အ​ပျော်ရွှင်ဆုံး အခိုက်အတန့်​တွေ။

စိန်စီထားသည့် လက်စွပ်​လေးကို သူမရဲ့ လက်သူကြွယ်မှာ စွတ်ဝတ်​ပေးရင်း သူမ၏ မျက်နှာကို ခိုးကြည့်သည်။

" In Hyung..!"

သူ့ရဲ့ တီးတိုး​ခေါ်သံ​ကြောင့် သူမ ဇာပုဝါ​အောက်က​နေ မင်းသား​လေးကို ပြန်ကြည့်သည်။ မင်းသား​လေးရဲ့ ချိုမြိန်တဲ့ အပြုံး​တွေ​ကြောင့် သူမ ပါး​လေးများ နီရဲသွားသည်။

သူမ၏ လက်​လေးကို ဆုပ်ကိုင်ထားသည့် မင်းသား​လေးရဲ့ လက်​ချောင်း​လေးများဟာ ဇာပုဝါအဖျားသို့ ​ရောက်ရှိလာပြီဖြစ်သည်။ သူမ၏ မျက်နှာ​ပေါ်  ဖုံးလွှမ်း​နေ​သော ဇာပုဝါ​လေးကို မင်းသား​လေးက အ​နောက်သို့ လှန်တင်​ပေးလိုက်သည်နှင့် တစ်ပြိုက်နက် ပရိတ်သတ်များဟာလည်း လက်ခုပ်တီး​နေကြသည်။

In Hyung မင်းသား​လေး၏ အနမ်းများကို မျက်လုံးမှိတ်၍ ခံယူလိုက်သည်။

​နောက်ဆုံး​တော့ သူတို့နှစ်​ယောက် ​ပေါင်းဖက်ရ​လေပြီ။
ဒါ​ပေမယ့် ဒါဟာ အဆုံးသတ်လား?

▪Ͳհҽ βąɾҍìҽ ᎠօӀӀ▪Tahanan ng mga kuwento. Tumuklas ngayon