သင်သာ 90 ခုနှစ်မွေးတဲ့သူဆိုရင် ရင်နင့်စရာကောင်းတဲ့ အဖြစ်အပျက်လေးတခုကို သတင်းစာတွေ ဂျာနယ်တွေထဲမှာ ဖတ်ခဲ့ရလိမ့်မယ်...
ရှောင်းကျန့်အသက် ၁၈နှစ် ခပ်ညိုညိုအသားအရေကိုပိုင်ဆိုင်ထားပြီး ယောက်ျားပီသတဲ့ခန္ဓာကိုယ်
အရပ်အမောင်းနဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးပေါ့
ဒါပေမဲ့ အဲ့ဒီနှင်းဆီခိုင်လေးကိုပိုင်ဆိုင်ခဲ့ရတဲ့သူ
ကတော့ မိန်းမပျိုလေးတယောက်မဟုတ်ခဲ့တာပါပဲ။
လိင်တူနှစ်သက်ခြင်းဆိုတဲ့စကားလုံးကို ကြားဖူးဖို့
မပြောနဲ့ စာအုပ်တွေထဲမှာတောင်တွေ့ရဖို့ရှားတဲ့
ခေတ်တခေတ် ရှေးရိုးစွဲမိဘ အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကြားမှာ ဒီလူသားနှစ်ယောက်မှာ ရဲဝံ့စွာပဲလက်တွဲခဲ့ကြပြီး ဖိအားများစွာကိုရင်ဆိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ၁၈ နှစ်အရွယ်ကောင်လေးနှစ်ယောက် ရှေးရိုးစွဲ
ခေတ်မှာကြီးပြင်းလာရတဲ့အခါ ဒါတွေဟာအပြစ်တခုလို ဝဋ်တခုလိုသတ်မှတ်ခံလာရပြီး လူအများရဲ့ရွံရှာတဲ့မျက်ဝန်းတွေနဲ့ အချိန်အတော်ကြာရင်ဆိုင်လာပြီးနောက်မှာတော့ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းဖို့ဆိုတဲ့မျှာ်
လင့်ချက်ရောင်ခြည်လေးပျောက်ကွယ်သွားခဲ့တယ်။ ကူညီဖေးမမဲ့သူမရှိ မိဘများဆီကပြစ်တင်ရှုံ့ချခံရပြီး
စွန့်ပစ်ခြင်းကိုပါခံခဲ့ရတဲ့အခါ နောက်ဆုံးရွေးချယ်စရာလမ်းတလမ်းပဲရှိလာတော့တယ်...တက္ကသိုလ်တက်လျှင်နေဖို့ မိဘတွေဝယ်ပေးထားတဲ့တိုက်ခန်းငယ်လေးတဲ့ အပြင်လောကနဲ့အဆက်အ
သွယ်ဖြတ်ပြီး လူငယ်လေးနှစ်ယောက်ဟာ ပိတ်
လှောင်နေခဲ့ကြတယ်။ တနေ့မှာတော့ ဒီလူသားနှစ်
ယောက်ကို တွေ့ဖို့ရောက်လာကြတဲ့မိဘတွေဟာ
တိုက်ခန်းတံခါးဖွင့်မရတော့မှ ရဲတွေလုံခြုံရေးတွေခေါ်ဖွင့်ခိုင်းပြီး ဝင်ကြည့်လိုက်တဲ့အခါ နှစ်ယောက်အိပ်
မွေ့ယာလေးပေါ်မှာ တယောက်ကိုတယောက်တင်း
ကြပ်စွာ ဖက်တွယ်ထားပြီး အေးချမ်းစွာအိပ်ပျော်နေတဲ့ လူငယ်လေးနှစ်ယောက်ကိုတွေ့ရမှာဖြစ်တယ်။
ရုတ်တရက်ကြည့်မိရင် ကြည်နူးစရာကောင်းတဲ့မြင်
ကွင်းလို့ ထင်နိုင်ရပေမဲ့ တကယ်တမ်းမှာတော့ ဒီလူသားနှစ်ယောက်ဟာ ထာဝရအိပ်စက်ခြင်းမျိုးနဲ့အိပ်
စက်နေတယ်ဆိုတာ အနီးကပ်သေချာကြည့်မှမြင်
နိုင်လိမ့်မယ်။အခန်းငယ်လေးထဲ ဝင်လာတဲ့လူအားလုံးဟာ ဘာအသံမှမထွက်နိုင်ဘဲ တိတ်ဆိတ်စွာငိုကြွေးနေကြရင်း
ကတ်ဆက်မှ Jay Chou ရဲ့ Silence ဆိုတဲ့
သီချင်းဟာလည်း အခန်းအတွင်းပျံ့နှံလို့နေလေရဲ့။
#Qing
21.7.2021Main story ကရှေ့ကတပိုဒ်မှာတင်ပြီးသွားတာပါ။ ဒါကရှောင်းကျန့် ဘယ်လိုသေခဲ့ရလည်းဆိုတဲ့ အကြောင်းရေးထားတာပါ။ XZ ကပြောရရင်ကိုယ့်အဖေအမေငယ်ငယ်တုန်းကခေတ်က လူငယ်လေး အဲ့အချိန်က လိင်တူကြိုက်တာကို ရှုတ်ချတာတွေများတဲ့အချိန်ပေါ့ အဲ့လိုအချိန်မှာ ပွင့်ပွင့်လင်းလင်းပြောဆို
ပြီး လက်တွဲခဲ့တဲ့သူ ဒါပေမဲ့ အခြေအနေ အချိန်အခါက XZ တို့ဘက်မှာမရှိတော့ နောက်ဆုံးလမ်းကိုရွေးချယ်သွားတယ်။
ရိပေါ်နဲ့တွေ့တဲ့ညက ရှောင်းကျန့်ကမကျွတ်သေးတဲ့
ဝိညာဉ် အမြဲတမ်းတွေ့နိုင်တဲ့ဝိညာဉ်တခုမဟုတ်ဘဲ ရိပေါ်ကံနိမ့်တဲ့အချိန် တွေ့ဆုံခဲ့ခြင်းသာဖြစ်တယ်။
ဇာတ်လမ်းရော အရေးအသားရော ဖတ်ရအဆင်မပြေတာရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါ။
Extra ရေးရင်ကောင်းမလားဟင်???
ပြောကြပါအုံး