164 Days

1.2K 164 16
                                    

Unicode

ဒီဇင်ဘာလထဲမကြာခင်ရောက်တော့မှာဖြစ်လို့ အအေးဓာတ်နည်းနည်းဝင်လာသည့်အချိန်ဖြစ်သည်။

ကိုယ့်အမျိုးသားကို ကိုယ့်မေတ္တာတွေခြုံလို့နွေးစေမယ်ဆိုပေမယ့် မေတ္တာတွေအပြင် ပကာသနတွေ အံ့သြမှုတွေပါ ထပ်ဆောင်းခြံရံပေးချင်တာ ချန်းယောလ်၏ဆန္ဒပါပဲ။

အခုလည်း အမျိုးသားလေးမသိအောင် ကုန်တိုက်သွားပြီး ကောင်းနိုးရာရာလေးတွေရွေးဝယ်လာဖြစ်သည်။

ခရစ်စမတ်အားလပ်ရက်မှာ လက်စွမ်းပြဖို့ ဟင်းချက်ပစ္စည်းတွေအပြင် မီးဆိုင်းဘာညာကစလို့ ခြေအိတ်အဆုံး...မာဖလာအဆုံးပင်...။

အချိန်တစ်ခုအကြာမှာ ဘတ်ဟျွန်းဖုန်းဆက်လာလိမ့်မည်ဟု တွေးထားသည့်ချန်းယောလ်အတွေးတွေဟာ သုံးနာရီခန့်စျေးဝယ်ချိန်အပြီးမှာ ပျက်သုဥ်းခဲ့ရသည်။

ချစ်ရသူဟာ ဖုန်းတစ်ချက်တလေမျှ ဆက်မလာခဲ့ပါ။
ယုတ်စွအဆုံး ချန်းယောလ်ပျောက်နေတာကိုပင် သတိထားမိရဲ့လား မေးစရာဖြစ်သွားလေပြီ။

ချန်းယောလ် ပစ္စည်းတွေကိုကားထဲမှာပဲ ထားလိုက်ပြီး အိမ်တံခါးကိုအမြန်အဆန်ဖွင့်နေမိသည်။

"ဘေဘီ!''

အိမ်အောက်ထပ် မီးဖိုခန်းထဲမှာလည်း မရှိ...။

"ဘေဘီ!''

အိမ်အပေါ်ထပ်က အိပ်ခန်းထဲမှာလည်းမရှိ...။

"ဘေဘီ!''

ခပ်တိုးတိုးခေါ်ပြီး ဖွင့်ဝင်သွားလိုက်တဲ့ စာကြည့်ခန်းအတွင်းမှာတော့ မျက်မှန်လေးတပ်ပြီး စားပွဲပေါ်မေးတင်ကာ ငိုက်နေသူလေးကို တွေ့လိုက်ရသည်။

မျက်နှာသေးသေးလေးကိုမြင်တော့ ချန်းယောလ် စိတ်ဆုံးပစ်မည်ကြံထားတာတွေပင် ပျောက်ရှသွားရသည်။
ဘေဘီဟာလေ...။

"အွန်း.....''

ဘေးဘက်ကထိုင်ခုံတစ်ခုမှာ ချန်းယောလ်ဝင်ထိုင်လိုက်တာနဲ့ အိပ်သားဆတ်တဲ့ကောင်လေးက လှုပ်ပြီးနိုးလာတော့တာပင်။
မျက်နှာလေးကိုပင် ချန်းယောလ်မှာ ကြာကြာထိုင်မငေးလိုက်ရ။

"ကိုကို့ယောက်ျားလေး ပြန်လာပြီလား''

မျက်လုံးကို ဟိုပွတ်ဒီပွတ်လေးလုပ်ကာ နှုတ်ခမ်းစူစူလေးနဲ့ပြောလာတဲ့ ချန်းယောလ်ရဲ့ပူနွေးနွေးအမျိုးသားလေးကို ချန်းယောလ်မှာအသည်းယားလွန်းလို့ မနေနိုင်ဘဲ အသားကုန်တွေဖက်နမ်းပစ်လိုက်ပါ၏။

Limited Edition✨ (completed)Where stories live. Discover now