Part 17

240 30 1
                                    

Zawgi

At Morning

Jiminတစ်​​ယောက်​မျက်​နှာ​ပေါ်သို့ကျ​ရောက်​လာ​သောအလင်း​ရောင်​စူးစူး​ကြောင့်​လူးလွန့်​ပြီးနိုးထလာရာအပျင်း​ကြောဆန့်​လိုက်​ချိန်​​တွေ့လိုက်​ရ​သောသူ​ကြောင့်​လန့်​ပြီးထ​အော်​မိမလိုပင်​ဖြစ်​သွားရသည်

'ဒါဘယ်​​နေရာကြီးလဲ'

စတိုခန်းထဲရှိတစ်​​ယောက်​အိပ်​ကုတင်​​လေး​ပေါ်က​နေဆံပင်​စုတ်​ဖွား​လေဖြင့်​ပြူးတူး​ကြောင်​​တောင်​နဲ့​မေးလာ​သောJimin​ကြောင့်​​ရှေ့ကဆိုဖာအ​ဟောင်း​ပေါ်တွင်​မျက်​လုံးမှိတ်​လက်​ပိုက်​ရင်းတင်​မှီ​ခွေထိုင်​ထား​သောJung Kookတစ်​​ယောက်​မျက်​လုံးတို့ပွင့်​လာကာမလှူပ်​မယှက်​ဆက်​ထိုင်​​နေလိုက်​သည်​။Jiminလည်းကုတင်​​ပေါ်က​နေဆင်း​ပြေးလာကာJung Kookအနားကိုသွားလိုက်​ပြီး

'ကျွန်​​တော်​တို့ဘယ်​​ရောက်​​နေတာလဲ ခင်​ဗျားဘာလုပ်​ဖို့ကြံ​နေတာလဲ!'

'မမှတ်​မိဘူးလား'

'ဘာကိုမှတ်​မိရမှာလဲ'

'မ​နေ့ညက..မင်းလူမှန်းသူမှန်းမသိ​အောင်​တစ်​ပုလင်းလုံးမူး​အောင်​​သောက်​ပြီး​ခေါင်း​ထောင်​လို့မရ​အောင်​ကိုမူးသွားတယ်​ပြီး​တော့ငါတို့Yeonjunရဲ့အိပ်​ရာမှာအိပ်​ချင်​တယ်​လို့​ပြောတယ်​'

'ကျွန်​​တော်​ကလား'

'အပြင်​မှာအိပ်​ရင်​​အေးလွန်းလို့​လေဖြတ်​မယ်​ဆိုပြီး​ပေါက်​တတ်​ကရ​တွေ​ပြောပြီးငါ့အခန်းထဲကိုတွားသွားဝင်​လာတယ်​​ကျောရိုးမဲ့ကျ​နေတာပဲ'

ရုပ်​တည်​ကြီးနဲ့​ပြော​နေတဲ့Jung Kookစကားကိုမယုံတာမို့အပြင်​ကို​ပြေးထွက်​ကြည့်​မိ​တော့အခန်းအပြင်​ကကွပ်​ပျစ်​မှာအိပ်​​ပျော်​​နေ​သောYeonjun​ကြောင့်​Jiminလည်းမျက်​နှာငယ်​​လေးနဲ့အခန်းထဲပြန်​ဝင်​လာကာ

'ကျွန်​​တော်​အမှားလုပ်​မိသွားတယ်​ထင်​တယ်​'

'အင်​တာနတ်​မှာရှာကြည့်​လိုက်​​တော့မင်းအဲ့ဒီလိုဖြစ်​တဲ့လက္ခဏာကိုအရက်​မူးတဲ့လက္ခဏာလို့​ပြောတယ်​'

𝑩𝒆 𝑴𝒚 𝑳𝒐𝒗𝒆𝒍𝒚 𝑮𝒐𝒅!(𝒁𝒂𝒘𝒈𝒊+𝑼𝒏𝒊)Where stories live. Discover now