Part 21

188 26 0
                                    

Zawgi

Ring Ring Ring📱

အိပ်​​ပျော်​​နေတဲ့Jiminတစ်​​ယောက်​ကုတင်​​ခေါင်းရင်းကဖုန်းသံမြည်​​ကြောင့်​အိပ်​ချင်​မူးတူးနဲ့ဖုန်းကိုလက်​နဲ့စမ်းယူလိုက်​ပြီး​နောက်​Contact nameကိုကြည့်​လိုက်​​တော့ဥက္ကဌKimဆို​သောနာမည်​​ကြောင့်​အိပ်​​နေရင်းပင်​ဖုန်းကိုင်​လိုက်​မိသည်

'ဟုတ်​ကဲ့..ဟယ်​လို'

'ဖုန်းဆက်​တာအရမ်းများ​စောသွားလား'

တစ်​ဖက်​ကထွက်​လာတဲ့အိပ်​ချင်​မူးတူးအသံ​လေး​ကြောင့်​Tae Hyung​မေးလိုက်​ခြင်းပင်

Jiminလည်းအိပ်​​နေရာမှထထိုင်​လိုက်​ကာ

'မဟုတ်​ပါဘူး'

'စာရွက်​စာတမ်း​တွေအကုန်​ကျွန်​​တော်​ပြင်​ဆင်​ပြီးပါပြီတနလာင်္​နေ့မှ​တွေ့ဖို့စီစဉ်​လိုက်​ရမလား'

Tae Hyungစကား​ကြောင့်​Jiminအိပ်​ချင်​မူးတူးဖြစ်​​နေရာမှမျက်​လုံးပြူးကျယ်​သွားကာကုတင်​​ပေါ်က​နေ​ပြေးဆင်းရင်းအခန်းအပြင်​ကိုခပ်​သွက်​သွက်​ထွက်​ကာအိမ်​​အောက်​ထပ်​ကိုဦးတည်​လိုက်​သည်

'ဟုတ်​ကဲ့အဲဒါ​ကောင်းပါတယ်​'

'အဲဒီလိုမဟုတ်​ဘဲဒီ​နေ့​တွေ့ကြရ​အောင်​'

'ဗျာ'

'ဘာကိစ္စ​တွေထပ်​​ပေါ်လာမလဲမသိနိုင်​ဘူး​လေလက်​စသတ်​လိုက်​ကြတာ​ပေါ့ကုမ္ပဏီတံဆိပ်​တုံးယူလာခဲ့လိုက်​မယ်​'

'ဟုတ်​ကဲ့ပါ'

'ဒါဆိုဒီည​နေ​တွေ့ကြမယ်​​နေ့ခင်းကျရင်​ခြံထဲကိုခဏဝင်​စရာရှိလို့ပါမှာထားတဲ့ရှားပါးပန်းပျိုးပင်​တစ်​အိုးလာပို့မှာမို့လို့ပါ'

'ဟုတ်​ကဲ့ဒါဆိုည​နေ​တွေ့ကြမယ်​​လေ'

Jiminတစ်​​ယောက်​​လှေကားနား​လေးမှာရပ်​​နေရင်းမျက်​နှာပိုးပင်​မသတ်​နိုင်​ပြုံး​ပျော်​ကာဖုန်း​ပြော​နေမိသည်​။

'ဘာ​တွေဒီ​လောက်​စိတ်​လှူပ်​ရှား​နေတာလဲဘယ်​သူမို့လို့လဲ'

ရုတ်​တရက်​​နောက်​က​နေထွက်​လာတဲ့​အေးစက်​စက်​အသံ​ကြောင့်​​လှည့်​ကြည့်​မိ​တော့ဧည့်​ခန်းထဲကဆိုဖာ​ပေါ်မှာအားကစားဝတ်​စုံအစိမ်းဝတ်​ဆက်​ကြီးဝတ်​ထားကာထိုင်​ပြီးစာအုပ်​တစ်​အုပ်​ကိုဖတ်​​နေ​သောJung Kookကို​တွေ့သွား​တော့အနည်းငယ်​လန့်သွားပြီးမျက်​လုံး​လေးပြူးကာပါးစပ်​​အ​ဟောင်းသား​လေးဖြစ်​​သွား​သောJimin

𝑩𝒆 𝑴𝒚 𝑳𝒐𝒗𝒆𝒍𝒚 𝑮𝒐𝒅!(𝒁𝒂𝒘𝒈𝒊+𝑼𝒏𝒊)حيث تعيش القصص. اكتشف الآن