Part - 4

370 51 6
                                    

   Unicod
**********

 
ဒီနေ့ရွာလူကြီးအိမ်တွင် တောဝက်ကောင်ကြီးဖမ်းမိလာသောကြောင့် တစ်ရွာလုံး
ထမင်းစားပွဲလုပ်ကြမည်ဟု ကျင့်ကျိန်ဆေးခန်းထဲဝင်လာကတည်းက အပျော်တွေဖြင့်ပြောနေသည်။

ကွျန်မကိုပါ အတင်းခေါ်နေကြသောကြောင့်
နေ့တစ်ဝက်သာ ဆေးခန်းကိုဖွင့်ဖြစ်မည်။
အတော်ပင်ဖြစ်သည် မြုိ့တက်ပြီး ဝယ်စရာရှိတာ
လေး ဒီနေ့သွားဝယ်ထားမှ ဖြစ်မည်ဟု တွေးရင်း
က​လေးငယ်ကိုပါ ခေါ်သွားဖို့အစီအစဉ်ချနေရသည်။

    ချင်းရိုးရာဓလေ့တွေထဲတွင် ထမင်းစားပွဲများ
သည် မပါမဖြစ် ဓလေ့တစ်ခုဖြစ်သည်။ ခုံတန်း
အရှည်ကြီးပေါ်တွင် ထမင်းပန်းကန်လေးတွေ
တန်းစီချထားသည် အလယ်တွင် ဟင်းရည်ပန်းကန်၊ ပြုတ်ပြီးလှီးထားသောအသားပန်းကန်
တွေ လက်လှမ်းမှီသလောက် နေရာသိပ်မခြားပဲ
ထားကာ ပြင်ဆင်နေကြလေသည်။ကျွန်မကိုတော့ ရွာလူကြီးတွေဝိုင်းတွင် ကျင့်ကျိန်နဲ့အတူ
သက်သက်ပြင်ပေးထားလေသည်။

     လူတွေလည်း သက်ကြီး သက်လတ် အို...အရွယ်မရွေး တစ်ဖွဲဖွဲ ရောက်နေကြပြီ ဖြစ်သည်။ ထိုအထဲတွင်တော့ ကျွန်မမျှော်နေသည့် ကလေးငယ်မပါသေးပေ။
 
   ဟော.....ကလေးငယ်၏ အမေကိုတော့တွေ့
လိုက်သည်။ကလေးငယ်ကိုကား မတွေ့ရသေး
ချေ။

   "အန်တီ ငိုင့်ဘွဲ့လေးရောမပါဘူးလား" ဟု ရပ်စောင့်နေသော အန်တီဆီတိုးဝင်ပြီး သွားမေး
လိုက္မိသည်မှာ မဟာအမှားပင်...

" အော် ဆျာမလေး အဲ့ကောင်မလေးလား ဒီကိုလာမှာပ့ မလာတာပဲနားအေးပါတယ်ပါလာရင်လဲ
မျက်နှာငယ်နဲ့ ကျုပ်ကပဲ တစ်ခုခုလုပ်ထားသလိုလိုပ့ မပါတာပဲ ကောင်းပါတယ် ဆျာမလေးပ့"

   " အန်တီရယ်..ကဲပါ အဲ့ဒါဆို ဘယ်မှာများရှိနေမလဲဟင်"  ကျွန်မဆက္မပြောချင်တော့ပေ
ခပ်ပြတ်ပြတ်ပဲ မေးမိလိုက်သည်။ ကလေးငယ္
နှင့်ပတ်သက်လာရင် ကျွန်မ စိတ်တွေ မာထန်လာတတ်သည်။

    ကျင့်ကျိန်နှင့်ရွာလူကြီးကို စားနှင့်ကြရန် ပြန်လာခဲ့မယ်ဟု
တောင်းပန်ခဲ့ပြီး ကလေးငယ်အမေ၏ ဘုဆတ်ဆတ်ဖြင့် မပြောချင် ပြောချင် ပြောပြသော
တောင်ကုန်းလေးအပေါ်ကို ကျွန်မ ခပ်သွက်သွက် ထွက်လာခဲ့မိသည်။ တစ်ယောက်တည်း ဖယ်ကျင်သလို ခံစားနေရမည်လား....စိတ်မကောင်းဖြစ်နေမည်လား....
ငိုများငိုနေမည်လား....လားပေါင်းများစွာဖြင့် မပြေးရုံတမယ်သာ ကျွန်မခြေလှမ်းတို့ လေ
အဟုန်သဖွယ္မြန်နေမည်ဖြစ်သည်။

💙ရင်ငွေ့ခြုံ လုံပါစေ 💙Where stories live. Discover now