(Unicode)
"အ"
"ဟာ၊ Heeseung-hyung ဘာလုပ်တာလဲ၊ ဘာလို့ တံခါးထဲလက်ထိုးလိုက်ရတာလဲ"
Jay တစ်ယောက် ထိုသို့ပြောလိုက်တော့
"အဲ့လိုမှ မလုပ်ရင် ကလေးက ကို့ကို စိတ်ဆိုးပြီးတံခါးပိတ်သွားမှာပေါ့"
"Yahhh Hyungကအရူးလား၊ ဘယ်သူက အဲ့လိုတားလို့လဲ၊ တကယ်ပါဘဲ ဘာဖြစ်သွားလဲ၊ လက်ပြအုန်း"
အားပါးပါး လက်ကောက်ဝတ်အောက်ဘက်နားမှာ နီတွက်ပြီး ရောင်သွားတာဘဲ။ ပုံမှန်ဆို ဒီလောက်ထိမဖြစ်နိုင်ပေမဲ့ ခုက ကျွန်တော်က စိတ်ဆိုးပြီး တံခါးကို အကြမ်းပတမ်း ပိတ်လိုက်မိတော့ ပုံမှန်ထက်ဆိုးသွားတာပေါ့။ မဖြစ်ပါဘူး ဆေးတော့ လိမ်းရမှာပေါ့။
"လာလာ အခန်းထဲဝင်၊ ဆေးလိမ်းမှရမယ်"
ဆိုကာ Heeseungတစ်ယောက် ဒေါသအိုးလေးခေါ်ရာ အခန်းထဲသို့ ရောက်လာခဲ့ရသည်။
"အဲ့အိပ်ရာပေါ်မှာ ထိုင်နေအုန်း၊ ဆေးဘူး ယူလိုက်အုန်းမယ်"
Heeseungမှာလဲ သူ့ကလေးပြောတဲ့အတိုင်း အိပ်ရာပေါ် ငြိမ်ငြိမ်လေးထိုင်နေရသည်။ ကျွန်တော့် ကလေးက စိတ်ဆိုးနေတာမဟုတ်လား၊ ပိုစိတ်ဆိုးအောင်တော့ လုပ်၍မဖြစ်ပေ။
"ပေး လက်ကို"
စိတ်ဆိုးနေသေးသည်ကို အထင်းသားပြနေသည့် နှုတ်ခမ်းစူစူလေးနဲ့ ထိုကလေးလေးသည် ကျွန်တော့်လက်ကိုကိုင်လျက် ဂရုတစိုက် ဆေးလိမ်းပေးနေသည်မှာ ချစ်ခင်ဖွယ်အတိ ။ စိတ်ဆိုးနေသည့်တိုင်အောင် ချစ်စရာကောင်းလှသည့် ထိုကောင်လေးသည် ကျွန်တော့်အပိုင်ဖြစ်နေခြင်းသည်မှာလဲ ဒီဘဝ၌ ရခဲလှသော ကံကောင်းခြင်းလက်ဆောင်လေးကို ရလိုက်ခြင်းသာဖြစ်ပေမည်။
☘️.........................................☘️
ကျွီခနဲမြည်ကာ ပွင့်လာသောတံခါးနှင့်အတူ
"Jay"
"Jay yahh"
Park Sunghoonတစ်ယောက်နဲ့လဲ ဒုက္ခပါဘဲ။ အပြင်ကပြန်လာတာနဲ့ ဘာဝယ်လာလို့လဲမသိ၊ သူ့သူငယ်ချင်း နာမည်တကြော်ကြော်ခေါ်နေလေရဲ့။ ဟိုဒေါသအိုးလေး စိတ်ဆိုးနေလို့ ကျွန်တော်တို့တောင် ကုပ်ကုပ်ကလေးနေနေရတာကို။