အဆုံးမဲ့အာဏာ အပိုင်း ၄၅၁
သမိုင်း" ကြယ်တာရာ အလင်းတန်း…… အဆက်မပြတ် ပစ်ခတ်ခြင်း "
များပြားလှတဲ့ အဖြူရောင် အလင်းတန်းတွေဟာ လီဖူချန်း အပေါ်ကို ကျရောက်လာပြန်ပါပြီ ။
ဒါကတော့ ငွေစန္ဒာ ဝံပုလွေရဲ့ နောက်ဆုံး အားထုတ်ခြင်းပါပဲ ။
" အားလုံး ငွေစန္ဒာကို ဝံပုလွေကို ကူညီကြ "
ငွေစန္ဒာဝံပုလွေရဲ့ သေရေးရှင်ရေး အခိုက်အတန့်မှာတော့ ရှီဟွာဘုရင်မတို့ဟာလည်း ရပ်ကြည့် မနေနိုင်ကြတော့ပါဘူး ။
ရှီဟွာဘုရင်မက အမြီးကို ထုတ်ပြီး ရိုက်လိုက်ပါတယ် ။ သူ့ရဲ့ အမြီးက လေထဲမှာ လူးလွန့်သွားပြီး အမြီးထိပ်ကနေ အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာခဲ့ပါပြီ ။
ကျောက်အသွင် ပြောင်းလဲခြင်း ရောင်ခြည် ……။
အဲဒါက ကျောက်အသွင်ပြောင်းလဲခြင်း နည်းစနစ်ပါပဲ ။ ဒါပေမဲ့ သည်ရောင်ခြည်တွေက ပိုသိပ်သည်းပြီး လီဖူချန်းရဲ့ ဓားစက်ကွင်းကို ဖောက်ထွင်းဖို့အတွက် လုံလောက်ပါတယ် ။
ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ လှုပ်ရှားမှုကလည်း နှေးကွေးနေခြင်း အလျင်းမရှိပါဘူး ။ သူက ခန္ဓာကိုယ်တစ်ခုလုံးကို အဝါရင့်ရင့် ရောင်ခြည်တစ်ခုနဲ့ လွှမ်းခြုံစေလိုက်ပါတယ် ။ ပြီးတာနဲ့ တစ်ပြိုင်နက် သူက နှာမောင်းရှည်ကြီးကို ကျာပွတ်သဖွယ် အသုံးပြုလိုက်ပြီး လီဖူချန်းကို ရိုက်ချလိုက်ပါတော့တယ် ။သွေးနတ်ဆိုး ဘုရင်ကတော့ ထုံးစံအတိုင်း သွေးလုံးကြီး တစ်ခုကို ဖန်တီးပြီး လီဖူချန်းဆီကို အားရပါးရ ပစ်ပေါက်လိုက်ပါတယ် ။ သူ့ကို ကြည့်ရတာက သူ့ရဲ့ ဒေါသတွေ အကုန်လုံးကိုပါ သွေးလုံးကြီးထဲမှာ ထည့်သွင်းထားတဲ့ ပုံပါပဲ ။
လေလင်းယုန်ကလည်း သည်အတိုင်း မနေပါဘူး ။ သူကလည်း သူ့ရဲ့ မွေးရာပါစွမ်းရည်ဖြစ်တဲ့ လခြမ်းကွေး လေဓားတွေကို ထုတ်သုံးလိုက်ပါတယ် ။
ဘန်း……ဘန်း……ဘန်း………ဘန်း……
မြေကြီးထဲကနေလည်း ဆူးချွန်တွေဟာ ထွက်ပေါ်လာခဲ့ ပြန်ပါပြီ ။ အဲသည်ဆူးချွန်တွေကို ဖြစ်ပေါ်လာစေသူကတော့ မြေကြွက်ဘုရင်ပဲ ဖြစ်ပါတယ် ။
တိုက်ခိုက်မှုတွေထဲမှာ အားအပြင်းဆုံး တိုက်ခိုက်မှုကို ပြပါဆိုရင်တော့ ငွေမင်ဦးချို မိစ္ဆာကို ပြရမှာပါပဲ ။
ငွေမင်ဦးချို မိစ္ဆာရဲ့ လက်ထဲက ဦးချိုဟာ ရုတ်တရက် အဆမတန် ကြီးမားလာခဲ့ပါတယ် ။ အဲဒါက ကောင်းကင်ကို ထောက်ထားပေးတဲ့ မဏ္ဍိုင်ကြီး တစ်ခုလိုပါပဲ ။ အဲသည်နောက်မှာတော့ သူဟာ လီဖူချန်းကို အညှာအတာ ကင်းမဲ့စွာနဲ့ ရိုက်ချလိုက်ပါတော့တယ် ။
မိစ္ဆာတွေ နဲ့ မိစ္ဆာသားရဲတွေရဲ့ စုပေါင်းတိုက်ခိုက်မှုနဲ့ အတွေ့မှာတော့ လီဖူချန်းဟာ ဖိအားတွေကို စတင် ခံစားလာခဲ့ ရပါပြီ ။ သူ့ရဲ့ လှုပ်ရှားမှုတွေကလည်း စတင် နှေးကွေးလာသလို သူ့ရဲ့ ချီအကာအကွယ်ကလည်း အချိန်မရွေး ပေါက်ကွဲသွားတော့မလိုပါပဲ ။
ESTÁS LEYENDO
အဆုံးမဲ့အာဏာ လီဖူချန်း
Misterio / Suspensoကိုယ်တိုင်ဖတ်ဖို့ wpမှာ လာကူးထားသည်။ မိမိအပိုင်မဟုတ်။ ဘာသာပြတ်သူလဲမဟုတ်ဘူး။ ဖတ်ချင်ရင်ဝတ်ဖတ်။ unicode တစ်မျိုးတည်းရမှာနော်။