မလိုလားဘူးဟုငြင်းပယ်ခဲ့သည့်လူသားနှင့်ဝေးကွာခြင်းနေ့ရက်တွေဟာ ထင်ထားခဲ့သလိုမျိုးလွယ်ကူမနေခဲ့ပါဘူး။
ထားခဲ့လျှင်ဖြစ်စေ ...
ထိုလူသားကိုမမြင်ရပါပဲ မျက်မမြင်ကွယ်ရာလျှင်ဖြစ်စေ ...
ဤသို့သောအခြေနေမျိုးတွေမှာအတူမရှိပါပဲ တစ်ယောက်ထဲအေးချမ်းနိုင်မယ်ထင်ခဲ့တာ။ကျိန်စာတွေကလှပနေပြန်တော့ ပေးဆပ်ရမည့်၀၌ကြွေးဟာအဆမတန်ပါပဲ။
နေ့စဥ်ရက်စက်ကြားယောင်နေမိသည့် ထိုကောင်လေး၏"ချစ်တယ်"ဆိုသည့်စကားသံဟာအပ်ကြောင်းထပ်နေခဲ့၏။ပုံရိပ်တချို့ကိုပါမျက်၀န်းမှမြင်ယောင်လာသည့်အခါ ဒေါသဖြစ်မိသလိုအလိုမကျသည့်စိတ်တို့ကစိုးမိုးလာခဲ့၏။
ယနေ့ဟာသူတို့နှစ်ဦး၏ ဝေးကွာခြင်း၁၀ရောက်မြောက်နေ့ဖြစ်၏။
" ကျနော်အရမ်းချစ်တယ်ဆိုတာ ခင်များသိရဲ့လား ... Kim Taehyung ?"
ဆိုဖာပေါ်တွင်ထိုင်ပြီးအလုပ်လုပ်နေသည့်သူ၏ဘေးတွင် ကောင်လေးကပြုံးရင်းထိုသို့မေးနေသည့်ပုံရိပ်လေးအားမြင်ယောင်မိသည့်အခါ အယောင်ယောင်အမှားမှားဖြင့်ကောင်လေး၏ပုံရိပ်ပါးပြင်လေးအာထိကိုင်မိလိုက်၏။
သို့ပေမဲ့ လွတ်ထွက်သွားပြီးပုံရိပ်လေးပျောက်ကွယ်သွားသည့်အခါ ထိုလူသား၏လက်ဟာလေထဲတွင်သာကျန်ခဲ့သည်။
" Jungkook !"
မြင်ကွင်းထဲရုတ်တရက်ပျောက်သွားသည့်ကောင်လေးကို ထပ်ပြီးတော့အယောင်ယောင်အမှားမှားဖြင့်နာမည်လေးအားအော်ခေါ်မိသည်။
" ငါရူးနေတာပဲ !"
ဧည့်ခန်းပက်ပက်လည်ကိုဝေ့ဝဲကြည့်ပြီးပုံရိပ်လေးတောင်ထပ်မတွေ့ရတော့သည့်အခါ နားထင်မှဆံသားတို့ကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ မျက်၀န်းမှိတ်ချပြီးခေါင်းကိုယမ်းခါလိုက်သည်။ထို့နောက် မျက်၀န်းကိုဖြေးဖြေးချင်းပြန်ဖွင့်၏။
အမြဲတစေနှောက်ယှက်နေခဲ့ပြီး စိတ်အခြေနေမတည်ငြိမ်ပါပဲပျက်ပျားစေသည့်အတွေးတို့ကိုပြေပျောက်စေရန် ဘေးနားရှိဖန်ရေခွက်ကိုယူကာတခွက်လုံးမော့ချလိုက်သည်။
YOU ARE READING
𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | Completed
Fanfic✓ 𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐎𝐧𝐥𝐲 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🔺 × 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 🔻 [ 𝐒𝐭𝐚𝐫𝐭 𝐝𝐚𝐭𝐞 - 𝐀𝐩𝐫𝐢𝐥 𝟐𝟐,𝟐𝟎𝟐𝟏 𝐄𝐧𝐝 𝐝𝐚𝐭𝐞 - 𝐀𝐮𝐠𝐮𝐬𝐭 𝟖,𝟐𝟎𝟐𝟏 ] 𝐂𝐨𝐮𝐩𝐥𝐞 - 𝐓𝐚𝐞𝐤𝐨𝐨𝐤 / 𝐕𝐤𝐨𝐨𝐤 𝐛𝐲_@𝐞𝐞_𝐲𝐮𝐧𝐚𝟗𝟕 #𝐨𝐰𝐧_𝐜𝐫𝐞𝐚𝐭...