𝙴𝚡𝚝𝚛𝚊 𝚂𝚙𝚎𝚌𝚒𝚊𝚕 𝚏𝚘𝚛 23ʳᵈ 𝙹𝚞𝚕𝚢

2.2K 231 19
                                    

"ဆောင်းဟွန်းနော်~"

"ဂျယ်ယွန်းနော်~"

"ကဲ!"

"ကဲ!"

"ဆောင်းဟွန်းက လိုက်မစပါနဲ့ဆို"

"ဂျယ်ယွန်းက စ,ချင်စရာလေးဖြစ်နေတာကို"

"ဒီမှာအလုပ်လုပ်နေတယ်လေ ဆောင်းဟွန်းရဲ့"

"လွမ်းလွန်လွန်းလို့ နေ့တဝက်ခွင့်ယူပြီး လာတွေ့တဲ့သူကိုကျ ပစ်ထားတော့မှာလား"

"ဘာလို့ ခွင့်ယူလိုက်တာလဲ.. နေမကောင်းလို့လားဟင်၊ ဆောင်းဟွန်းမနက်ကပြောတော့ ဒီနေ့ညနေ အရေးကြီးတဲ့ပွဲတစ်ခုရှိတယ်ဆို"

"ထားလိုက်တော့ အဲ့အလုပ်ပြီးမှပဲ အေးအေးဆေးဆေးပြန်လာလိုက်တော့ ငါသွားပြီ.. အမေ သား သွားပြီ"

အမေ့ကိုရော သူ့ကိုပါနှုတ်ဆက်ပြီး ဆောင်းဟွန်း ထွက်လာလိုက်သည်။လှည့်ထွက်မလာခင် မျက်နှာငယ်လေးနှင့်ကျန်ခဲ့သည့် တစ်ဦးတည်းသောလေးကို အမေမျက်ရိပ်လှမ်းပြလိုက်တာတော့ မြင်ဖြစ်အောင်မြင်လိုက်သေးသည်။

ဒီလိုမျိုး သူနှင့် စကားများသည့်အခါတိုင်း ဖြစ်နေတတ်တဲ့ မျက်နှာငယ်ငယ်လေးကို မြင်လိုက်ရတော့လည်း ရင်ထဲနေလို့မကောင်း။စိတ်မကောင်းတာက စိတ်မကောင်းတာတပိုင်းဆိုပေမဲ့ ဒီလိုနေ့မျိုးကို မေ့ရက်နိုင်တာတော့ သူတကယ်စိတ်ဆိုးသည်။

အခက်အခဲအကြပ်အတည်းများစွာ ဖြတ်ကျော်ခဲ့ပြီးနောက် အတည်တကျချစ်ခွင့်ရသည့် အချိန်မှစကာ ကံကြမ္မာက တစ်ပတ်ပြန်လည်သည် ထင်၏။ခက်ခဲအောင်လုပ်ခဲ့တာက ဘယ်လိုပဲ သူကိုယ်တိုင်ဖြစ်နေခဲ့သည် ဆိုဦးတော့ပေါ့။

ဆောင်းဟွန်းနောက် အမြဲတကောက်ကောက်လိုက်နေတတ်တဲ့ ခွေးပေါက်လေးက တာဝန်ယူစိတ်တာဝန်ခံစိတ်အပြည့်ရှိသည့် အမျိုးကောင်းသားလေး ဖြစ်နေပြန်တော့ အိမ်ထောင့်တာဝန်ကို သူလည်းနိုင်သလောက်ထမ်းချင်သည်ဆိုကာ အမေ့ဆိုင်မှာ ကိုယ်တိုင်ဝင်ဦးစီးသည်။

အမေကတော့ ကျန်းမာရေးအခြေအနေကြောင့် ဆိုင်ကို တစ်ပတ်ရံမှသုံး၊လေးခါသာ သွားပေမဲ့ သူ့လက်ထက်ကထက် ပိုတိုးတက်အောင်စွမ်းဆောင်နိုင်တဲ့ သားမက်ဖြစ်သူကို သားထက်ပင် ပိုသည်းနေတော့သည်။

Pᴜᴘᴘʏʏ Hᴏɴᴇʏ {Completed}Where stories live. Discover now