Pᴜᴘᴘʏ Hᴏɴᴇʏ

1.3K 215 24
                                    

Everlandလို ဧကမြောက်မြားစွာကျယ်ဝန်းသည့် နေရာမျိုးမှာ လူပျောက်ရှာဖို့ဆိုတာ တကယ်ကိုမလွယ်သည့် ကိစ္စတစ်ခု။သူ့ကိုမတွေ့လို့ ငိုများငိုနေမလားဆိုသည့်အတွေး​က အတော်လေးပူလောင်စေသည်။

ကလေးမဟုတ်တော့တာသိပေမဲ့ ကလေးသာသာကောင်လေးက သူမှအနားမှာမရှိရင် ဖြစ်ပါ့မလား..
မနက်က အိပ်ခန်းထဲဝင်ကာ တကုပ်ကုပ်နှင့် သူ့ကျောင်းသားကဒ်ထဲကအတိုင်း ပုံစံတူကူးရေးပြီး ကြိုးစားလုပ်နေတဲ့ လိပ်စာကဒ်ပြားလေးထဲ သူကိုယ်တိုင် သူ့ဖုန်းနံပါတ်ရေးထည့်ပေးထားခဲ့ပေမဲ့ တစ်ယောက်ယောက်ကို အကူအညီတောင်းရကောင်းမှန်းရော သိပါ့မလား..
အကူအညီတောင်းမိတဲ့လူက လူကောင်းမဟုတ်ခဲ့ရင်ရော..
စတဲ့စတဲ့ မေးခွန်းပေါင်းများစွာ​နှင့် ဆောင်းဟွန်းကမ္ဘာကြီးက ချာချာလည်နေသလို။

မိုးပြာရောင်အရိပ်ကလေးကို အရပ်ရှစ်မျက်နှာ ဟိုသည်အနှံ့ လိုက်ရှာကြည့်ပေမဲ့ မောရသည့်စိတ်တွင် ခန္ဓာကိုယ်၏အမောကသာ ထပ်ပေါင်းသည်။

မထင်ထားဘဲတွေ့လိုက်ရတဲ့ မန်နေဂျာဂင်မ်နောက်လိုက်ပြီး မေးချင်တာတွေ ပြောဖို့ကျန်နေသေးတာတွေ အကုန်ရှင်းထုတ်အပြီး သတိထားမိချိန်မှာ သေးသေးလေးက သူ့အနားမရှိတော့။

တရားဥပဒေအရ အပြစ်မပေးနိုင်ခဲ့တဲ့ မန်နေဂျာဂင်မ်ရဲ့အမိုက်မှောင်တွေက ကံတရားရဲ့ ဒဏ်ခတ်ခြင်းကိုတော့ ကောင်းကောင်းခံနေရပုံပေါ်သည်။

ဒူးထောက်တောင်းပန်နေတဲ့ အဘိုးဖြစ်သူကိုတလှည့် ဆောင်းဟွန်းကိုတလှည့် မျက်ရည်အဝိုင်းသားနှင့်ကြည့်နေတဲ့ ၄နှစ်အရွယ်ကလေးမလေးက ကင်ဆာရောဂါနှင့်ဆုံးပါးသွားခဲ့တဲ့ အမေဖြစ်သူနောက် မကြာခင်လိုက်သွားရတော့မယ့် ဦးဏှောက်အကြိတ်ရောဂါသည်လေးပါတဲ့လေ။

အမေဘယ်လောက်ပြောပြော မစွန့်နိုင်ခဲ့တဲ့ အာဃာတတွေအားလုံး ဒီမှာတင်လွှတ်ချခဲ့တော့မည်။တစ်ယောက်ယောက်ကို မုန်းနေရတာထက် တစ်ဦးတစ်ယောက်ကို ချစ်ပေးရတာက စိတ်ကိုသက်သာရာရစေသည်။

သူ့မှာချစ်စရာ အမေလည်းရှိသည်၊ သဘောကျလွန်းလို့ရွေးချယ်ခဲ့တဲ့ ဘူမိဘာသာရပ်နှင့် ခုဆို သေးသေးလေးလည်းရှိလာပြီဆိုတော့ ရှေ့လျှောက်ဘဝကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တော့သည်။

Pᴜᴘᴘʏʏ Hᴏɴᴇʏ {Completed}Where stories live. Discover now