ဘေးအိမ်ကမောင်လေးရဲ့နာမည်သိရပြီ
.............တကယ်တန်းကျတော့ ကျွန်မ သုံးပတ်လောက်
အခန်းအောင်းလိုက်ရတယ်။ဘေးအိမ်က မောင်လေးကိုရှက်လို့ကတစ်ကဏ္ဍ။ ကျွန်မရဲ့ ထုတ်ဝေသူက လပိုင်းအတွင်းစာအုပ်အသစ် ထပ်ထုတ်ချင်တယ်ပြောလို့ စာအုပ်အသစ်ကို အပြူးအပြဲရေးနေရတယ်။
ဇာတ်လမ်းက လက်စားချေမယ့်ရှေ့နေလေးတစ်ယောက်ရဲ့ဇာတ်လမ်းဆိုတော့။
ဥပဒေတွေ ပုဒ်မတွေကြားထဲ ကျွန်မခေါင်းလေး ချာချာလည်။ အိမ်မက်ထဲတောင်ထည့်မက်တဲ့အထိ။
တကယ်တော့ ကျွန်မစာအုပ်ထဲကဇာတ်လမ်းက ဥပဒေပုဒ်မတွေထက် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး "An eye for an eye" ပဲ။
ရှေ့နေလေးက သူ့မိသားစုသေဆုံးခဲ့တဲ့
အမှန်တရားကို ဥပဒေ ဘောင်အတွင်းကနေ ဖော်ထုတ်ဖို့ ကြိုးစားပေမယ့်သူမြတ်နိုးတဲ့
ဥပဒေက ငွေကြေးနဲ့အခွင့်အာဏာကို အနိုင်မယူနိုင်တဲ့အခါ။ရှေ့နေလေးက အမှန်တရားကိုဘေးပစ်ပြီး
လက်စားချေဖိုအတွက် တစ်ခြားနည်းနဲ့ကြိုးစားတော့တယ်။တစ်ခါတစ်လေမှာ အမှန်တရားက ခါးတတ်တယ်
မဟုတ်လား။ အမှန်တရားက လူတိုင်းကို
အနိုင်မယူနိုင်ပြန်ဘူး။အင်းးးအမှန်တရားကိုချစ်မြတ်နိုးသူတွေကတော့
ကျွန်မဝတ္ထုကို မုန်းမှာသေချာတယ်။ကျွန်မကတော့ အဲ့လိုဝတ္ထုမျိုးတွေရေးရတာသိပ်ကြိုက်။ မကောင်းဆိုးဝါးတွေက နောက်ဆုံးတော့ မကောင်းဆိုးဝါးသတ်တာပဲ ပြန်ခံရမှာ။
အဲ့တာမှ မျှတတယ်လို့ခေါ်တာမဟုတ်လား။ကျွန်မထုတ်ဝေသူကလည်း တကယ့်ငစား။
ကျွန်မစာအုပ်က Best seller ဖြစ်သွားလို့
ကျွန်မကို လူတွေ သတိထားမိတုန်း စာအုပ်နောက်တစ်အုပ်လောက်ထပ်ထုတ်ချင်ပါသတဲ့။ဇာတ်လမ်းဆိုတာ သွားတိုက်ဆေးလိုညှစ်ချတိုင်း
ကျလာတဲ့ အရာမျိုးလည်းမဟုတ်။ဇာတ်လမ်းထဲမှာ အလှည့်အပြောင်းတွေနဲ့
မထင်မှတ်ထားဘဲ ဟာခနဲဟင်ခနဲ ဖြစ်သွားမယ့်
ဇာတ်ကွက်တွေ။ ပြီးတော့ မျက်ရည်ကလည်း
ချူချင်သေးတာ။ ဟာသလေးလည်းနှောပြီး။
ပညာပေးကလည်းပါစေချင်။ ကျွန်မရဲ့ထုတ်ဝေသူက ကျွန်မကို သွားတိုက်ဆေးဘူးမှတ်နေပုံရတယ်။
YOU ARE READING
ဘေးအိမ်ကမောင်လေး
Short Storyကျွန်မအခုပြောမယ့်အကြောင်းက ကျွန်မအကြောင်းမဟုတ်ဘူး ဘေးအိမ်ကမောင်လေးက အဆင်လေး